Sunday, September 8, 2013

ယခုအချိန်ကာလနှင့်နောက်ဆုံးသောကာလအကြောင်း၊လေ့လာခြင်း






ယခုအချိန်ကာလနှင့်နောက်ဆုံးသောကာလအကြောင်း၊လေ့လာခြင်း - Murann

E-mailPrintPDF
အသင်းတော်ကာလ (သို့) ကျေးဇူးတော်ကာလ (သို့) သန့်ရှင်းသောဝိညာဉ်ကာလ စသဖြင့်ခေါ်သော သခင်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးကာလသည် နှစ်ပေါင်း၂၀၀၀ ပြည့်တော့မည်ဖြစ်သည်။ ထိအချိန်ကာလ အေဒီ၃၀ခန့်တွင် ခရစ်တော် သေခြင်းမှရှင်ပြန်ထမြောက်ပြီးသည့်နောက် ခရစ်ဝင်ကျမ်း၎စောင် (မဿဲ၊ မာကု၊ လုကာ၊ ယောဟန်  Matthew, Mark, Luke, John) ဂရိဘာသာစကားဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်မှုတ်သွင်းခြင်းအားဖြင့် ရေးသားခဲ့သည်။ ပထမဆုံးခရစ်ဝင်ကျမ်းစာ ရှင်မာကု ကို AD63 အချိန်လောက်က တငါသည်မာကု ရောမလူမျိုးများအတွက် ဦးတည်ရေးသားခဲ့သည်။ မဿဲနှင့်လုကာ ၂စောင်သည် ရှေ့ဆင့်နောက်ဆင့်၊ နှစ်အနည်းငယ်အတွင်း  ~AD70 တွင်ရေးသားခဲ့သည်။ မဿဲသည် အခွန်ခံ၊ ချမ်းသာသူတစ်ဦးဖြစ်ပြီး၊ ထိုခေတ်ကာလတွင် အခွန်ခံများသည် လူမုန်းခံရသူများဖြစ်သည်။ ရှင်လုကာသည် ဆေးဆရာဝန်ဖြစ်ပြီး ဂန္ဓဝင်ဂရိဘာသာစကားဖြင့် ရှင်လုကာကျမ်းကို ရေးသားခဲ့သည်။ နောက်ဆုံးကျမ်း ရှင်ယောဟန်ကို AD85 ခန့်တွင် အသက်အငယ်ဆုံးသောတမန်တော် ယောဟန် (ယေရှုနှင့်ညီအစ်ကိုတစ်ဝမ်းကွဲ၊ ယေရှုနှင့်အနီးဆုံးနေသူ) ရေးသားခဲ့သည်။ ရှင်ယောဟန်မှာ ပထမခရစ်ဝင်ကျမ်း၃ခုပြီးနောက် နှစ်ပေါင်း၁၅နှစ်ကျော်မှ ရေးသားခဲ့သောကြောင့် အထက်ပါ၃ကျမ်းကို မှီငြမ်းပြီး၊ ဝိညာဉ်ရေးရာ၊ ယုံကြည်သူများကို အဓိကရင့်ကျက်စေရန် အထူးရေးနိုင်ခြင်းဖြစ်သည်။ ရှင်ယောဟန်ကျမ်းသည် လူ့ဇာတိကိုခံယူသောဘုရားသားတော်အကြောင်းရေးသားထားသည့် နှုတ်ကပါတ်တော်ဖြစ်သည်။ (Ref: Rev. Zaw Thu Lin's ဓမ္မသစ်အခြေခံလမ်းညွှန် & Wikipedia)

ပထမဆုံး၃ကျမ်း (မဿဲ၊ မာကု၊ လုကာ)တွင် ရှင်မာကုသည် ဦးစာရေးသားခဲ့သော်လည်း ဓမ္မသစ်တွင် ဒုတိယနေရာသို့ စီစဉ်နေရာချထားပြီး၊ ဂျူးလူမျိုးများအတွက် ရည်ရွယ်ရေးထားသော ရှင်မဿဲကို ပထမနေရာတွင် နေရာချထားခံရသည်။ တပါးအမျိုးသားများ (ဂရိလူမျိုးများ)အတွက် ရည်ရွယ်ရေးထားသော ရှင်လုကာကို တတိယနေရာတွင် နေရာချထားသည်။ ၃ကျမ်းစလုံးအနှစ်ချုပ်အဖြစ် ရှင်ယောဟန်ကို စတ္တုထ နောက်ဆုံးခရစ်ဝင်ကျမ်းအဖြစ် နေရာချထားပါသည်။

