မြိုခမိသမိုင်း


  • မို(ခေါ်)ခမိ နောက်ခံသမိုင်း     mrokhami tribal group 



ရခိုင်ရာဇ၀င်ကျမ်းများ၏ ဖော်ပြချက်အရ မြိုလူမျိုးများသည် ရှေ့ကျသောလူမျိုး တစ်မျိုးဖြစ်ပါသည် ရခိုင်ပြည်တယ် မြောက်ပိုင်းဒေသ အနံအပြား နှင့် ချင်းပြည်နယ် ပလ၀မြို့နယ် မတူပီ မြို့နယ် ဒေသများတွင်ပြန့်ကြဲ နေထိုင်လျက် ရှိကြပါသည် မြိုလူမျိုးများသည် သီးခြားဘာသာ စကား ယှဉ်ကျေးမူ ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသားလူမျိုးစုတစုအဖြစ် ရေကြည်ရာမြက်နုရာ ဒေသများသို့ ယနေ့တိုင်ရပ်တည်နေထိုင် လျက်ရှိပါသည်
             
  (မြို) ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံးတွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညိုရေးသားသော (ဘစောဖြူသမီး ဧချင်း)တွင်ဖြစ်ပါသည် မြန်မာကျေက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂-ခုနှစ် နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင်လည်း တွေ့ရပါသည် ထို့နောက်ရခိုင်ရာဇ၀င်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇ၀င်တော်ကြီး ဓည၀တီရာဇ၀င်သစ် မာရာယုနှင့်ဗေဒါရှင်းတမ်းစသော ကျမ်းဂန်များ၌လည်းကောင်း   အချို့သောစာအုပ် စာပေများတွင် လည်းကောင်း မြိုလူမျိုးများအကြောင်းကိုရေးသားရာ၌ မြို ဟူသောဝေါဟာရအပြင် မြုံ ဟူ၍လည်းကောင်း မြုန် ဟူ၍လည်းကောင်း မြုပ် ဟူ၍လည်းကောင်း မြူ ဟူ၍လည်းကောင်း မြို ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်း ဟန်များဖြင့်လည်း ရေးသားထားပါသည်
                 
 မြုံ မြုန် မြုမ် မြူ ဟူသည့်စာလုံးပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွန်းရေးသားထားခြင်း ဖြစ်မည်ဟုယူဆရပါသည် ထိုကြေင့် မရို မြို ဟူသောအသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသောတိုင်းရင်းသား( ရခိုင်) တို့ကခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည် မြိုမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွန်းခေါ်ဝေါ် လိုသောအခါ (ခမိ ) ဟူသောအမည်ကို သုံးစွဲကြပါသည် မြို (မရို )တို့သည် သူတို့ကိုသူတို့ ခမိ ဟုခေါ်သည်ူ ဟုအဓိပ္ပယ်ရပါသည် မီးချောင်းနှင့် သမိန်ချောင်းဖျား တ၀ိုက်တွင် နေထိုင်သူများကို တောင်မြို ဟုခေါ်၍ မီးချောင်း နှင့် သမိန်ချောင်းဝ တ၀ိုက်တွင်နေထိုင် သူများကို အ၀မြို ဟုခေါ်သည်
               
ကိုးကားချက် -အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ရန်ကုန် ဟံသာဝတီ ပုံနိုပ်တိုက် ၁၉၆၅ ခု စာ  ၇ နောင်ကိုးကားလျင် အဒူမင်းညို ဧချင်းစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ ၂၀-၂၃-၈၀၄ ခရစ်နှစ် ၁၄၄၂ ခု တွေ့စုံမေးမြန်းသူ ဉီးအင်္ဂါအောင် တရက်တပင်ကျေးရွာ ကျောက်တော်မြို့နယ် ၁၂ မတ်လ ၂၀၀၅ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ရခိုင်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော်မတီဌာနချိုပ် ရန်ကုန် ဇွန်န၀ါရီ ၁၉၇၆ စာ၃၁-၃၂(နောင်ကိုးကားလျင် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ (ရခိုင်)ဟုဖော်ပြပါမည်
     
 မြိုဟုခေါ်တွင်ရခြင်းအကြောင်း

                                          
            မြို ဆိုသည်မှာ ရခိုင်လူမျိုးများက ပေးထားသော နာမည်ဖြစ်သည် မြို လူမျိုးတို့၏အကြေင်းကို ရေးသားမည်ဆိုလျင် မြို (၃)မျိုး ၄င်း (၃)မျိုးတို့သည် တစ်မျိုး နှင့် တစ်မျိုး သဘောသဘာဝအားဖြင့်ကောင်း ရိုးရာဓလေ့ထုံးစံ ယှဉ်ကျေးမူအားဖြင့်လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမူရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်းကြေင်းကို ရေးသားလျင် မပီပြင်နားမလည် နိုင်မည်စိုး၍  မြို လူမျိုး (၃ ) မျိုးရှိကြေင်းတို့ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားလိုက်ပါသည်  
                                         

(၁)     မြို (ခမိ) mrokhami  အ၀ခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့သည် ကျေက်တော်မြို့နယ် မြေက်ဉီးမြို့နယ်
   ပုဏ္ဏားကျွန်းမြို့နယ်ပေါက်တောမြို့နယ်ဘူသီးတောင်မြို့နယ်များ၌နေထိုင်ကြသည်                  




(၂)  မရို (ခမိ )  khumi  အရိုင်း(သို့)အဖျားခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့သည် ပလ၀မြို့နယ် မတူပီမြို့နယ်များတွင်နေထိုင်လျက်ရှိကြသည်                                  


 (၃)    တောင်မြို(ခမိ) မြို (ခမိ) နှင့် မရှူ (ခမိ)တို့က ( ဒါး) dhanna   
         ဟူ၍လည်းခေါ်ကြသည် လွတ်လပ်ရေးမရမည်နှင့်ရပြီး       တွင်လည်းအောက်ပါအတိုင်ခေါ်ကြလေသည်
 ဖ ဆ ပ လ ခေတ် မူလတန်းပညာရေး ပထ၀ီဝင်စာပေတို့၌လည်း တောင်မြိုဟု ရေးသားခေါ်ဝေါ်ထားသည် ၄င်းတို့သည် ပုဏ္ဏားကျွမ်းမြို့နယ်  ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည် ဤလူမျိုး (၃)မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့ကို ရခိုင်ပြည်နယ်ရှိ ရှေ့ကျသော လူမျိုး (၃)မျိုးတို့အား ပီပီပြင်ပြင်မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတိုကို မြို ဟူသောဝေါဟာရ တစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်း သာဖြစ်ပါသည်
                 
