Tuesday, March 12, 2013

မြိုခမိ လူမျိုးတို့၏ သမိုင်း (၂)

 မြိုခမိ လူမျိုးတို့၏ဆင်းသက်လာပုံ

 အခု အမိန်- ခမိ
 ခု - ခ အမိန် - မိန်
 မိန် - မိ ဟူ၍ဖြစ်ပါသည် 


ထိုအခါ ခမိလူမျိုး၏အဓိပ္ပယ်မှာလည်း တိုင်းပြည်ပိုင်နက် အတွင်း၌ သေးကွေးများပြားစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးဟူ၍ ဖြစ်လာပါသည် ဤအနက်သည် ခမိ ဟူသောအရည်ညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကို ဖော်ဆောင်နိုင်သော ဆီလျှော်သည့် အနက်ဖြစ်သည်ဟု ယူဆပါသည် ပလက်ဝမြို့နယ်ရှိ ခူမီးမျိုးနွယ်စုများ၏ ခမိ အဓိပ္ပယ်ခွင့်ဆိုချက် နှင့် ယေဘုယအားဖြင့် တူညီသည်ဟုဆိုနိုင်ပါသည် မြို လူမျိုးတို့၏ ဆင်းသက်လာရာ လမ်းကြောင်းကို လေ့လာပြည့်သောအခါ အောက်ပါအတိုင်းတွေ့ရပါသည်

                 ဘာသာစကားအရ မြိုလူမျိုးများသည် တိဘက်-မြန်မာ အနွယ်ဝင်များဖြစ်ကြပါသည် မြန်မာနိုင်ငံအတွင်းသို့ တရုပ်နိုင်ငံ အနောက်မြောက်ဘက်မှ တစ်ဆင့်မြောက်ဘက်သို့ ရွှေ့လျှားလာပြီး ၄င်းမှတဆင့် ဝင်ရောက်လာကြဟန် တူပါသည် အချို့ပညာရှင်များ၏ အယူအဆအရ မြိုလူမျိုးဟု အမည်တွင်လာမည် လူစုသည် မွန်ဂိုဒေသမှတစ်ဆင့် အနောက်မဇ္စိုမဒေသသို့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ တစ်လျောက်စုရုံးအခြေချ နေထိုင်ခဲကြဟန်တူပါသည်

ကိုးကားချက် မောင်စာခေါင်-မြိုဘာသာစကား-စာ-၁၅ Shafer Robert The Linguistic Relationship of Journal of Mru Burma Research Society vol.xxi 1941.p-60 John Stuart,Burma Though The centuries, London, Kagan Paul Trench Turbner,1910.p-1
                     
 ရှေးက မြို တို့ဒေသမှာ ရေရှားပါးသဖြင့် ဆည်ရေ တာတမံရေ တူးကြရသည် အန္ဒိယလူမျိုးများက ထိုတာတမံများကို ဗန္ဓရဗန် ဟုခေါ်ကြသည် ဗန္ဒရ=မျောက်-ဗန် ဆည် အဓိပ္ပယ်မှာ မျောက်ဆည် ဟူ၍ဖြစ်သည် ဗန္ဓရဇာတိ-ဗန္ဓရဗန် ဟူသော စကားလုံးများသည်ရှေးကျသော မဇ္စှိုမဒေသသုံး စကားများဖြစ်ကြပါသည် အဓိပ္ပာယ်မှာ မျောက်လူမျိုး မျောက်ဆည် ဟူ၍ဖြစ်သည် ရှေးက လူမျိုးတို့သည်အလျား(၁၂)တောင်အနံ(၁)ခန့်ရှိသောတောင်ရှည်ပုဆိုးကိုဝက်ဆင်ကြပါသည်