ခရစ်ဝင်ကျမ်းစာ၎ခုစလုံးသည် နှုတ်ကပတ်တော်များဖြစ်သောကြောင့် အားလုံးသည်၊ သူ့နည်းသူဟန်ဖြင့် ဝိညာဉ်ရေးရာပြည့်ဝစေပါသည်။
ပထမဆုံးကျမ်း၃ကျမ်းတွင် ပါဝင်ရေးသားချက်များ ဆက်သွယ်မှုကို ကျမ်းပညာရှင်များက အောက်ပါအတိုင်း Synoptic Gospels အဖြစ်ဖေါ်ပြထားခြင်းကို ဗဟုသုတအဖြစ် လေ့လာနိုင်ပါသည်။
သေခြင်းနှင့်ချီဆောင်ခြင်း ခံယူချက်၂ခု
ချီဆောင်ခြင်း Rapture ကို ကျမ်းစာတွင် ၁သက်၎း၁၃-၁၇ အသင်းတော်ချီဆောင်ခြင်းအဖြစ် တွေ့နိုင်သည်။ ချီဆောင်ခြင်းကို ၁၈ရာစုတွင် စတင်နိုးကြား၊အလေးထားလာခဲ့ပြီး၊ ၁၉ရာစု အစ္စရေး (ဂျူး) နိုင်ငံပြန်လည်ပေါ်ထွန်းလာပြီးနောက် ချီဆောင်ခြင်းခံရပြီး၊ ကောင်းကင်ဘုံရောက်မည်ဟု  ယုံကြည်ချက်ဖြင့် အသက်ရှင်သော ခရစ်ယာန်များစွာ ပေါ်ပေါက်လာသည်။ သမရိုးကျ သေခြင်းတံခါးကိုဖြတ်ကျော်ပြီးမှ ကောင်းကင်နိုင်ငံတော်ရောက်မည် ခံယူသူများသည် မူလခရစ်ယာန်များဖြစ်သည်။ ထို၂အုပ်စု ကွဲပြားနေသော်လည်း ကောင်းကင်ရောက်မည်ဟု ယုံကြည်ခြင်းမှာ အတူတူဖြစ်သဖြင့် ယုံကြည်သူအချင်းချင်းငြင်းခုန်မနေသင့်ပါ။ အများစုသော (လူဦးရေအများဆုံး) ခရစ်ယန်များမှာ ချီဆောင်ခြင်း၊ သေခြင်း တို့ကို ရှင်းလင်းစွာနားလည်ရန်လည်းမကြိုးစား၊ လေ့လာချိန်လည်းမရှိသော ရိုးရိုးလေးယုံကြည်သူ ခရစ်ယန်များဖြစ်သည်။ အကောင်းဆုံးမှာ ရိုးရိုးလေးယုံကြည်ခြင်းဖြစ်ပါသည်။ ဆန်းဆန်းပြားပြား ဥာဏ်ကွန်မြူးပြီး တွေးခေါ်ယုံကြည်သူများသည် ကျမ်းပြုစုသူများ၊ တရားဟောဆရာများ ဖြစ်လာလေ့ရှိပါသည်။


ဗျာဒိတ်ကျမ်း (နောက်ဆုံးပိတ်ကျမ်းစာ)
နောက်ဆုံးသောကာလအကြောင်း နမိတ်လက္ခဏာ၊ ဗျာဒိတ်တော်များကို ဗျာဒိတ်ကျမ်းတွင် လေ့လာနိုင်ပါသည်။ ဓမ္မဟောင်းတွင် ဒံယေလကျမ်း၊ ဓမ္မသစ်တွင် ဗျာဒိတ်ကျမ်း ထို၂ကျမ်းတို့သည် နိမိတ်လက္ခဏာ၊ အံ့ကြဖွယ်များပါရှိသဖြင့် သာမန်လေ့လာသူများအတွက် နားလည်နိုင်ရန် ခက်ခဲပါသည်။ မုရန်တွင်လည်း အောက်ပါဆောင်းပါးနှင့်ကျမ်းစာလေ့လာခြင်းများကို ဖေါ်ပြခဲ့ပါသည်။ (Click to read)
PANORAMA ရုပ်ပြ - ကျမ်းစာလေ့လာခြင်း ဦးစံမြင့်ထံမှရရှိသည်။
ချီဆောင်ခြင်း/Rapture - နာဂကျော်နိုင်ပြည်ပရောက်သင်းအုပ်ဆရာ (၉) - မြင်းလေးစီးနဲ့ဘေးဒဏ်ကြီးကာလ Rev. Latt Yishey
သင်ခန်းစာ အမှတ် (၃၂) နောက်ဆုံးသောကာလ (Bible Study)နောက်ဆုံးသောကာလနှင့် ယေရုဆလင်ဗိမာန်တော်
သင်ခန်းစာ (၃၄) အသင်းတော်အားချီဆောင်ခြင်း THE RAPTURE OF THE CHURCH (Bible Study - ဆရာအောင်နိုင်)ဘုရားသခင်၏ စီမံခန့်ခွဲတော်မူချက်များ မန်းဆည်းဆုံ (KL, Malaysia)