  မြိုခမိလူမျိုးတို့၏ ဝေါဟာရမည်သို့ ဆက်စပ်မူရှိသည်ကို ဆက်လက်လေ့လာတင်ပြပါမည် လူမျိုးတစ်မျိုးပင်ဖြစ်စေ လူပုဂ္ဂုလ်တစ်ဉီးဉီးပင်ဖြစ်စေ နေရာဒေသတစ်ခုခုတွင် အခြေချ နေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း ပြောင်းရွေ့သွားလာသည့် အခါတို့၌လည်းကောင်း ခရီးပြန်ထွက်သည့်အခါ ၌လည်းကောင်း ထိုနေရာဒေသတွင်မြို့ ကျေးရွာသော်လည်းကောင်း အိမ်ရာမြေသော်လည်းကောင်း သမိုင်းအစနသော်လည်းကောင်း သွေးစပ် သားစပ် ဆွေမျိုးသော်လည်းကောင်း ကျန်ရစ်စမြဲပင် ဖြစ်ပေသည် ဤသည် တို့ကားလူမျိုးတိုင်းတို့၏ နောက်ခံသမိုင်းကို ရှာဖွေလွယ်ကူစေရန် အချက်ပင်ဖြစ်ပေသည်
               
  မြို(ခမိ) လူမျိုးတို့တွင် ကမ္ဘာဉီးသမိုင် (ခေါ်မု ၀ထ္ထု ) ဟူ၍ရှိလေသည် ထို ခေါ်မု ၀ထ္ထုတွင် ကော်မရီ အမည်ရှိသော မိန်းမ နှင့် ကော်မရင် အမည်ရှိုသော ယောက်ျားတို့က မြို တို့၏ဘာသာ စကားဖြင့် ခေါ်မု ကမ္ဘာဉီး နေ လ မထွက်သေးသော အမှောင်လောက (သို့) ကျောက်ဂူအမှောင် တွင်နေကြရသော (ခေါ်မု အမှောင်)ပြည်သား လူ ဟူ၍ အမည်နာမအါဓိပ္ပာယ်ကို ရရှိလေသည် ထို ကော်မရီ ကော်မရင် တို့နှစ်ဉီး ပေါင်းသင်းဆက်ဆံ ကြရာမှ သားသမီး မြေး မြစ် စသော လူအပေါင်းတို့ကို မွေးထုတ်(မြို-ပြုပြင်) ဖန်တီးပေးသော ကြေင့် မြို ဟူသောအမျိုးအမည် နာမအါဓိပ္ပာယ်ကို ရရှိကြပြန်လေသည်
                                                             
ထိုနောက်တွင် နေ လ ထွက်ပြီးအလင်းရောင်ရကာ  (သို့) ဂူနေမှ အိမ်နေလူ ဖြစ်လာကာ ကာလကြလေသော် ခေါ်မုမှ ခမိ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမိ)ဟူသောအမျိုးအမည် နာမ် အခေါ်အဝေါ် ဖြစ်လာကြတောသည်ဟု မြိုလူမျိုးတို့၏ ရိုးရာသီချင်းများတွင် လေ့လာသိရှိရပေသည်
        
ကိုးကားချက် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေးဗဟို ကော်မတီဌာနချိုပ် ရန်ကု ဖေဖောါ်ဝရီလ ၁၉၆၈ စာ-၆၂(နောက်ကိုးကားလျင် တိုင်ရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)ဟုဖေါ်ပြပါမည်
             
 U Ba Myaning The N orthern Hill of Ponnagyun Township Journal of Burma Research sorcery vol.xxiv,yangon ,1933 p,125 U Ba Thein ,Sensus of India 1931 ,vol xi part -1 Burma Report ,P 254
          
  အထက်ပါ(ခေါ်မု ၀ထ္ထု)အတိုင်းသက်လူမျိုး ဒိုင်းနက်လူမျိုး ရာဇ၀င်တို့တွင်လည်း မြို ခမိ လူမျိုးတို့၏ ရိုးရာသီချင်းကို မှတ်းတင်ရေးသားထားသော ရှေးဟောင်းပေမူ ဂီ-ချပ် ရေကိုလည်း လေ့လာနိုင်ပေသည် မြို ဟူသော ဝေါ်ဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရှိနိုင်ပါသည်

(၁) မောင်တောမြို့နယ် ဘူးတီးတောင်မြို့နယ် ပုဏ္ဏားကျွမ်းမြို့ရှိ မြို လူမျိုးတို့သည် မိမိတို့လူမျိုးကို မြိုစာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိရပါသည် မြိစာ ၏ အဓိပ္ပာယ်နှင့် ယင်း၏နီးစပ်သည့် အဓပ္ပာယ်များကိုမူ မသိရပါ
    
  ရခိုင်ပြည်ဓညဝတီခောတ်
မြိုခမိဘုရင် ဘင်ဘာနှင့်မိဘုရားအာခုံ

(၂) မဇ္စိုမဒေသ ကုသ၀တီပြည်ရှင် တုဓမ္မတူ၏ သားတော်မင်းသားခေါ် စာပတီသည် နောက်လိုက်အင်းအား တစ်သောင်ခန့်ကို ဉီးဆောင်၍ အိမ်ထောင်နယ်ဘက်တွင် တိမ်းရှောင်ပြီး အာသံဘုရင်၏ ခွင့်ပြုချက် အရအချိန်အတန်ကြာ အခြေစိုက် နေထိုင်ခဲကြသည် ထိုသို့ နေထိုင်စဉ် တစ်ခြားသော မျိုးနွယ်စုများ၏ ဘေးရန်နှင့်သဘာဝ ဘေးအန္တရာယ် တောတောင် သားရဲတို့၏ ရန်စွယ်များကို ကာကွယ်ရန်အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြသည် သာသဲနယ်ဘက်မှနေ၍ ကစ္ဆပနဒီ မြစ်ညာဒေသများသို့ ရေကြည်ရာ မြက်နုရာ ရွေးလျားလာပြီး နောက်တွင် ဗလိုင်ခေါ်သည့်အရပ်၌ အခြေချခဲ့ကြသည် ခေါ်စာပေတီသည် မင်းသမီး ဟုတ်လော်ကို လက်ဆက်၍ မင်းအဖြစ်ခံယူလေသည် နောက်လိုက် နောက်ပါများလည်း ခြံစည်းရိုးအတွင်းမှ ထွက်ခွာ၍ ဝန်းကျင်အနီးအနားများတွင် အခြေချ၍ အိမ်မြေနေရာသစ်ကို ထူထောင်ခဲ့ ကြသည် ထိုသို့မြေယာသစ်တွင် အခြေချနေထိုင်သော်လည်း မိမိတို့အလေ့အကျင့် ရှိနေပြီဖြစ်သောကြောင့် ခြံစည်းရိုးခေတ် နေထိုင်းခြင်း အလေ့ကိုဆက်ခံ ထိမ်းသိမ်းထားကြလေသည် ဤကဲ့သို့ မြိုလူမျိုးတို့သည် ကုဿဝတီပြည်ကြီး ပျက်စီးပြီးနောက် အာသံနယ်ဘက်မှတဆင့် ကစ္ဆပနဒီ မြစ်ညာဒေသများသို့ အခြေချနေထိုင်လာခဲ့သည့် ကာလအပိုင်းအခြားမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမည် ကာလအထိ မြိ့ရွာတည်ဆောက်သည့် အခါတိုင်း ခိုင်မာသောခြံစည်း ရိုးခတ်၍ နေထိုင်ခဲ့ကြလေသည်                                