                  ဝက်ဆင်ပုံမှာတစ်စွန်းဖြစ်သာရှေ့ဆံမြီးကို အတိုထား၍နောက်တစ်စွန်းကို ခါးတောင်ကျိုက်ပြီး နောက်ဆံမြီးကိုအရှည်ထား၍ ဝတ်ဆင်ကြပါသည် ဆင်းရဲသားများသည် နောက်ဆံမြီးကို မြေကြီးပေါ်မှာတစ်တောင်ခန့် လူးလိမ့်တွဲလောင်းကြအောင် ထားတတ်သည်
 တောင်မင်းကြီးဖြစ်လျှင် နာက်ဆံမြီးကို(၅)တောင်ခန့်ထား၍ ဝတ်ကြသည် တောင်မင်းကြီးဖြစ်လျှင် မြိုလူမျိုး (၃)ယောက်တို့ကအမြီးကိုပွေ့မပြီး လိုက်ကြရသည် ထိုကဲ့သို့အမြီး အရှည်ထားသောကြောင့် မဇ္စီုမဒေသ(အိန္ဒိယလူမျိုး)များက ဗန္ဓရဇတိသည် မျောက်မျိုးဟုဆိုခြင်းဖြစ်သည်
                                                                                                   အထက်ပါသုံးသက်ချက်ကို ခိုင်လုံစေသည့် အချက်တစ်ခုမှာ - ဤခောတ်တွင် သမိုင်းမတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ပင် ဘီလူးဟု သိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ဟန်တူခဲ့သည် ယင်းရှေ့လူတို့ နေထိုင်ခဲ့ရာသို့ တိုင်းရင်းသား လူမျိုးတစ်စုများသည် မြောက်ဘက် မဏီပူရလောက်မှစ၍ တောင်ဘက် ရခိုင် ကမ်းခြေဒေသအထိ                                                                                                                     မြောက် မှ တောင်ဘက်သို့ ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းများသို့ ရွှေ့လျားပြောင်းရွှေ့                                    သွားလာနေထိုင်ခဲကြပေသည်

 မြောက်မှ ဆင်း လာသူတို့သည် ပင်လယ်ကို ရင်ဆိုင်တိုးရသောအခါ အနောက်မြောက်ဘက် ဆီသို့ တစ်ဖန်ရွေ့ခဲ့ကြပန်သည် ဤသို့ဖြင့် ရှေးဟောင်းမျိုးတူစုတို့သည် စစ်တကောင်းတောင်တန်းဒေသ (အရှေ့ပါကစ္စတန်)သို့ ရောက်ခဲ့ကြောင်း ရှေးအကျဆုံးဟု ယူဆရသူတို့မှာ မရုများ သက်များနှင့် ချင်းအစုဝင်များဖြစ်ကြသည် မြို အမည်တွင်လာမည့် လူမျိုးများသည် အနောက် မဇ္စိုမဒေသတွင်
မြို့ပြတည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည်

မဇ္စိုမဒေသ မြို့ပြနိုင်ငံများထဲတွင် ကုဿဝတီပြည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ဤတိုင်းပြည်ကို ဘုရင်ဝရဗမ္မတူမင်းကြီး အုပ်စိုးခဲ့သည်ဟု ဆိုပါသည် ထိုစဉ်က မည်သည့် လူမျိုးဟုခေါ်တွင်သည်ကို မသိရပါ သို့ရာတွင် ယင်းအချိန်ကာလသည် အနောက်မဇ္စိုမဒေသ၌ အာရိယဉ် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ်ရှိပါသည် အရိယဉ် ယဉ်ကျေးမှု အယူအဆ ကွဲပြားလာမှုကြောင့် အချင်းချင်းစစ် တိုက်အနိုင်ယူကြသည့် အချိန်ဖြစ်ပါသည် ထိုသို့ စစ်မတ်ပြု၍ အနိုင်အထက်ပြုကြသော အချိန်တွင် ကုဿဝတီပြည်ကြီးကိုလည်း အခြားတစ်ပါးသော မင်းများက စစ်ခင်းလေသည် ပြည်ကြီးပျက်စီး၍ ဘုရင်တုဓမ္မတူသည်လည်း ထွက်ပြေးတိမ်းရှောင်ရလေသည်