East Bible School မှ ဆရာစောစံအောင် (Rev) ကလည်း ခေတ်ကာလများနှင့်နောက်ဆုံးသောကလ ရုပ်ပုံချပ်ကားတစ်ခုဖြင့် ကျမ်းစာသင်တန်းပို့ချခဲ့သည်။ ဆန်ဟိုစေးအသင်းတော်မှ ဗျာဒိတ်ကျမ်းစပယ်ရှယ်ပို့ချမှုများလည်း ကျမ်းစာလေ့လာခဲ့ဖူးပါသည်။ မလေးရှားမှ ဆရာမန်းစည်းဆုံ နောက်ဆုံးကာလ ကားချပ်ကြီးကိုလည်း မုရန်တွင်ဖေါ်ပြခဲ့သည်။ ဗျာဒိတ်ကျမ်းဆရာမ ဒေါ်မြင့်မြင့်ဟန် (ကွယ်လွန်)မှ၊ ဆက်လက်လေ့လာပို့ချပေးသူ ဗျာဒိတ်ဆရာကျော်နိုင် ပို့ချချက်၊ ယခုအခါ နောက်ဆုံးကာလနီးလာပြီး အီးယူဟုခေါ်သော ဥရောပဘုံဈေးအဖွဲ့သည် ရှေးခေတ်ဘေဘီလုံးအဆောက်အဦးပုံစံအတိုင်း ဆောက်လုပ်ထားသည်ကိုတွေ့ကြောင်း ပို့ချချက်ကိုနားထောင်ခဲဖူးသည်။ ယခုတဖန် ဆရာကွယ်ဝါး၏ ကားချပ်ကို လေ့လာရပြန်သည်။

သမ္မာကျမ်းစာဖေါ်ပြသောအနာဂါတ်၏အဖြစ်အပျက်များ..ဟုခေါင်းစဉ်တပ်ထားသည်။
မြင်းဖြူ (ငြိမ်းချမ်းရေးကာလ) ဗျာ၆း၁-၂
မြင်းနီ-စစ်ပွဲ ဗျာ၆း၃-၎
မြင်းနက်-ငတ်မွတ်ခြင်း ဗျာ၆း၅-၆
မြင်းမွဲ-သေခြင်း ဗျာ၆း၇-၈
မာတုရဝိညာဉ် ဗျာ၆း၉-၁၀
မြေငလျှင်ကြီး ဗျာ၆း၁၂-၁၄
ကြားကလ ၁၄၄၀၀၀ ဗျာ၇း၎-၈
တိတ်ဆိတ်ခြင်း ဗျာ၈း၁-၅
မိုးသီးမီးသွေး ဗျာ၈း၆-၇
မီးလောင်သားကောင် ဗျာ၈း၈-၉
ဒေါနရွက် ဗျာ၈း၁၀-၁၁
နေလကြယ်ကြတ် ဗျာ၈း၁၂-၁၃
ကျိုင်းကောင် ဗျာ၉း၁၁-၁၂
မြင်းစီးသူရဲကောင်း ဗျာ၉း၁၃-၂၀
ကြားကာလသက်သေခံ(၂)ပါး ဗျာ၁၁း၃-၁၄
မီးသီးကျခြင်း ဗျာ၁၀း၁၅-၁၉
ဒုတိယကြွလာခြင်း ၂သက်၁း၇-၁၀
သံလွင်တောင်၊ သိုး/ဆိတ် ဇခရိ၁၄း၎
အနှစ်၁၀၀၀ ကာလ ဟေရှာ၁၁း၁-၁၀
ကောင်းကင်ဘှုံမှမီးကျ ဗျာ၂၀း၇-၁၀
ပလ္လင်ဖြူတရားစီရင်ခြင်း ဗျာ၂၀း၁၁-၁၅
ကောင်းကင်သစ်မြေကြီးသစ် ဗျာ၂၁၊၂၂၊ ဟေ၆၅း၁၇ အကြောင်းများကို ကားချပ်တစ်ခုတည်းတွင်ဖေါ်ပြထားပါသည်။
Download ကြည့်ရှုနိုင်ပါသည် (Click Here)