ခြံစည်းရိုး(ရ)ထပ်ကာရံပြီး အခိုင်အမာ နေထိုင်ခြင်းကို မြိုဘာသာစကားဖြင့် မရုနယ် အအယ်ဒီ ဟူ၍ ခေါ်ဆိုလေသည် ခြံစည်းရိုးပြုလုပ်သည်ကို မရူးရောက်ဒီ ဆရီ အအယ်ဒီ ဟူ၍လည်းခေါ်ဝေါ်လေသည် မရူ ပြုလပ်၍ နေထိုင်သောလူမျိုး တစ်နည်း ခြံစည်းရိုးဖြင့်နေထိုင်သူများ ဟူသည့်အနက်ကို ရည်ညွန်း၍ မရူ မှ မရို သို့ လည်းကောင်း မရိုဆာ မှမြိုဆာ မြိုစာ သို့လည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ကာလ ကြာမြင့်သောအခါ မြိုဟူ၍ပြောင်းလဲရွေ့လျားလာဟန်ရှိပါသည်

ကိုးကားချက် ဉီးအောင်ခင် ပြွန်တိုကျေးရွာ ပေါက်တောမြို့နယ် မြို ခမိ ရိုးရာသီချင်းမှ တေးဆိုပြောပြချက် (၂၀-၆-မတ်လ၂၀၀၂ )ဓညဝတီအောင်ဇေယျ (မြောက်ဉီး)ရက္ခပူရ ကြေးမူကျမ်း ရန်ကုန် သန်းထိုက် ရာတနာပုံနှိပ်တိုက် ၂၀၀၃-စာ-၅၄ ဤကား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီ နယ်သား ဒိုင်းနက်အမျိုးသားဖြစ်သူ (ဉီးအဉ်ဒရာ ကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား စက္ကမ သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီးကူးယူခဲ့သည် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်း နှင့် ယှဉ်ကျေးမှု ဖော်ထုပ်ရေးအဖွဲ့ ရခိုင်ပြည်နယ် အဖွဲ့ခွဲ အမှတ်(၁)၏လေ့လာတွေ့ရှိချက် စာတမ်း ရခိုင်တိုင်းရင်းသားလူမျိုးများ အကြောင်းနှင့် တိုင်းခွဲအကြို ဆွေးနွေးပွဲမှတ်တမ်း
       
   မြိုလူမျိုးတို့သည် အာသံနယ်ဘက်မှတဆင့် ကုလားတန်မြစ်ဖျား ရေကြည်ရာ မြက်နုရာဒေသများသို့ တရွေ့ရွေ့ပြောင်းရွေ့ ရောက်ရှိလာသူများ ဖြစ်ကြသည်အလျောက် မိမိတို့အဆင့်ဆင့် ဝင်ရောက်လာရသည့်လမ်းသည် ယစ်မာ (ခေါ်) မြစ်ရိုးအတိုင်း စုန်ဆင်းလာရခြင်းဖြစ်သည် ယင်း ယင်းမာမြစ်ရိုးမှတဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများသို့ ပျံ့နှံ့ရောက်ရှိလာကြရသည် ထိုသို့လာလမ်းကို အစွဲပြု၍ မြစ်မရိုးမှလာသူများ ဟူသည့်အဓိပ္ပာယ်ကို ညွန်းလို၍ တစ်ခြာသော တိုင်းရင်းသား (ရခိုင်)တို့က မြစ်မရိုး (သို့)မြစ်ကိုချေ၍ မရို ဟူ၍ လည်းကောင်း တစ်နည်း မြစ်ရိုးမှ အစ် သဒ္ဒါကိုချေ၍ မြစ်ရိုး ၄င်းမှ မြိုး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြရာမှ ကာလကြာမြင့်လာသောအခါ မရို မှ မရို ၄င်းမှ မြိုး မြို့ မှ မြို ဟူ၍တဖြည်းဖြည်း ရွေ့လျောပြောင်းလဲလာဟန်ရှိသည်
            
အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်သောလျင် မြို ဟူသောဝေါ်ဟာရ၏ ရင်းမြစ်သည် မရု (ခြံစည်းရိုး)ဟူသောစကား မြစ်မရိုး (သို့)မြစ်ရိုးဟူသော ဝေါ်ဟာရများမှာ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည် သို့ရာတွင် မြုံ မြုန် မြုမ် ဟူသောဝေါ်ဟာရအတွက်မူ အံဝင်ဆီလျှော်မူမရှိတော့ ပါ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်ရှိ ကုလားများကမြိုလူမျိုးများကို မြိုဂျာ ဟုခေါ်ဝေါ်ကြောင်း အထက်တစ်နေရာ၌ ဆိုခဲ့ပါသည် ထိုအခေါ်မှ မြို ဟူ၍ ပြောင်းလဲလာခြင်းလော့ ဟူ၍လည်းတွေးထင်ဖွယ်ဖြစ်ပါသည်
                                                            
           မြို ဘာသာစကား၌ မရို မြို ဟူသောဝေါဟာရများကိုလည်းကောင်း မြုံ မြုန် မြုမ် ဟူသောဝေါဟာရကို လည်းကောင်း မတွေ့ရပါ ထို ဝေါဟာရနှင့် နီစပ်သော အသံထွက်နှင့် စာလုံးပေါင်းဟန်များကိုလည်း မတွေ့ရပါ စာတမ်း၏အထက်တနေရာတွင် ခမိ ဆိုသည်မှာ လူ ဟူသောဝေါဟာရကို ဆက်လက်လေ့လာကြည့်သောအခါ ရှေးအခါက ခမိ တို့ကိုတောင်မင်းများက အုပ်ချိုပ်ရာက တောင်မင်းပိုင်နက်ကို ခူ ဟုခေါ်သည် ပုပုရွရွသတ္တာဝါကို မီ ဟုခေါ်သည် ထိုကြောင့် ခူ အတွင်း၌ နေထိုင်ကြသည့် မီ များကို ခူမီ (သို့) ခမိ ဟုခေါ်ကြတောသည် ပလဝ နှင့် မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်မှ အောက်သို့ဆင်းသွားသူများကို အဝခမိ ဟုခေါ်ကြသော်လည်း ရခိုင် အမျိုးသားတို့က မြို မရို ဟုအမည်ပေးထားလေသည်
          