  ကိုးကားချက် မောင်မောင်တူ မြိုလူမျိုးစု လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း ရန်ကုန်စာပေ ပုံနှိပ်တိုက် ၁၉၈၀ စာ၂ နောင်ကိုးကားလျင် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိလူမျိုးစာများ အခြေပြနိုင်ငံရေးသမိုင်း အတွဲ(၁)ရန်ကုန်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၁၉၇၀ စာ-၁၉၄ နောင်ကိုးကားလျင် အခြေပြုမြန်မာနိုင်ငံရေး သမိုင်းဟုဖော်ပြပါသည် Dr.Daw Thin Kyi Arakanese 
Capital;A Preliminary of their Geographic Siting.JBRS,L 111 ii Dec1970 p4 

 မြို လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏ သားတော် ခေါ်စာပတိ ဉီးဆောင်ကာ မြောက်ဘက်အာသံပြည်သို့ ခိုလုံရန်ထွက်ပြေး လာခဲ့ကြသည် ၄င်းအာသံပြည်၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့် သဘာဝဘေးအန္တရာယ် သားရဲတိစ္ဆာန်များ၏ ရန်မှကာကွယ်ရန်အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြလေသည် မင်းသားခေါ် စာပတိသည် မိမိ၏နောက်လိုက် အပေါင်းအပါများ စားဝတ်နေရေး ခက်ခဲ့လာသည်ကတကြောင်း အာသံပြည်တွင်ဆက်လက် နေထိုင်ခွင့်မရတော့၍ လည်းကောင်း မိမိ၏လူစုများကို ရေကြည်ရာ မြက်နုရာဒေသသို့ ထွက်ခွါ သွားလာခွင့်ပြုခဲ့ရလေသည်

ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူထောင်ခြင်းဟု သတ်မှတ်ခဲ့ကြလေသည် လူစုခွဲ၍ အိုးသစ်အိမ်သစ် ထူထောင်ရန်လာကြသော လူအများစုမှာအချို့က ကုလားတန်မြစ်ဖျား ဒေသမှ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစ်ရိုးအတိုင်း စုန်ဆင်းလာကြသည် အချို့မှုကား အာသံပြည်တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလတ်ချောင်းမှ ဝင်ရောက်လာကြလေသည်

အချို့မှာ ဉဿလင်းချောင်းမှ ဝင်ရောက်လာကြသည် အချို့က ချောင်လက်ချောင်း အတိုင်းစုန်ဝင်လာကြသည် အချို့မှာ ပလက်ဝနှင့်မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း မီးချောင်း ရန်ချောင်းနှင့် သရီချောင်း အတိုင်း စုန်ဆင်းလာကြသည် ထိုဒေသတွင် များစွာပြားများနေထိုင်ခဲ့ကြသည် ထိုသို့ကုလားတန်မြစ်နှင့် ပျံ့နံနေထိုင်ခဲ့ရာ၌ မြစ်ကမ်တစ်လျောက်ဖြစ်သော ပလက်ဝမြို့နယ် စက်ပြတ်ပြင် ထက်ဝန်းကျင် ချင်းလက်ဝ ဉဿလင်း လက်ချောင်း အထက်ဘလိုင် စသည့်ဒေသ တစ်ဝိုက်တွင်လည်းကောင်း ဉဿလင်းချောင်း ဝကိတူသောင် အောက်ဘလိုင် ကူဝဒေသမျာသို့ ပျံ့နံနေထိုင်ခံ့ကြလေသည်

 မြို လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံးရောက်ရှိ အခြေချနေထိုင်ခဲ့ကြလေသည် မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေပြုပျံ့နံနေထိုင်စဉ် မင်းသားခေါ်စာပတိသည် ဟုန်လော်အမည်ရှိ အမျိုးသမီးနှင့် ဆက်လက်ထိမ်းမြှားပြီး အထက်ဘလိုင်ဒေသတွင် မင်းအဖြစ်စိုးစံခဲလေသည် သို့ရာတွင်အထက်ဘလိုင်ဒေသ၌ မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည်ကိုမှု မသိရှိနိုင်ချေ မြို သင်းကြီအောင်လာသည် မီးဝအောက်ဒေသ တစ်ခုတွင် အခြေချနေထိုင်ပြီး မာရာယု မင်းသားအား ကောက်ယူမွေးစားနိုင်ခဲ့ခြင်း ထောက်လျင်ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်းအခြေချ နေထိုင်ခဲ့ကြပြီး ဟုယူဆနိုင်ပါသည် 

