အဗူဘ(တ်)စ်ရာ အလ်ဂါရိ ဆိုသော ပုဂ္ဂိုလ်က မိမိ အစ္စလာမ့်အေးရိပ်ဆာသို့ မရောက်မှီ
အဖြစ်အပျက်ကို ပြန်ပြောသည်မှာ “ကျွန်တော် မဒီနာမြို့ကို ရောက်လာခဲ့တယ်။
မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော့်ကို တည်းခိုဖို့ စီစဉ်ပေးခဲ့ပါတယ်။
အဲ့ဒီညနေခင်းမှာပဲ ဆိတ်ခုနစ်ကောင်ထွက် နို့တွေအားလုံးကို ကျွန်တော် သောက်ပစ်ခဲ့တယ်။
မုဟမ္မဒ်သခင်
(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော်ရဲ့ ရိုင်းပြမှုအပေါ် ဘာမှပြောဆိုခြင်း မရှိဘဲ
နုတ်ဆိတ်နေတော်မူခဲ့ပါတယ်။ အဲ့ဒီညမှာ ကိုယ်တော်ဟာ စိတ်ဆိုးခြင်း မကျေနပ်ခြင်း အမူအရာ
တစက်လေးမှ မရှိဘဲ ဆာလောင်စွာနဲ့ အိပ်စက်သွားတော်မူခဲ့ပါတယ်။ ဒီမြင့်မားလှတဲ့ အကျင့်စာရိတ္တစံကို
ကိုယ်တွေ့ကြုံပြီးနောက်မှာတော့ ကျွန်တော် အသိဥာဏ်နဲ့ ယှဉ်ပြီး ကျင့်မူခဲ့ပါတယ်။ ကျွန်တော်
အစ္စလာမ့်အေးရိပ်ဆာကို ဝင်ရောက်ခဲ့ပါတော့တယ်။”
အဖြစ်အပျက်ကို ပြန်ပြောသည်မှာ “ကျွန်တော် မဒီနာမြို့ကို ရောက်လာခဲ့တယ်။
မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော့်ကို တည်းခိုဖို့ စီစဉ်ပေးခဲ့ပါတယ်။
အဲ့ဒီညနေခင်းမှာပဲ ဆိတ်ခုနစ်ကောင်ထွက် နို့တွေအားလုံးကို ကျွန်တော် သောက်ပစ်ခဲ့တယ်။
မုဟမ္မဒ်သခင်
(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က ကျွန်တော်ရဲ့ ရိုင်းပြမှုအပေါ် ဘာမှပြောဆိုခြင်း မရှိဘဲ
နုတ်ဆိတ်နေတော်မူခဲ့ပါတယ်။ အဲ့ဒီညမှာ ကိုယ်တော်ဟာ စိတ်ဆိုးခြင်း မကျေနပ်ခြင်း အမူအရာ
တစက်လေးမှ မရှိဘဲ ဆာလောင်စွာနဲ့ အိပ်စက်သွားတော်မူခဲ့ပါတယ်။ ဒီမြင့်မားလှတဲ့ အကျင့်စာရိတ္တစံကို
ကိုယ်တွေ့ကြုံပြီးနောက်မှာတော့ ကျွန်တော် အသိဥာဏ်နဲ့ ယှဉ်ပြီး ကျင့်မူခဲ့ပါတယ်။ ကျွန်တော်
အစ္စလာမ့်အေးရိပ်ဆာကို ဝင်ရောက်ခဲ့ပါတော့တယ်။”
မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် စကြဝဠာခပ်သိမ်းနှင့်
လောကအားလုံးတို့အတွက်မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်တော်မူခဲ့ခြင်းဖြစ်ရာ ကိုယ့်တော်၏
မေတ္တာကရုဏာသည် ဝေနေယျသတ္တဝါအားလုံးကို လွှမ်းခြုံလျက်ရှိနေပေသည်။ တနေ့သော်
ရန်လိုမုန်းတီးသူများနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျစေကြောင်း တောင်းဆုသစ္စာပြုရန် ကိုယ်တော့်အား
တိုက်တွန်းကြပေသည်။ ထိုအခါ
ကိုယ်တော်မြတ်ကြီးက “ငါကိုယ်တော်သည် ဒီလောကသို့ ပြစ်ဒဏ်ကျစေခြင်းအကြောင်းအနေနဲ့
မဟုတ်ဘဲ မေတ္တယျကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်တော်မူစေခြင်းခံရသူဖြစ်တယ်”ဟု ပြန်လည်
မိန့်ကြားတော်မူခဲ့ပေသည်။
ဝေနေယျခပ်သိမ်းအတွက် ကရုဏာတော်ရှင် မုဟမ္မဒ်သခင်
မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)သည် သွာအိဖ်မြို့သို့ အကျွတ်တရား ဟောတော်မူရန်
ကြွချီသွားသောအခါ ထိုမြို့မှ ဒိဌိမြို့သားတို့သည် ခဲများဖြင့် ပေါက်ကာ နှိပ်စက်ညှင်းပန်းကြလေသည်။
ထိုအချိန်တွင် ကောင်းကင်တမန်တော်ကြီး ဂျီဗရာအီလ်(ငြိမ်းချမ်းပါစေ) ရောက်ရှိလာပြီး