 ကိုးကားချက် ပလဝမြို့နယ် ဉီးမောင်မောင်တူ၏ မြိုလူမျိုးများ အကြောင်း စာတမ်း လက်ရေမူ နောက်ကိုးကားလျင် မောင်မောင်တူ မြိုလူမျိုးစုဟု ဖော်ပြပါမည်(ရခိုင်တိုင်းရင်းသားများ အကြောင်းနှင့် တိုင်းခွဲ အကြိုဆွေးနွဲပွဲ မှတ်တမ်း မောင်မောင်တူ မြိုလူမျိုးစု ဟုဖော်ပြထားပြသည်
       
  ရှေးအခါက ခမိ တို့ကိုတောငါမင်းများက အုပ်ချိုပ်သည် တောင်၏ပိုင်နက် ခူ အတွင်းရှိ ပုပုရွရွ လှုပ်ရှားသွားလာနေထိုင်ကြသော သတ္တာဝါများကို မိ ဟုခေါ်ရာမှ ခုမိ ခူမီ မှ ခမိ ဖြစ်လာသည် တစ်နည်းဆိုသော် လှုပ်ရှားသွားလာနေထိုင်သော သတ္တာဝါ (သို့) လူ ဟူ၍အဓပ္ပာယ်ရပါသည် အထက်ပါယူဆချက်များသည် ချင်းပြည်နယ် ပလဝမြို့နယ် အတွင်းရှိ ခူမီး မျိုးနွယ်စုတို့၏ သွင်ပြင်လက္ခဏာကို ဖော်ဆောင်နိုင်ရန် ဖွင့်ဆိုသောအနက်ဖြစ်ပါသည် စင်စစ် ခမိ ဟူသောအသံထွက်သည် ခူမီး မျိုးနွယ်စုများ၏ ၄င်းတို့ကိုရည်းညွန်းခေါ်ဝေးသော အနီးစပ်ဆုံး အစံထွက်ဖြစ်ပါသည် မြို လူမျိုးတို့က မိမိတို့ကို ရည်းညွန်းခေါ်ဝေါ်သည် အနီးစပ်ဆုံး အသံထွက်မှာ ခမီ ဖြစ်ပါသည် ခမီ နှင့် ခမိ အက္ခရာရေးသားမူ အမြင်အရ ကွဲပြားမူမရှိပါ  ယေဘုယအားဖြင့် မျိုးတူစုများဖြစ်သည်ဟု ဆဆိုနိုင်ပါသည် သို့ရာတွင် ခမိဘာသာစကား (၁၀) လုံးတွင် မြိုဘာသာစကားနှင့် တူသော စကားလုံး (၂)လုံးပါဝင်သည် ဟူသော ဖော်ပြချက်အရ ခမိ ဟူသောဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်များသည် ခမိ ဟူသောဝေါဟာရအတွက် ဆီလျှော်အံဝင်နိုင်ရန် ခပ်ပါသည် ထို့ကြေင့် ခမိ ဟူသောဝေါဟရကို စစ်ဆေးကြည့်ပါမည် ထို့နောက် ခမိ ဟူသောဝေါဟာရ၏ ယင်းမြစ်ကို ဖော်ထုပ်ကြည့်ပါမည် ထိုနောက်ဝေါဟာရ(၂)လုံး၏ ဆိုလိုရင်းအနက်ကို တိုက်ဆိုင်စစ်ဆေး ကြည့်ရန်လိုအပ်ပေသည်
          
 ခမိ ဟူသောဝေါဟာရ၌ ဝါကျများအတွင်း စကားအဆက်အစပ် အပေါ်မူတာ်၍ အနက်ပွားများလျှက် ရှိပါသည် ရှိနိုင်သောအနက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(၁) သတ္တဝါလောက အတိုင်းအဝိုင်းမှ တိရစ္ဆာန် သတ္တဝါစသည်တို့နှင့် ခွဲခြားလိုသောအခါ အသိညဏ်                                    အရှိဖြစ်သော လူသား ဟူသည့်အနက်ကို ရည်ညွှန်းခြင်း
                                                             
(၂)မည်သည့်အချင်းအရာ အကြောင်ကစ္စများ၌မဆို မိမိနှင့် ဆက်စကှ်နီးနွယ်မှု မရှိကြောင်း ဖော်ပြလိုက်သည့် အခါ၌ သူတစ်ပါးတို့ဟူသော အနက်ကို ရည်ညွှန်းခြင်း

(၃)အခြားသောတိုင်းရင်းသား လူမျိုးများနှင့် ခွဲခြားပြောဆိုဆသာအခါ  မြိုလူမျိုးတစ်မျိုးတည်း အတွက် မိမိတို့လူမျိုး ငါတို့လူမျိုး ဟူသည့်အနက်ကို ရည်ညွန်းခြင်းစသည်တို့ဖြစ်သည်
         
  အထက်ပါအနက်(၃)ရပ်အနက်နံပတ်(၃)အနက်အရ ခမိ လူမျိုးဟူ၍ ရည်ညွှန်းခံ လူမျိုးတစ်မျိုး ရလာပါသည် မည့်သည့်အနက်ကို သရုပ်ခွဲကြည့်သောအခါ ခ သဒ္ဒါတို့ပေါင်းစပ်ကြောင်း တွေ့ရပါသည် ခမိ ဟူသောပုဒ်၌ ခ သဒ္ဒါသည် စေးကပ်ခြင်း ခက်ခဲ့ခြင်း အနက်ကိုဆောင်ပါသည်  မိ သဒ္ဒါသည် မျက်စိ အဆန် ဟူသောအနက်ကို ဆောင်ပါသည် သဒ္ဒါနှစ်ခုတို့၏ ပေါင်းစပ်ခြင်းအနက် စေးကပ်ခြင်း သဘောရှိသော မျက်စိ (ဝေါ) အဆန်ဟူ၍ဖြစ်လာသည် ဤအနက်များသည် လူသား ဟူသည့်အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ သူတစ်ပါးတို့ဟူသည့် အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ ခမိ ဟူသည့်အညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကိုလည်း ရည်ညွှန်းနိုင်ခြင်းမရှိပါ သို့ဖြစ်လျင် ခမိဟူသောဝေါဟာရ၏ ပင်ကိုသဘော၌ လူမျိုးတစ်မျိုး၏ အသွင်အပြင်နှင့် လက္ခဏာရပ်များကိုဖော်ဆောင်နိုင်သည့် အဓိပ္ပာယ်မရှိကြောင်း ထင်ရှားပါသည်
               