 ကိုးကားချက် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂ရ ယင်း စာ၂ရ တိုင်းရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)စာ-၆ရ မောင်မောင်တူ မြိုလူမျိုးစုလက်ရေးမူ ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၉၇၆ စာ-၁၀ လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂၈ 

ရခိုင်ရာဇဝင်တို့၏ဖော်ပြချက်အရ မာရာယုမင်းသားသည် ပထမဓညဝီကို ဘီစီ ၃၃၂၅ ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျင် မြို လူမျိုများသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့် ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အတွင်း ဖြစ်နိုင်ဖွယ်ရှိပါသည် ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်းရခြင်းသည် နောက်ပိုင်းမှအခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့်လည်းကောင်း စစ်မက်ပြု၍ နယ်ချဲတိုးဝင်လာမှုကြောင်းလည်းကောင်း ရေကြည်ရာ မြက်နုရာ ဖြစ်သည့် မြေညီရာပြန့်ဖြိုးသော ဒေသများသို့ တိုးချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်

 မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း ကယက်တောင်းတန်း ဒေသများနှင့် ဆမီချောင်း မီးချောင်ဒေသမျာသို့ စုန်ဆင်းနေထိုင်သူများသည် နောက်ပိုင်းမှတိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန်ခုခံ နိုင်ဟန်ရှိပါသည် ထိုဒေသများ၌ နှစ်ရှည်ကြာစွာ အခြေချ နေခဲ့ဟန်တူပါသည် ယကက်တောင်စခန်းတွင် မြို မင်းကြီး ခုနောန်တိန်းသည် မြိုရွာတည်ထောင်ကာ ခြံစည်းရိုး(ရ)ထပ်ဖြင့် အခိုင်မာထီးနန်းစိုက်ခဲ့ကြောင်း မြို မင်းကြီး ခုနောန်တိန်း တွင် ပါစိန် ပါငန် ဟူသော သားနှစ်ပါးရှိပြီး ကျောက်ပန်းတောင် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မြို့ရွာတည်ထောင်ခဲ့ကြောင်း မြို ရှေ့လူကြီးသူမတို့ အစဉ်လာပြောစကားအရ သိရပါသည်

 မြိုမင်းကြီး ခုနောန်တိန်သည် ရခိုင်ရာဇဝင်များ၌ မြိုမင်းကြီး ငတိန်ကာ (ငတိန်)ဟူ၍ဖော်ပြကြပါသည် ရခိုင်ရာဇဝင်လာ ငတိန်၏သားတော် ငန်တန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် က္ကုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း ၄င်းတို့မှ မွေးဖွားလာသော ငန်ဆန္ဒန် ပလက်ကောက် ပက္ကစီ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်စားကြ၍ ဝေသာလီအား နှောက်ယှက်သဖြင့် မာရယုမင်းသည် ဉီးရီးတော်များဖြစ်သည့် ထိုရန်ကို နိုင်နှင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည် စာတန်း၏အထက်တစ်နေရာတွင် ရှေးကမဇ္ဇိုမသားတို့သည် မြို လူမျိုးများကို မျောက်လူမျိုးဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်းသိရှိနိုင်ပါသည်