ဤဒိဌိမြို့သားများနှင့် မြို့ကို တောင်နှစ်လုံးကြားတွင် ညှပ်ပြီး ဖျက်ဆီးပစ်လိုက်မည်ဟုဆိုကာ
ကိုယ်တော်မြတ်ထံ ခွင့်တောင်းခဲ့လေသည်။ မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)က
တားမြစ်တော်မူခဲ့ပြီး မိမိ၏အရှင်ဖြစ်တော်မူသော သစ္စာဓမ္မတည်းဟူသော ဂုဏ်တော်ထွန်းတော်မူသည့်
ပရမတ်ဘုရားရှင် အလ္လာဟ်အရှင်မြတ်ထံ တိုင်တည်လျက် မိမိအား ခဲများဖြင့် ရက်ရက်စက်စက်
ပစ်ပေါက်လျက်ရှိနေသော လူထုအတွက် အောက်ပါအတိုင်း အထူးဆုတောင်းပေးတော်မူခဲ့ပေသည်။
“အို ကျွန်တော်မျိုး၏ အရှင်မြတ်၊ ဤလူများကို သစ္စာလမ်းကို ပေးသနားတော်မူပါ။ သူတို့၏
သားသမီးမျိုးဆက်များကို ယုံကြည်ကျိုးနွံသူများ ဖြစ်စေတော်မူပါ။”
မုဟမ္မဒ်သခင်(ကိုယ်တော့်အား မေတ္တာပို့သပါ၏)၏ ထိုမေတ္တာကရုဏာအပြည့် တောင်းဆုတော်၏
အကျိုးကြောင့် အဆုံးတွင် သွာအိဖ်တစ်မြို့လုံး အစ္စလာမ်အေးရိပ်ဆာယာသို့ ဝင်ရောက်ခဲ့သည်မှာ ယနေ့
ထက်တိုင်ပင်ဖြစ်သည်။
ကိုး- စာ ၁၄၂၊ မေတ္တယျကရုဏာတော်ရှင် မုဟမ္မဒ်သခင်၏ ဘဝတော်မှ မှတ်တိုင်များ၊
အုစ်မန်နူရီတော့ပ်ဘတ်စ် (English Version)
မြန်မာပြည်မှာ ရိုဟင်ဂျာဘန်းပြပြီး မြန်မာမွတ်စလင်များအား တိုက်ခိုက်နေကြတဲ့ Islamophobic ဖြစ်နေကြသူတွေဟာ
သမိုင်းအမှန်ကို မလေ့လာဘဲ ထိုင်းတောင်ပိုင်း မွတ်စလင်မ်အရေးကိုလည်း ဥပမာ တလွဲကောက် ယူသုံးလေ့ရှိပါတယ်။
ထိုင်းတောင်ပိုင်းသား မွတ်စလင်မ်တွေဟာ လွန်ခဲ့တဲ့နှစ်တစ်ရာခန့်ထိ သူတို့ကိုယ်ပိုင်ထီးနန်းရှိခဲ့ကြောင်း သိဖို့လိုပါတယ်။
ရခိုင်ပြည်ကို ကုန်းဘောင်ခေတ်နှောင်း ဗမာနိုင်ငံထဲတိုက်ခိုက်သိမ်းယူခဲ့သလိုပါပဲ။
ထိုင်းနိုင်ငံမှာ မွတ်စလင်မ်လူဦးရေ ၄-သန်းမှ ၅-သန်းအထိရှိပြီး အများစုဟာ ‘ဆွန်နီမွတ်စလင်မ်’တွေဖြစ်ပါတယ်။
မွတ်စလင်မ်အများစုကို တောင်ပိုင်းဒေသမှာတွေ့ရပြီး ‘ယာလာ’၊ ‘ပတ္တာနီ’ နဲ့ ‘နာရာသိဝပ်’ပြည်နယ်များဟာ
မွတ်စလင်မ်ပြည်နယ်တွေဖြစ်၍ မွတ်စလင်မ် ၃-ပုံ ၂-ပုံခန့်ဟာ ‘မလေးလူမျိုး’တွေဖြစ်ကြပါတယ်။ သူတို့ကို
‘ယာဝီ’လူးမျိုးလို့ခေါ်လေ့ရှိပြီး ထိုင်းစကားနဲ့မတူတဲ့ ‘မလေးစကား’ တစ်မျိုးကိုပြောကြပါတယ်။
၁၉-ရာစုအစောပိုင်းမှာ ဤဒေသမှာ ‘မလေးမွတ်စလင်မ် ပတ္တာနီဘုရင့်နိုင်ငံတော်’ ရှိခဲ့တာဖြစ်ပြီး နှောင်းပိုင်းမှား ထိုင်းဘုရင်များက
သိမ်းပိုက်ခဲ့ကြတာပါ။ ‘ထိုင်းလူမျိုးမွတ်စလင်မ်’များကိုတော့ နိုင်ငံအလယ်ပိုင်းမှာ အတွေ့ရများပါတယ်။ ထိုင်းနိုင်ငံအနှံ့အပြားမှာ
ထိုင်းမျိုးနွယ် မွတ်စလင်မ်များသာမက မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ တရုတ်’ဟွေ့’မွတ်စလင်မ်များ၊
အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတစ်ချို့မှာ ခမာနွယ် (ကမ်ဘောဒီးယား) ‘ချမ်မွတ်စလင်မ်’များလည်းရှိပါတယ်။ ဘင်္ဂလီများ၊
ပါကစ္စတန်နီများ၊ အင်ဒိုနီရားမွတ်စလင်မ်များလည်း အများအပြားရှိပါတယ်။
၂၀၀၇-ခုနှစ် စစ်တမ်းအရ နိုင်ငံအဝှမ်း ‘ဗလီဝတ်ကျောင်းတော်’ ၃၄၉၄-ကျောင်းရှိပြီး ၆၃၆-ကျောင်းဟာ ‘ပတ္တာနီ’ပြည်နယ်မှာ
တည်ရှိပါတယ်။
No comments:
Post a Comment