 ကိုးကားချက် ဉီးတင်မောင် အလင်းဆောင်သူများ အတွေ့အကြုံ ရန်ကုန် စာပေဗီမာန် ပုံနိပ်တိုက် ၁၉၇၇ စာ၁၆ တိုင်းရင်းသား ဓလေ့ထုံးစဉ်များ (ချင်း)စာ ၆၂ မောင်စာခေါင် မြိုဘာသာစကား၏ စကားသံများကိုအသုံးချက် သဒ္ဒါဗေဒအမြင်ဖြင့် လေ့လာချက်မဟာဝိဇ္ဇာကျမ်း ရန်ကုန်တက္ကသိုလ် မြန်မစာဌာန ၁၉၉၀ စာ ၁၄ နောက်ကိုးကားလျင် မောင်စာခေါင် မြိုဘာသာစကားဟု ဖော်ပြပါသည်
         
 ထိုကြေင့် ခမိ ဟူသော ဝေါဟာရ၏ ရင်းမြစ်ကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည် မြိုဝေါဟာရအတွင်း ၌ ရှာဖွေကြည့်သောအခါ ခူ ဟူသောဝေါဟာရ မိုး မိုးကောင် ကျေးရွာ ပိုင်နက် တိုင်းပြည် ဟူသောအနက်များကို ဆောင်ပါသည် အမိန် ဟူသောဝေါဟာရသည် ပိုးပွား အသက်ရှိခြင်း သေးကွေးခြင်း ရွရွစိစိဖြစ်ခြင်း များပြားရှုပ်ထွေးခြင်း စသည့်အနက်များကို ဆောင်ပါသည် ၄င်းဝေါဟာရနှစ်လုံးကို ပေါင်းစပ်ကြည့်သောအခါ ခုအမိန်ဖြစ်လာသည် ခုအမိန် အဓိပ္ပယ်မှာ

(၁)မိုးကောင်းကင်အောက်၌ သေးသေး ကွေးကွေးနှင့် များပြားရှုပ်ထွေးစွာရှင်သန် လှုပ်ရှားနေကြသော သက်ရှိမျာ

(၂)တိုင်းပြည်နက် နယ်ပယ်အတွင်း၌ သေးသေးကွေးကွေး နှင့် များပြားရှပ်ထွေးစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးများဟူ၍ဖြစ်ပါသည် ထိုအနက်များသည် အထက်၌ ဆိုခဲ့သော အနက်သဘောကိုအကျုံဝင် ခြံငုံမိစေနိုင်ကြောင်း တွေ့ရပါသည် ထိုကြေင့် ခမိ ဟူသောဝေါဟာရသည် ခုအမိန် ဟူသောဝေါဟာရမှ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည် ပြောင်းလဲပုံမှာ အောက်ပါပါအတိုင်းဖြစ်ပါသည်
                   
                      အခုအမိန်-   ခမိ
                      ခု          -   ခ
                     အမိန်      -   မိန်
                      မိန်        -   မိ 
 ဟူ၍ဖြစ်ပါသည် ထိုအခါ  ခမိ လူမျိုး၏အဓိပ္ပယ်မှာလည်း တိုင်းပြည်ပိုင်နက် အတွင်း၌ သေးကွေးများပြားစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးဟူ၍ ဖြစ်လာပါသည် ဤအနက်သည် ခမိ ဟူသောအရည်ညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကို ဖော်ဆောင်နိုင်သော ဆီလျှော်သည့် အနက်ဖြစ်သည်ဟု ယူဆပါသည် ပလက်ဝမြို့နယ်ရှိ ခူမီးမျိုးနွယ်စုများ၏ ခမိ အဓိပ္ပယ်ခွင့်ဆိုချက် နှင့် ယေဘုယအားဖြင့် တူညီသည်ဟုဆိုနိုင်ပါသည်

  မြို လူမျိုးတို့၏ ဆင်းသက်လာရာ လမ်းကြောင်းကို လေ့လာကြည့်သောအခါ အောက်ပါအတိုင်းတွေ့ရပါသည် ဘာသာစကားအရ မြိုလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်များဖြစ်ကြပါသည် မြန်မာနိုင်ငံအတွင်းသို့  တရုပ်နိုင်ငံ အနောက်မြောက်ဘက်မှ တစ်ဆင့်မြောက်ဘက်သို့ ရွှေ့လျှားလာပြီး ၄င်းမှတဆင့် ဝင်ရောက်လာကြဟန် တူပါသည် အချို့ပညာရှင်များ၏ အယူအဆအရ မြိုလူမျိုးဟု အမည်တွင်လာမည် လူစုသည် မွန်ဂိုဒေသမှတစ်ဆင့် အနောက်မဇ္စိုမဒေသသို့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ တစ်လျောက်စုရုံးအခြေချ နေထိုင်ခဲကြဟန်တူပါသည်

ကိုးကားချက် မောင်စာခေါင်-မြိုဘာသာစကား-စာ-၁၅
Shafer Robert The Linguistic Relationship of Journal of Mru Burma Research Society vol.xxi 1941.p-60 John Stuart,Burma Though The centuries, London, Kagan  Paul Trench Turbner,1910.p-1
        
  ရှေးက မြို တို့ဒေသမှာ ရေရှားပါးသဖြင့် ဆည်ရေ တာတမံရေ တူးကြရသည် အန္ဒိယလူမျိုးများက ထိုတာတမံများကို ဗန္ဓရဗန် ဟုခေါ်ကြသည် ဗန္ဒရ=မျောက်-ဗန် ဆည် အဓိပ္ပယ်မှာ မျောက်ဆည် ဟူ၍ဖြစ်သည် ဗန္ဓရဇာတိ-ဗန္ဓရဗန် ဟူသော စကားလုံးများသည်ရှေးကျသော မဇ္စှိုမဒေသသုံး စကားများဖြစ်ကြပါသည် အဓိပ္ပာယ်မှာ မျောက်လူမျိုး မျောက်ဆည် ဟူ၍ဖြစ်သည် ရှေးက လူမျိုးတို့သည် အလျား(၁၂)တောင်အနံ(၁)ခန့်ရှိသောတောင်ရှည်ပုဆိုးကိုဝက်ဆင်ကြပါသည်ဝက်ဆင်ပုံမှာတစ်စွန်းဖြစ်သောရှေ့ဆံမြီးကို အတိုထား၍နောက်တစ်စွန်းကို ခါးတောင်ကျိုက်ပြီး နောက်ဆံမြီးကိုအရှည်ထား၍ ဝတ်ဆင်ကြပါသည် ဆင်းရဲသားများသည် နောက်ဆံမြီးကို မြေကြီးပေါ်မှာ တစ်တောင်ခန့် လူးလိမ့်တွဲလောင်းကြအောင် ထားတတ်သည် တောင်မင်းကြီးဖြစ်လျှင် နောက်ဆံမြီးကို(၅)တောင်ခန့်ထား၍ ဝတ်ကြသည်                                            

