Thursday, March 13, 2014

ရခိုင်ဘုန်ကြီး ပညာသီဟက ခမိလူမူရေးအသင်းကို ဖွဲစဉ်းခဲ့

မြန်မာနိုင်ငံရှိ တိုင်ရင်းသားလူမျိုးများအနက် မြို ခေါ် ခမိ လူမျိုးတွေဟာ အငြင်းပွားစရာ လူမျိုးအဖြစ် မြန်မာဆွယ်စုံကျမ်းတွင်ဖေါ်ပြထားပါတယ်။မြို လူမျိုတွေဟာ ရခိုင်ပြည်နယ်မှာရှိနေသလို ချင်းလူမျိုထဲမှာပဲပါဝင်တာကို ဖေါ်ပြထားပါတယ်။မြိုလူမျိုတွေဟာ သက္ကရစ် ၁၃၁ မှ၁၅၆ ထိ ရခိုင်ထီးနန်းကို စိုးစံခဲကြောင်း မြန်မာသမိုင်း ပညာရှင်တွေကဖေါ်ပြထားပါတယ်။မြို လူမျိုတွေဟာ ယဉ်ကျေးမူဘာသာစကားဖြင့် သီးခြားလူမျိုးတစ်မျိုးဖြစ်ပါတယ်။မည်သည့်လူမျိုးအနွယ်ဝင်လူမျိုးမဟုတ်ပေ။မြိုလူမျိုးတွေရဲ့ အမျိုးပေါင်းသိရသလောက်တော့ ၆၀ ကျော်ရှိပါတယ်။အင်္ဂလိပ်လို last name လို့ခေါ်ပါတယ်။ဥပမာ ရဆိန်နာ ဒရောင်ဆိန် ဝါဒိန်နာ စင်မာ ထလက်စပ်စနက် ခူတူစဖာစ် စသည့်အမျိုးအမည်များရှိကြသည်။ ဒါပေမဲ့ နေရာဒေသ အလိုက်တော့ စားကားအနည်းငယ်ကွဲပြားကြပါတယ်။တစ်ချို့တိုင်းရင်းသားတွေကလည်း ယာဉ်ကျေးမူ ဘာသာစကား ကွဲပြားတာကိုလည့်လာတွေ့ရပါတယ်။စကားနည်းနည်းကွဲတာကိုအမည်ပြုပြီး၁၉၅၃ခုနှစ်တွင် မြောက်ဦးမြို့နယ် လောင်ရှည်ချောင်းကျေးရွာတွင် ရခိုင်ဘုန်ကြီ ပညာသီဟက ခမိလူမူရေးအသင်းကို ဖွဲစဉ်းခဲသည်။န အ ဖ ကျောင်းစာတွင် ယနေ့ တွေ့ရပါတယ် ။ရခိုင်အခေါ် ခမွီးလူမျိုးလို့ ခေါ် ပါသည်။ခမိ ဆိုတာ မြို စကားဖြင့် လူလို့ အဓိပ္ပယ်ရပါတယ်။ဥပမာ မြန်မာလို ရေ အင်္ဂလိပ်လို ပြောရင် Water လို့အဓိပ္ပယ်ရပါတယ်။ခမိ အမည်ခံ မြိုတွေဟာ စာပေဘာသာဗေဒ ပညာရပ်တွေမလည့်လာတော့ လူမျိုးရေး အငြင်းပွားစရာ ဖြစ်နေပါတယ်။ယနေ့ပြန်ပြီ မြို ခေါ် ခမိ လူမျိုးတွေဘယ်ကလာသလဲ။လေ့လာဖို့လိုပါတယ် လူမျိုးတစ်မျိုးဖြစ်လာရင် သမိုင်းရှိရမယ်။သမိုင်မရှိတဲ့ လူမျိုးဟာ အတုပဲဖြစ်ပါတယ်။မြိုလူမျိုး၏ မူရင်းဒေသမှာ တရုတ်ပြည် Kwang his နှင့် kuei chou ပြည်နယ် ဖြစ်သည်ဟု hand book for the indian army of burma 1933 စာအုပ်တွင် ဗိုလ်မူ ဒေးဗစ်က ရေးထားတာကို တွေ့ရပါတယ်။မြို လူမျိုးတို့သည် ရခိုင်ပြည် နှင့် ချင်းပြည်နယ်များတွင် ပျံနှံ့ နေထိုင်ကြ၏။ယနေ့ ၂၀၁၄ သန်းခေါင်စရင်း ကောက်ရင် ဘာလူမျိုး အဖြစ်ရပ်တည်ကြမလဲ။စဉ်းစားဖို့ အချိန်တန်နေပါပြီ။တစ်ချို့က မြို တစ်ချို့က ခမိ ဆိုပြီအတ္တ ရှိနေကြတယ်။ဒေါသတွေကို ရပ်တန်းဖို့ အချိန်တန်နေပါပြီ။လူမျိုးအချင်းချင်း စကားများရင်းနဲ့ နိုင်ငံရေး ပညာရေး လူမူရေး အရမ်းနောက်ကျနေပါပြီ ကမ္ဘာသမိုင်း ပညာရှင်တွေပေးထားတဲ့ နာမည်အတိုင်း ရပ်တည်ကြဖို့ တိုက်တွန်းလိုပါသည်။အားလုံးငြိမ်သက်ခြင်း နှင့်ဝမ်းမြောက်ခြင်းရှိကြပါစေ။

No comments:

Post a Comment