နောက်ဆုံးသောကာလကို လေ့လာခြင်း၊ ရိုးရိုးလေ့လာခြင်း၊ ဆန်းပြားစွာလေ့လာခြင်း စသဖြင့် ချီဆောင်ခြင်း၊ အနှစ်တစ်ထောင်ကာလ၊ သေလွန်ပြီးကောင်းကပ်ဘုံ ..စသဖြင့် ကျမ်းစာလေ့လာ၊ပို့ချနေပါသည်။ ရိုးရိုးယုံကြည်သူတစ်ဦး ကိုဝါးဝါးက ဆရာတွေ ပို့ချပေးချိန်တော့ နားထောင်၊ခံယူလိုက်ပါတယ်။ လက်တွေ့ဘဝမှာတော့ အခု  ကိုယ်တော်နဲ့အတူ သွားလာနေရတယ်လို့ပဲ ခံစားတယ်။ ကိုးစားတယ်။ အားကိုးတယ်။ ကိုယ်တော်..ကိုယ်တော်...လို့ တမ်းတတယ်။ လက်ရှိအချိန်ကိုပဲ ဘုရားနဲ့အတူသွားလာမယ်ဗျာ...ဒီလိုအချိန်တိုင်းမှာ ဘုရားနဲ့အတူရှိတယ်စဉ်းစားမိတိုင်း၊ သိပ်ဝမ်းမြောက်ပါတယ်၊ ဘုရားမကြိုက်တာတွေလုပ်ရင် ဘုရားကြည့်နေတယ်သတိရတဲ့အခါ သိပ်ကြောက်သွားပြီး၊ မဟုတ်တာတွေမလုပ်ဖြစ်တော့ဘူးပေါ့...လို့ပြောပါတယ်။
Couple and Bible


သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း အခန်း၂၄ တွင် အာဗြာဟံ၏ သား က္ကုဇက်အတွက် ကြင်ယာရှာသည့် အဖြစ်အပျက်ကို ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါသည်။ မိမိသားသမီးများ ကြင်ယာလိုအပ်ပါက ဘုရားသခင်အား အဆက်မပြက်ဆုတောင်းခြင်းဖြင့် စတင်ရသည်။ သွက်လက်၊ချက်ချာ၊ မိဘလူကြီးရိုသေသော၊ ချောမောလှပါသော ရေဘက္ကာ ဆိုသည့် မိန်းကလေးငယ်အား တစိမ်းတစ်ဦးဖြစ်သည် အာဗြာဟံ၏ လူယုံကျွန်တစ်ဦး လာရောက်တောင်းရမ်းသည်ကို မိဘများက သဘောတူသည်။ သမီးဖြစ်သူ သဘောဟု ဆိုသောအခါ သမီးဖြစ်သူက ဘုရားသခင်အလိုတော်ကို လက်ခံပြီး က္ကုဇက် ရှိရာဒေသသို့ လိုက်လာ လက်ထပ်ပေါင်းသင်းသည့် လှပသော အိမ်ထောင်ထူထောင်သည့် သမ္မာကျမ်းစာ မင်္ဂလာပုံပမာ တကယ့်အဖြစ်ပျက် ဖြစ်သည်။ ဖတ်ကြည့်ပါ။
ကမ္ဘာဦးကျမ်း အခန်း၂၄

လိင်ဖောက်ပြန်ခြင်း


လိင်ဖောက်ပြန်ခြင်း

အိမ်ထောက်ရှိသောယောင်္ကျားတစ်ယောက်သည် ဇနီးမဟုတ်သော အခြားမိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခြင်းဟု 

အဓိပ္ပါယ်သတ်မှတ်သည်။ ဘာသာရေးနှင့်ဥပဒေပိုင်းဆိုင်ရာတွင် ကွဲပြားမှုများစွာရှိသည်။ လူသမိုင်းအဆက်ဆက်တွင် 

လိင်ဖောက်ပြန်ခြင်းသည် ကြီးလေးသောပြစ်မှုဟု လူအမျိုးမျိုးတို့၏ ယဉ်ကျေးမှုများတွင် သတ်မှတ်သည်။ ထိုဖေါက်ပြန်မှုဖြင့် 

လင်မယားကွာရှင်းခွင့်ရှိသည်။ မိသားစု၊ သားသမီးနှင့် လူမှုရေးများကို ဆိုးကျိုများကျရောက်လာနိုင်သည်။ လိင်ဖောက်ပြန်ခြင်းကို 