တောင်မင်းကြီးဖြစ်လျှင် မြိုလူမျိုး (၃)ယောက်တို့က အမြီးကိုပွေ့မပြီး လိုက်ကြရသည် ထိုကဲ့သို့အမြီး အရှည်ထားသောကြောင့် မဇ္စီုမဒေသ(အိန္ဒိယလူမျိုး)များက ဗန္ဓရဇတိသည် မျောက်မျိုးဟုဆိုခြင်းဖြစ်သည်
            
 အထက်ပါသုံးသက်ချက်ကို ခိုင်လုံစေသည့် အချက်တစ်ခုမှာ -
ဤခောတ်တွင် သမိုင်းမတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ပင် ဘီလူးဟု သိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ဟန်တူခဲ့သည် ယင်းရှေ့လူတို့ နေထိုင်ခဲ့ရာသို့ တိုင်းရင်းသား လူမျိုးတစ်စုများသည် မြောက်ဘက် မဏီပူရလောက်မှစ၍ တောင်ဘက် ရခိုင် ကမ်းခြေဒေသအထိ မြောက် မှ တောင်ဘက်သို့ ကူလားတန်နှင့် လေးမြို့မြစ်ဝှမ်းများသို့ ရွှေ့လျားပြောင်းရွှေ့ သွားလာနေထိုင်ခဲကြပေးသည် မြောက်မှ ဆင်းး  လာသူတို့သည် ပင်လယ်ကို ရင်ဆိုင်တိုးရသောအခါ အနောက်မြောက်ဘက် ဆီသို့ တစ်ဖန်ရွေ့ခဲ့ကြပန်သည် ဤသို့ဖြင့် ရှေးဟောင်းမျိုးတူစုတို့သည် စစ်တကောင်းတောင်တန်းဒေသ (အရှေ့ပါကစ္စတန်)သို့ ရောက်ခဲ့ကြောင်း ရှေးအကျဆုံးဟု ယူဆရသူတို့မှာ မရုများ သက်များနှင့် ချင်းအစုဝင်များဖြစ်ကြသည် မြို အမည်တွင်လာမည့် လူမျိုးများသည် အနောက် မဇ္စိုမဒေသတွင် မြို့ပြတည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည်မဇ္စိုမဒေသ မြို့ပြနိုင်ငံများထဲတွင် ကုဿဝတီပြည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်
           
 ဤတိုင်းပြည်ကို ဘုရင်ဝရဗမ္မတူမင်းကြီး အုပ်စိုးခဲ့သည်ဟု ဆိုပါသည် ထိုစဉ်က မည်သည့် လူမျိုးဟုခေါ်တွင်သည်ကို မသိရပါ သို့ရာတွင် ယင်းအချိန်ကာလသည် အနောက်မဇ္စိုမဒေသ၌ အာရိယဉ် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ်ရှိပါသည် အရိယဉ် ယဉ်ကျေးမှု အယူအဆ ကွဲပြားလာမှုကြောင့် အချင်းချင်းစစ် တိုက်အနိုင်ယူကြသည့် အချိန်ဖြစ်ပါသည် ထိုသို့ စစ်မတ်ပြု၍ အနိုင်အထက်ပြုကြသော အချိန်တွင် ကုဿဝတီပြည်ကြီးကိုလည်း အခြားတစ်ပါးသော မင်းများက စစ်ခင်းလေသည် ပြည်ကြီးပျက်စီး၍ ဘုရင်တုဓမ္မတူသည်လည်း ထွက်ပြေးတိမ်းရှောင်ရလေသည်
            
ကိုးကားချက် မောင်မောင်တူ မြိုလူမျိုးစု
လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း ရန်ကုန်စာပေ ပုံနှိပ်တိုက် ၁၉၈၀ စာ၂ နောင်ကိုးကားလျင် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိလူမျိုးစာများ
အခြေပြနိုင်ငံရေးသမိုင်း အတွဲ(၁)ရန်ကုန်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၁၉၇၀ စာ-၁၉၄ နောင်ကိုးကားလျင် အခြေပြုမြန်မာနိုင်ငံရေး သမိုင်းဟုဖော်ပြပါသည်

Dr.Daw Thin Kyi Arakanese Capital;A Preliminary of their Geographic Siting.JBRS,L 111 ii Dec1970 p4
                                                           
မြို လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏ သားတော် ခေါ်စာပတိ ဉီးဆောင်ကာ မြောက်ဘက်အာသံပြည်သို့ ခိုလုံရန်ထွက်ပြေး လာခဲ့ကြသည် ၄င်းအာသံပြည်၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့် သဘာဝဘေးအန္တရာယ် သားရဲတိစ္ဆာန်များ၏ ရန်မှကာကွယ်ရန်အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြလေသည် မင်းသားခေါ် စာပတိသည် မိမိ၏နောက်လိုက် အပေါင်းအပါများ စားဝတ်နေရေး ခက်ခဲ့လာသည်ကတကြောင်း အာသံပြည်တွင်ဆက်လက် နေထိုင်ခွင့်မရတော့၍ လည်းကောင်း မိမိ၏လူစုများကို ရေကြည်ရာ မြက်နုရာဒေသသို့ ထွက်ခွါ သွားလာခွင့်ပြုခဲ့ရလေသည် ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူထောင်ခြင်းဟု သတ်မှတ်ခဲ့ကြလေသည် 
            
  လူစုခွဲ၍ အိုးသစ်အိမ်သစ် ထူထောင်ရန်လာကြသော လူအများစုမှာအချို့က ကုလားတန်မြစ်ဖျား ဒေသမှ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစိရိုးအတိုင်း စုန်ဆင်းလာကြသည် အချို့မှုကား အာသံပြည်တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလတ်ချောင်းမှ ဝင်ရောက်လာကြလေသည် အချို့မှာ ဉဿလင်းချောင်းမှ ဝင်ရောက်လာကြသည် အချို့က ချောင်လက်ချောင်း အတိုင်းစုန်ဝင်လာကြသည် အချို့မှာ ပလက်ဝနှင့်မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း မီးချောင်း ရန်ချောင်းနှင့် သရီချောင်း အတိုင်း စုန်ဆင်းလာကြသည် ထိုဒေသတွင် များစွာပြားများနေထိုင်ခဲ့ကြသည် ထိုသို့ကူလားတန်မြစ်နှင့် ပျံ့နံနေထိုင်ခဲ့ရာ၌ မြစ်ကမ်တစ်လျောက်ဖြစ်သော ပလက်ဝမြို့နယ် စက်ပြတ်ပြင် ထက်ဝန်းကျင် ချင်းလက်ဝ ဉဿလင်း လက်ချောင်း အထက်ဘလိုင် စသည့်ဒေသ တစ်ဝိုက်တွင်လည်းကောင်း ဉဿလင်းချောင်း ဝကိတူသောင် အောက်ဘလိုင် ကူဝဒေသမျာသို့ ပျံ့နံနေထိုင်ခံ့ကြလေသည်
             