 မျောက်နှင့်ပတ်သက်သည့် အရေးအသားများကို ရခိုင်ရာဇဝင်ကျမ်းတို့၌ ဖော်ပြခြင်းရှိ/ မရှိ လေ့လာကြည့်သောအခါ အောက်ပါကောက်နုတ်ချက်ကိုတွေ့ရပါသည် ထိုအခါ ဟိမဝန္တာတောင်ဝယ် မျောက်ဖိုနှင့် ဆက်မ ကျင်လည်ကြ၍ နေထိုင်ကြစဉ်တွင် လေမုန်တိုင်းထန်လျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင် သဖန်းပင်တို့သည် လဲ၍ ရေထဲသို့ကျပြီးလျင် ကစ္ဆပနဒီမြစ်ညာမှ အစဉ်အတိုင်း မျောလာသည်ရှိသော် သေလာဂီရိအမည်ရှိသော ကျောက်တော်တောင်ခြေ ရင်းဝယ် တင်လေ၏ ထိုအခါမျောက်ဖိုနှင့်ဆက်မသည် တောသို့ဝင်၍ မွေးဖွာလေ၏ ထိုသားသမီးတို့တွင် အချို့ကားဘီလူး ဖြစ်သတည်း  အထက်ပါဖော်ပြချက်၌ မျောက်ဖိုအပြင် ဆက်မ ဟူ၍လည်း ပါလာပါသည်

 မျောက်ဖိုနှင့် ဆက်မ တို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန်န္ဒန် ဘီလူးခြစ်လာသည် ကိုးကားချက် အခြေပြုမြန်မာနိုင်ငံရေး ဘီစီ ၂၆၆၆ ခန့်ဟုဖော်ပြသည် မောင်မောင်တူမြိုလူမျိုးစု လက်ရေးမူ ညဏ ဓညဝတီသစ်ဟု ဖော်ပြပါမည် ဓညဝတီအောင်ဇေယျ (မြောက်ဉီး)ရက္ခပူရ ကြေးမူကျမ်း စာ၄၆ ထိုဘီလူရန်ကြောင့် ဝေသာလီပြည်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင်အမှတ်အသားများ ရှိပါသည် ဆက်မ ဟူသောဝေါဟာရ၏ ရှင်းတန်းကိုရှာကြည့်သောအခါ သကျသာကီဝံသကို အိန္ဒိယသံဖတ်လျင် ဆက်သယ ဆာကိဝံသ် ဟု အသံထွက်သည်

 သကျ ကို သက်လူမျိုးတို့၏ အခေါ်အားဖြင့် ဆက်ကယ ဟုပြောဆိုကြလေသောကြောင့် ငါတို့ကား ဆက်လူမျိုး ဟူ၍၄င်း သက်လူမျိုးဟူ၍၄င်း ခေါ်ရိုးခေါ်စဉ်ရှိကြ၏ ဟူ၍တွေ့ရပါသည် တဖန် သကျ ဟူသောစကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယအသံနှင့်ဖတ်လျင် (ဆကျ)ဟူ၍ဖတ်ရပါသည် ဆကျ မှ ဆက်ခြစ်လာ၍ ရခိုင်အသံနှင့် ဆက် ဟူ၍ အသံအနည်းငယ်ရွေးလျားလာခဲ့ပါသည် ယင်းကြောင်းလည်း က္ကန္ဒမာယုကို ဆက်ဟုပြောရခြင်းဖြစ်ပါသည် တိရစ္ဆန်မဟုတ်ပါဟူ၍လည်း တွေ့ရပါသည်

အထက်ပါဖော်ပြချက်အရ မျောက်ဖိုသည် မြို အမျိုးသားဖြစ်လာ၍ ဆက်မသည် သက် အမျိုးသမီး ဖြစ်လာပါသည် မြို အမျိုးသားနှင့် သက်အမျိုသမီးတို့မှ မွေးဖွားလာသောသားသမီး (၃၂)အနက် အချို့ကားဘီလူးဖြစ်လေသည်ဟူသော စကား၌ သဘာဝယတ္တိအရ စဉ်းစားဖွယ် ဖြစ်ပါသည် ထိုအခါ မျောက် နှင့် သက်မ ဟူသော အယူအဆ၏ အရည်ညွန်းခံသည့် လူသား စင်စစ်ဖြစ်ပါလျက် ဘီလူးတို့မွေးဖွားလာရသည်ဆိုသော စကားမှာ စောဒကတက်စရာဖြစ်ပါသည်