တရားဥပဒေဖြင့် ပြစ်မှုသတ်မှတ်ထားသော နိုင်ငံများတွင် ပြစ်ဒဏ်မှာ ဒဏ်ငွေမှ သေဒဏ်အထိ ရှိသည်။ ၂၁ရာစုတွင် 

အပြစ်ပေးမှုမှာ ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကြောင့် ရှုပ်ထွေးလာသည်။


ခရစ်ယာန်ဘာသာ

လိင်ဖောက်ပြန်ခြင်းသည် လူ့ကျင့်ဝတ်ပျက်ခြင်းဖြစ်ပြီး၊ အပြစ် ဖြစ်သည်ဟု ဆိုသည်။ ၁ကော၆း ၉-၁၀.  ပညတ်တော်၁၀ပါးတွင် 

နံပါတ်၆ တွင် သူတပါးမယားအားမပြစ်မှားရ ဟု ပါရှိသည်။ သခင်ယေရှုက ပိုပြီးပြင်းထန်သည်။ မဿဲ၆း၂၈တွင် 

စိတ်ဖြင့်ပြစ်မှားသည်ကိုပင်လိင်ဖေါက်ပြန်ခြင်းဟု သတ်မှတ်သည်။ ဇနီးသည်ကို 

လိင်ဖေါက်ပြန်မှုမရှိသောဇနီးသည်ကိုကွာရှင်းခြင်းသည် အပြစ်ရှိသည်။  

လိင်ဖေါက်ပြန်၍ကွာရှင်းခံရသောမိန်းမအားလက်ထပ်ခြင်းနှင့် အပြစ်အတူတူဖြစ်သည်။ မဿဲ ၅း၃၂။ အချို့အသင်းတော်များက 

အမြင်မတော်၊ အတူသွားလာခြင်းကိုပင် လိင်ဖောက်ပြန်ခြင်းဟု သတ်မှတ်ကြသည်။

ပြစ်ဒဏ်ပေးခြင်းများ 


တောင်၊မြောက် ကိုးရီးယား၊ တိုင်ဝမ်အပါဝင် အာရှနိုင်ငံများတွင် လိင်ဖေါက်ပြန်ခြင်းအား ရာဇ၀တ်မှုအဖြစ် သတ်မှတ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် လိင်ဖေါက်ပြန်သူသည် အိမ်ထောင်ရှိပါက အမျိုးသားဖြစ်စေ၊ အမျိုးသမီးသမီးဖြစ်စေ  ရာဇ၀တ်မှုကျူးလွန်သူ 

အဖြစ်သတ်မှတ်သည်။ တရုပ်ပြည်မကြီးတွင် ရာဇ၀တ်မှုဟု မသတ်မှတ်ပါ၊ ဇနီးဖြစ်သူက ကွာရှင်းခွင့်တောင်းနိုင်သည်။ 

ပါကစ္စတန်နှင့် မွတ်ဆလင်နိုင်ငံများတွင် လိင်ဖောက်ပြန်ခြင်းကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်သည်။ သေဒဏ်အထိ 

အပြစ်ပေးနိုင်သည်။ အများအားဖြင့် ထောင်ဒဏ်ချလေ့ရှိသည်။ အိန္နိယနိုင်ငံတွင် အမျိုးသားကိုသာ အပြစ်ပေးသည်။ 

အများအားဖြင့် 

ရော်ကြေးငွေပေးရလေ့ရှိသည်။ လိင်ဖေါက်ပြန်သောအမျိုးသမီးကိုမူ အပြစ်မပေးပါ။ သေဒဏ်ပေးသော အာရှနိုင်ငံများရှိသည်။ 

ဥပမာ ဆော်ဒီအာရေးဗီယားတွင် လိင်ဖောက်ပြန်သူ ပြစ်မှုထင်ရှားပါက ကျောက်ခဲနှင့်ပစ်ပေါက်သေဒဏ်ပေးသည်။

ဘုရားသခင်သိသည်

ရပ်ဝေးသို့ထွက်ခွာ၊ စီးပွားရှာသောခေတ်တွင် ဘုရားမကြိုက်သော လိင်ဖေါက်ပြန်ခြင်း ဖြစ်တတ်သောကြောင့်၊ ဓမ္မဆရာများ၊ 

အသင်းတော်များက အိမ်ထောင်ရှင်များ သစ္စာရှိရန် သွန်သင်လေ့ရှိသည်။ မှားယွင်းသူများ အချိန်မီ 

ဘုရားထံဝန်ချတောင်းပန်ရန်ဖြစ်သည်။ ကျွန်ုပ်သည် စိတ်နှင့်ပစ်မှားမိသော ဖေါက်ပြန်ခြင်းမျိုးဖြစ်ခဲ့ပါသည်။ ထိုပြစ်မှုအတွက် 