   မြို လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံးရောက်ရှိ အခြေချနေထိုင်ခဲ့ကြလေသည် မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေပြုပျံ့နံနေထိုင်စဉ် မင်းသားခေါ်စာပတိသည် ဟုန်လော်အမည်ရှိ အမျိုးသမီးနှင့် ဆက်လက်ထိမ်းမြှားပြီး အထက်ဘလိုင်ဒေသတွင် မင်းအဖြစ်စိုးစံခဲလေသည် သို့ရာတွင်အထက်ဘလိုင်ဒေသ၌ မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည်ကိုမှု မသိရှိနိုင်ချေ မြို သင်းကြီအောင်လာသည် မီးဝအောက်ဒေသ တစ်ခုတွင် အခြေချနေထိုင်ပြီး မာရာယု မင်းသားအား ကောက်ယူမွေးစားနိုင်ခဲ့ခြင်း ထောက်လျင်ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်းအခြေချ နေထိုင်ခဲ့ကြပြီး ဟုယူဆနိုင်ပါသည်
   
  ကိုးကားချက် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂ရ ယင်း စာ၂ရ တိုင်းရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)စာ-၆ရ မောင်မောင်တူ မြိုလူမျိုးစုလက်ရေးမူ ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၉၇၆ စာ-၁၀ လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂၈
                                                       
ရခိုင်ရာဇဝင်တို့၏ဖော်ပြချက်အရ မာရာယုမင်းသားသည် ပထမဓညဝီကို ဘီစီ ၃၃၂၅ ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျင် မြို လူမျိုများသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့်  ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အတွင်း ဖြစ်နိုင်ဖွယ်ရှိပါသည် ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်းရခြင်းသည် နောက်ပိုင်းမှအခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့်လည်းကောင်း စစ်မက်ပြု၍ နယ်ချဲတိုးဝင်လာမှုကြောင်းလည်းကောင်း ရေကြည်ရာ မြက်နုရာ ဖြစ်သည့် မြေညီရာပြန့်ဖြိုးသော ဒေသများသို့ တိုးချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်
             
 မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း ကယက်တောင်းတန်း ဒေသများနှင့် ဆမီချောင်း မီးချောင်ဒေသမျာသို့ စုန်ဆင်းနေထိုင်သူများသည် နောက်ပိုင်းမှတိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန်ခုခံ နိုင်ဟန်ရှိပါသည် ထိုဒေသများ၌ နှစ်ရှည်ကြာစွာ အခြေချ နေခဲ့ဟန်တူပါသည် ယကက်တောင်စခန်းတွင် မြို မင်းကြီး ခုနောန်တိန်းသည် မြိုရွာတည်ထောင်ကာ ခြံစည်းရိုး(ရ)ထပ်ဖြင့် အခိုင်မာထီးနန်းစိုက်ခဲ့ကြောင်း မြို မင်းကြီး ခုနောန်တိန်း တွင် ပါစိန် ပါငန် ဟူသော သားနှစ်ပါးရှိပြီး ကျောက်ပန်းတောင် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မြို့ရွာတည်ထောင်ခဲ့ကြောင်း မြို ရှေ့လူကြီးသူမတို့ အစဉ်လာပြောစကားအရ သိရပါသည်
         
  မြိုမင်းကြီး ခုနောန်တိန်သည် ရခိုင်ရာဇဝင်များ၌ မြိုမင်းကြီး ငတိန်ကာ (ငတိန်)ဟူ၍ဖော်ပြကြပါသည် ရခိုင်ရာဇဝင်လာ ငတိန်၏သားတော် ငန်တန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် က္ကုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း ၄င်းတို့မှ မွေးဖွားလာသော ငန်ဆန္ဒန် ပလက်ကောက် ပက္ကစီ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်စားကြ၍ ဝေသာလီအား နှောက်ယှက်သဖြင့် မာရယုမင်းသည် ဉီးရီးတော်များဖြစ်သည့် ထိုရန်ကို နိုင်နှင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်
           
  စာတန်း၏အထက်တစ်နေရာတွင် ရှေးကမဇ္ဇိုမသားတို့သည် မြို လူမျိုးများကို မျောက်လူမျိုးဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်းသိရှိနိုင်ပါသည်
          မျောက်နှင့်ပတ်သက်သည့် အရေးအသားများကို ရခိုင်ရာဇဝင်ကျမ်တို့၌ ဖော်ပြခြင်းရှိ/ မရှိ လေ့လာကြည့်သောအခါ အောက်ပါကောက်နုတ်ချက်ကိုတွေ့ရပါသည် ထိုအခါ ဟိမဝန္တာတောင်ဝယ် မျောက်ဖိုနှင့် ဆက်မ ကျင်လည်ကြ၍ နေထိုင်ကြစဉ်တွင် လေမုန်တိုင်းထန်လျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင် သဖန်းပင်တို့သည် လဲ၍ ရေထဲသို့ကျပြီးလျင် ကစ္ဆပနဒီမြစ်ညာမှ အစဉ်အတိုင်း မျောလာသည်ရှိသော် သေလာဂီရိအမည်ရှိသော ကျောက်တော်တောင်ခြေ ရင်းဝယ် တင်လေ၏ ထိုအခါမျောက်ဖိုနှင့်ဆက်မသည် တောသို့ဝင်၍ မွေးဖွာလေ၏ ထိုသားသမီးတို့တွင် အချို့ကားဘီလူး ဖြစ်သတည်း                                              

      အထက်ပါဖော်ပြချက်၌ မျောက်ဖိုအပြင် ဆက်မ ဟူ၍လည်း ပါလာပါသည် မျောက်ဖိုနှင့် ဆက်မ တို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန်န္ဒန် ဘီလူးဖြစ်လာသည်
           
ကိုးကားချက်  အခြေပြုမြန်မာနိုင်ငံရေး ဘီစီ ၂၆၆၆ ခန့်ဟုဖော်ပြသည် မောင်မောင်တူမြိုလူမျိုးစု လက်ရေးမူ ညဏ ဓညဝတီသစ်ဟု ဖော်ပြပါမည်
ဓညဝတီအောင်ဇေယျ (မြောက်ဉီး)ရက္ခပူရ ကြေးမူကျမ်း စာ၄၆
       