 ထို့ကြောင့်ဘီလူး၏ အရည်ညွန်းခံကို ဆက်လက်ရှာဖွေလေ့လာကြည့်သောအခါ အောက်ပါအချက်ကိုတွေ့ရပါသည် ဤဒေသတွင် သမိုင်းသတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှာ ကဲ့သို့ပင် ဘီလူးဟုသိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ကြဟန်တူပေသည် ထိုကြောင့်ဘီလူး၏ အရည်ညွန်းခံသည် သြစတြလွိုက် လူမျိုးနွယ်ဝင်များ ဖြစ်နိုင်သည်ဟူသော အချက်ကိုရလာပါသည်

  ရခိုင်ဝေသာလီမြို့အား ဖျက်စီးနောက်နှက်ယှက်သော ရက္ခိုင်ဘီလူးတို့၏ ရန်ဆူးရန်ငြောင့်ဆိုသည်မှာလည်း သြစတြလွိုက် လူမျိုးဝင်တို့၏ ရန်ဆူးရန်ငြောင့်ဟု ယူဆရန်ဖြစ်လာပါသည် အထက်ပါယူဆချက်များကို ခိုင်လုံစေသောအထောက်အထားကို ဆက်လက်ရှာဖွေသောအခါ ကောက်နုတ်ချက် အချို့ကိုတွေ့ရပါသည် က္ကန္ဒမမာယု သကျသာကီဝင် အမျိုးသမီးမှ မွေးဖွားသောမာရာယုသည် အရွယ်ရောက်လာသောအခါ ရန်ငြောင့် ဟူသမျှကို သုတ်သင်ရှင်းလင်းရန် ဓညဝတီ မြို့တော်ကို တည်ထောင်ဖန်ဆင်း မင်းမူလေ၏
ရန်ဆူးရန်ငြောင့်မှဘီလူးရန်ဖြစ်သည်ဟု ရာဇဝင်ဆရာများဆိုကြ၏ သားစိမ်းစား ငါးစိမ်းစားများဖြစ်ကြသဖြင့် ဘီလူးရန်ဟုခေါ်ကြရသည်ပင် အလွန်ရှေးကျသော ခောတ်မှာ မီးကိုရှာမတွေ့ခင် ကမ္ဘာအနံအပြား ရှိနေခဲ့ကြသူများသည် သားစိမ်း ငါးစိမ်းများကို စားခဲ့ကြသည် ယင်းကဲ့သို့လူတစ်စုကို မာရာယု နှိမ်နှင်းတော်မူရသည် ဟူ၍သော မှတ်ယူစဖွယ်ရှိသည် ထိုကြေင့် မြို အမျိုးသားနှင့် သက် အမျိုးသမီးတို့ပေါာင်းဖက်ရာမှ မွေးဖွားလာသူများသည် လူ များသာဖြစ်သည် ဟူသောအယူအဆမှာ အတော်အတန်ခိုင်လုံပြီဟုဆိုနိုင်ပါသည်

ကိုးကားချက် အရှင်ကေသာရ မာရာယုနှင့် ဗေဒါရာဇဝင်ရှင်းတန်း ရန်ကုန် ဒီမိုကရေစီပုံနှိပ်တိုက် ၁၃၇၁ ပြာတိုလ စာ ၁၅ နောင်ကိုးကားလျင် ကေသာရ ဗေးဒါရှင်းတန်းဟုဖော်ပြပါမည် ကေသာရ ဗေဒါရှင်းတန်း စာ ၆ အောင်သာဉီး ရခိုင်ရာဇဝင် ရန်ကုန် မြရာတနာ ပုံနှိပ်တိုက် ၁၉၅၆ စာ ၂ (နောင်ကိုးကားလျင် အောင်သာဉီး ရခိုင်ရာဇဝင်ဟုဖော်ပြထားပါမည်) ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမုံကျမ်း စာ-၄၈/၄၉ အခြေပြ မြန်မာနိုင်ငံရေး သမိုင်း စာ-၁၉၄

No comments:

Post a Comment