ပေးဆပ်ရပါသည်။ ဘုရားရှင်ထံဝန်ချ သက်သေခံ ရေးသားရခြင်းဖြစ်သည်။ 

 

လိင်တူ ဘုရားမကြိုက် လိင်တူပြဿနာဟာ အသေးမွှားမဟုတ်ပါဘူး။

လူတိုင်းမှာ လိင်တူ Same Sex ကြိုက်နှစ်သက်မှုရှိပါတယ်။ လိင်စွဲလမ်းလာရင် .. တကယ့်အဖြစ်အပျက်တခုကို တင်ပြလိုပါတယ်။ ရောမအင်ပါယာဆိုတာ တကယ့်ဒီမိုကရေစီခေတ်ဖြစ်ပြီး အခုခေတ် အမေရိကန်ရဲ့ဒီမိုကရေစီက နှစ်၃၀၀ပဲ သက်တမ်းရှိသေးပါတယ်။ ရောမအင်ပါယာ Roman Empire ပိုပြီးကြာရှည်ခဲ့ပါတယ်။ ဘုရင်ဖြစ်သူဟာ မိန်းမတစ်ယောက်ပဲယူရပါတယ်။ ဘုရင်ဆိုးများလည်း ရှိပါတယ်။ ဥပမာ လိင်ဖေါက်ပြန်မှုများ ရှိတဲ့ ဂျူးလိယက်ဆီဇာ Julius Caesar BC100-45 ဘုရင်အကြောင်းပါ။ သမိုင်းကွယ်ရာမှာ မှတ်တမ်းတင်တာကတော့ အာဏာရှိချိန်မှာ ရံဖန်ရံခါ မိန်းမများနဲ့ကျူးလွန်တတ်ပါတယ်။ တဖြေးဖြေး ဆန့်ကျင်ဖက်လိင်ကနေ လိင်တူကျူးလွန်လာပြီး၊ နောက်ဆုံး ကိုယ်တိုင် မိန်မရှာကဲ့သို့ လိင်ဆက်ဆံခံလာပါတယ်။ သိပ်မကြာပါဘူး.. အသက်၅၅နှစ်အရွယ်မှာ အာဏာရှင်လိုဖြစ်လာတဲ့အတွက် ဒီမိုကရေစီဘက်သားများက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ 

ဘုရားသခင်ပေးထားတဲ့ လက်ဆောင် (ကာမဂုဏ် Sex) 

ဇနီးမောင်နှံအဖြစ် Gift လက်ဆောင် ဘုရားသခင်က တရားဝင်ပေးထားပါတယ်။ သို့သော် အခုခေတ်မှာ လူ့အခွင့်အရေးဆိုပြီး လိင်တူလက်ထပ်ခွင့် ပေးနေတဲ့တိုင်းပြည်များရှိလာပါတယ်။ အရှေ့တိုင်းနိုင်ငံများမှာတော့ မရှိပါဘူး။ လွတ်လပ်ပြီး ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ ဥရောပါနိုင်ငံများဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အမေရိကန်နိုင်ငံမှာတော့ အခုချိန်ထိ အပြင်းအထန်တိုက်ခိုက်နေဆဲပါ။ ၂၀၀၈ တုန်းက ကာလီဖိုးနီးယားလွှတ်တော်က လိင်တူလက်ထပ်ခွင့်ပေးလိုက်တယ်။ ပြည်နယ်လုံးကျွတ် မဲဆန္ဒခံယူပွဲလုပ်တဲ့အခါ အများစု ၇၅% သဘောမတူတဲ့အတွက် လိင်တူလက်ထပ်ခွင့်ကို ဖျက်သိမ်းလိုက်ရတယ်။ တချို့ပြည်နယ်တွေမှာ ဥပဒေပြုသူများက ဘုရားမဲ့ဝါဒီအများစု ဖြစ်လာရင် စာဝတ်နေရေးနဲ့လုံးပမ်းနေတဲ့ ပြည်သူလူထု သတိမပြုစေပဲ၊ လိင်တူလက်ထပ်ခွင့်ဥပဒေများ ပြဌာန်းကြ၊ ပြည်သူလူထုကလည်း ကာလီဖိုးနီးယားပြည်နယ်လို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မလုပ်နိုင်အောင် ဥပဒေနဲ့ပြန်ပိတ်ထားလိုက်တာမျိုး။ ဒီလို ဥပဒေကျွမ်းကျင်တဲ့ ဘုရားမဲ့ဝါဒီများကြောင့် ဥရောပနိုင်ငံများ တဖြေးဖြေး ချွတ်ခြုံကျလာခြင်းဖြစ်ပါတယ်။ အမေရိကားကတော့ နောင်အနှစ်ရာနဲ့ချီပြီး ရှင်သန်ဦးမှာပါ။ ဥရောပနိုင်ငံများအတွက် ရှိပါစေတော့။ ကျွန်တော်တို့ အာရှနိုင်ငံများမှာ လိင်တူ ဘုရားမကြိုက်သလို ပြည်သလူ့ထုလက်မခံပါ။ 