 ထိုဘီလူရန်ကြောင့် ဝေသာလီပြည်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင်အမှတ်အသားများ ရှိပါသည် ဆက်မ ဟူသောဝေါဟာရ၏ ရှင်းတန်းကိုရှာကြည့်သောအခါ သကျသာကီဝံသကို အိန္ဒိယသံဖတ်လျင် ဆက်သယ ဆာကိဝံသ် ဟု အသံထွက်သည် သကျ ကို သက်လူမျိုးတို့၏ အခေါ်အားဖြင့် ဆက်ကယ ဟုပြောဆိုကြလေသောကြောင့် ငါတို့ကား ဆက်လူမျိုး ဟူ၍၄င်း သက်လူမျိုးဟူ၍၄င်း ခေါ်ရိုးခေါ်စဉ်ရှိကြ၏ ဟူ၍တွေ့ရပါသည် တဖန် သကျ  ဟူသောစကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယအသံနှင့်ဖတ်လျင် (ဆကျ)ဟူ၍ဖတ်ရပါသည် ဆကျ မှ ဆက်ခြစ်လာ၍ ရခိုင်အသံနှင့် ဆက် ဟူ၍ အသံအနည်းငယ်ရွေးလျားလာခဲ့ပါသည် ယင်းကြောင်းလည်း က္ကန္ဒမာယုကို ဆက်ဟုပြောရခြင်းဖြစ်ပါသည် တိရစ္ဆန်မဟုတ်ပါဟူ၍လည်း တွေ့ရပါသည် အထက်ပါဖော်ပြချက်အရ မျောက်ဖိုသည် မြို အမျိုးသားဖြစ်လာ၍ ဆက်မသည် သက် အမျိုးသမီး ဖြစ်လာပါသည်

     သက်လူမျိုး               
   မြို အမျိုးသားနှင့် သက်အမျိုသမီးတို့မှ မွေးဖွားလာသောသားသမီး (၃၂)အနက် အချို့ကားဘီလူးဖြစ်လေသည်ဟူသော စကား၌ သဘာဝယတ္တိအရ စဉ်းစားဖွယ် ဖြစ်ပါသည် ထိုအခါ မျောက် နှင့် သက်မ ဟူသော အယူအဆ၏ အရည်ညွန်းခံသည့် လူသား စင်စစ်ဖြစ်ပါလျက် ဘီလူးတို့မွေးဖွားလာရသည်ဆိုသော စကားမှာ စောဒကတက်စရာဖြစ်ပါသည် ထို့ကြောင့်ဘီလူး၏ အရည်ညွန်းခံကို ဆက်လက်ရှာဖွေလေ့လာကြည့်သောအခါ အောက်ပါအချက်ကိုတွေ့ရပါသည်
           
  ဤဒေသတွင် သမိုင်းသတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှာ ကဲ့သို့ပင် ဘီလူးဟုသိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ကြဟန်တူပေသည် ထိုကြောင့်ဘီလူး၏ အရည်ညွန်းခံသည် သြစတြလွိုက် လူမျိုးနွယ်ဝင်များ ဖြစ်နိုင်သည်ဟူသော အချက်ကိုရလာပါသည် ရခိုင်ဝေသာလီမြို့အား ဖျက်စီးနောက်နှက်ယှက်သော ရက္ခိုင်ဘီလူးတို့၏ ရန်ဆူးရန်ငြောင့်ဆိုသည်မှာလည်း သြစတြလွိုက် လူမျိုးဝင်တို့၏ ရန်ဆူးရန်ငြောင့်ဟု ယူဆရန်ဖြစ်လာပါသည်
            
  အထက်ပါယူဆချက်များကို ခိုင်လုံစေသောအထောက်အထားကို ဆက်လက်ရှာဖွေသောအခါ ကောက်နုတ်ချက် အချို့ကိုတွေ့ရပါသည်
                                                            
က္ကန္ဒမမာယု သကျသာကီဝင် အမျိုးသမီးမှ မွေးဖွားသောမာရာယုသည် အရွယ်ရောက်လာသောအခါ ရန်ငြောင့် ဟူသမျှကို သုတ်သင်ရှင်းလင်းရန် ဓညဝတီ မြို့တော်ကို တည်ထောင်ဖန်ဆင်း မင်းမူလေ၏ ရန်ဆူးရန်ငြောင့်မှဘီလူးရန်ဖြစ်သည်ဟု ရာဇဝင်ဆရာများဆိုကြ၏ သားစိမ်းစား ငါးစိမ်းစားများဖြစ်ကြသဖြင့် ဘီလူးရန်ဟုခေါ်ကြရသည်ပင် အလွန်ရှေးကျသော ခောတ်မှာ မီးကိုရှာမတွေ့ခင် ကမ္ဘာအနံအပြား ရှိနေခဲ့ကြသူများသည် သားစိမ်း ငါးစိမ်းများကို စားခဲ့ကြသည် ယင်းကဲ့သို့လူတစ်စုကို မာရာယု နှိမ်နှင်းတော်မူရသည် ဟူ၍သော မှတ်ယူစဖွယ်ရှိသည် ထိုကြေင့် မြို အမျိုးသားနှင့် သက် အမျိုးသမီးတို့ပေါာင်းဖက်ရာမှ မွေးဖွားလာသူများသည် လူ များသာဖြစ်သည် ဟူသောအယူအဆမှာ အတော်အတန်ခိုင်လုံပြီဟုဆိုနိုင်ပါသည်
               
   ကိုးကားချက်   အရှင်ကေသာရ မာရာယုနှင့် ဗေဒါရာဇဝင်ရှင်းတန်း ရန်ကုန် ဒီမိုကရေစီပုံနှိပ်တိုက် ၁၃၇၁ ပြာတိုလ စာ ၁၅ နောင်ကိုးကားလျင် ကေသာရ ဗေးဒါရှင်းတန်းဟုဖော်ပြပါမည် ကေသာရ ဗေဒါရှင်းတန်း စာ  ၆
အောင်သာဉီး ရခိုင်ရာဇဝင် ရန်ကုန် မြရာတနာ ပုံနှိပ်တိုက် ၁၉၅၆ စာ ၂ (နောင်ကိုးကားလျင် အောင်သာဉီး ရခိုင်ရာဇဝင်ဟုဖော်ပြပါမည်) ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမုံကျမ်း စာ-၄၈/၄၉ အခြေပြ မြန်မာနိုင်ငံရေး သမိုင်း စာ-၁၉၄

No comments:

Post a Comment