အမေရိကား၊ ကာလီဖိုးနီးယား

လူငယ်များစွာကို တွေ့ဖူးပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာ ဂေး ဆိုတဲ့ မိန်းမလျှာများ အစုလိုက်နေထိုင်ကြပါတယ်။ သူတို့တစ်ယောက်ချင်းကို သေချာဆန်းဆစ်ကြည့်ရင် ယောင်္ကျားစစ်စစ်တွေပဲ ဖြစ်ပါတယ်။ မိန်းမစိတ်နည်းနည်းရှိတော့ နုနုနယ်နယ် စိတ်နုတယ်ပြောရမယ်။ စိတ်တူကိုယ်တူတွေ အတူစုပေါင်းတွေ့ဆုံရင်း တဖြေးဖြေး သူတို့ရဲ့မိန်းမလျှာစိတ်ကို တိုးပွားလာစေပါတယ်။ ရုန်းမထွက်နိုင်သူတွေကတော့ လိင်ကိစ္စအထိ ရောက်သွားတယ်။ စွဲလမ်းသွားပြီး နောက်ဆုံ I am homosexual, I am lesbian လို့ တရားဝင်ကျေငြာတဲ့အထိ ဖြစ်သွားလေ့ရှိပါတယ်။အမှန်တော့ မိန်းမလျှာ ဆိုတာ အင်မတန်စိတ်ကောင်းရှိတဲ့ ယောင်္ကျားဖြစ်ပါတယ်။ သူတို့မှာ လိင်ဆက်ဆံမှုမပါရင် မိန်းမလျှာများနဲ့ လူမှုဆက်ဆံရေးလုပ်ရတာ သိပ်ကောင်းပါတယ်။ မေတ္တာတရား ပိုပြနိုင်သူများဖြစ်ပါတယ်။ သို့သော် လိင်တူ ဆက်ဆံခြင်းပါဝင်လာရင် လူမှုအသိုင်းဝိုင်းက လက်မခံတော့ပါ။ ဒီတော့ သူတို့အသိုင်းအ၀ိုင်းနဲ့ပဲ အတူစုပေါင်းနေထိုင်ကြတယ်။ လွတ်လပ်စွာနေထိုင်ရင်း လိင်တူ ၂ယောက် အတူနေထိုင်တဲ့ Living Together ဖြစ်လာတယ်။ နောက်တဆင့် သူတို့၂ယောက် ချစ်ခြင်းမေတ္တာ ပိုကြီးလာပြီး ပိုင်ဆိုင်ချင်လာတယ်။ တရားဝင်လက်ထပ်ချင်တဲ့အဆင့်ထိ ရောက်လာတယ်။ 

အရှေ့တောင်အာရှနိုင်ငံနှင့်မြန်မာ

လိင်စွဲလမ်းမှုကိုတော့ မှတ်တမ်းတင်စာတွေ အမြောက်အများရှိပါတယ်။ နာမည်ကျော်၊ ဘာသာရေးဘုန်းကြီးများပင် ဈာန်လျှောရတာမျိုး များစွာရှိပါတယ်။ ဘုရားနဲ့တချက်ကွင်းကွာလိုက်ရင် စာတန်မာနတ်ဝင်လာတာကြောင့် မှားယွင်းမိ။ ၀န်ချမတောင်းပန်၊ မဆပ်ကပ်ပဲ တစ်ကြိမ်ကနေ၊ နှစ်ကြိမ်မှားယွင်း...  ဒီလိုနဲ့ ဈာန်လျှောရခြင်းများ ဖြစ်လာပါတယ်။ အင်တာနက်မှာ မြန်မာလို လိင်တူ ဆိုတဲ့စာလုံးရိုက်ပြီးရှာကြည့်ပါတယ်။ အံ့သြစရာပါပဲ။ အမျိုးသား၊အမျိုးသမီး လိင်ကိစ္စဟာ ပြင်ပကမ္ဘာကြီးမှာ ပြဿနာကြီးဖြစ်ပါတယ်။ သို့သော် ထောင်ကျလူသားများ ကမ္ဘာမှာတော့ လိင်တူ ကိစ္စဟာ မူးရစ်ဆေးဝါးပြီးရင်၊ ဒုတိယအကြီးဆုံး ပြဿနာကြီးလို့ ကလိုစေးထူးရဲ့ဘလောက်မှာ ဖတ်ရပါတယ်။ ၀င်းနိုင်ဦးရေးတဲ့ လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း  မှာ ထောင်ကျလူဆိုးကြီးများ ထောင်အာဏာပိုင်များ နောက်ကွယ်မှာ မိန်းမလျှာ (သို့မဟုတ်) စိတ်နုနယ်တဲ့ယောင်္ကျားငယ်များကို ထောင်လူဆိုးဗိုလ်များက နည်းမျိုးစုံနဲ့ လိင်တူ ကျူးလွန်ခြင်းအကြောင်းပါ။ စိတ်နုသူ လူငယ်အမျိုးသားများအတွက် လိင်တူပြဿနာကတော့ ရှိနေဦးမှာပါ။ တစ်ခါလည်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်များအုပ်စုနဲ့ ကားအတူစီးပြီး၊ ရွှေတြိဂံခရီးသွားရပါတယ်။ အနောက်တိုင်းအဖြူကောင် အသက်၅၀လောက် တစ်ဦးက ထိုင်းလူငယ် အသက်၂၅နှစ်လောက်နဲ့အတူ ခရီးသွားအဖွဲ့ထဲမှာ ပါတယ်။ သူတို့ နစ်ယောက် အချင်းချင်းလဲစကားမပြော၊ ကျွန်တော်တို့ တခြားခရီးသည်တွေနဲ့လည်း စကားလည်းမပြော၊ ၂ရက်လုံးသူတို့အခြေအနေကို အကဲခပ်တော့ အဲဒီ ထိုင်းအမျိုးသားလူငယ်လေးဟာ အခကြေးစားစားမိန်းမလျှာ လို့ပဲ ဆုံးဖြတ်ရပါတယ်။ ထိုင်း၊ ကမ္ဘောဒီယား၊လာအို နိုင်ငံတွေက ဆင်းရဲတော့ မိန်းကလေးများကို လာရောက်ဖျက်ဆီးတဲ့ Sex Tourist တွေရှိသလို၊ ယောင်္ကျားလေးများကို လာရောက်ဖျက်ဆီးတဲ့ အဆင့်မြင့် Same Sex Tourist တွေရှိနေပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ မြန်မာအစိုးရသစ်က ကြိုတင်ကာကွယ်ရပါဦးမယ်။

နိဂုံး

ကျွန်တော်ဟာ ဆန့်ကျင်ဖက်လိင်စွဲလမ်းမှုကို မနည်းရှောင်ရှားနေတဲ့ ယောင်္ကျားဖြစ်ပါတယ်။ တော်တော်ခက်ခဲလှတဲ့အတွက် ကိုယ့်အင်အားနဲ့မရနိုင်ပါဘူး။ လိင်တူစွဲလမ်းသူများကို တွေ့ရင်လည်း ဆုတောင်းပေးပါတယ်။ နှုတ်ကပတ်တော်နဲ့ ပြောကြားဖို့၊ မတရားသောမေထုံ ဖြစ်ကြောင်း၊ ဘုရားသခင်အားဖြင့်သာ၊ ဘုရားကိုစွဲလမ်းခြင်းဖြင့်သာ လိင်စွဲလမ်းမှုမှ လွတ်မြောက်နိုင်ပါတယ်။ထို့အတူ လိင်တူစွဲလမ်းမှုကိုလည်း  မိမိကိုယ်တိုင် သို့မဟုတ် သူတို့အတွက် ဘုရားသခင်စွဲလမ်းမှုဆီ ပြန်လာဘို့ ဆုတောင်းခြင်း၊ မေတ္တာနဲ့ဆွဲဆောင်လမ်းပြနိုင်ရင် လိင်တူစွဲလမ်းသူများ ဘုရားသခင်ရဲ့သိုးသင်များ မျက်စိလည်လှမ်းမှားနေတဲ့ စာတန်မာနတ်ရဲ့ ချောက်ထဲက ပြန်တက်လာနိုင်မှာပါ။  ဇော်အောင်

ကျမ်းပိုဒ်အချို့

ဧဖက်၊ ၅း၃  ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ကောရိ န္တု သြဝါဒစာဒုတိယစောင်:၁၂း၂၁အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာလွန်ကျူးခြင်း အမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူ အများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချ တော်မူမည်ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။