တိုင်းပြည်အမွှေ အလိမ်ခံရခြင်း
ကမ္ဘာပေါ်တွင် ရှေ့အကျဆုံး လူမျိုးများ၏ ဘဝသမိုင်းကို လေ့လာရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်း တို့ကို (အ) အက္ခရာဖြင့် ခေါ်ဝေါ်ကြသည်ကို အနောက်တိုင်းပညာရှင် ကမ္ဘာ့ သုတေသီတစ်ဦးက ပြောကြား သည်ကို တွေ့ရှိရသည်။ ငါတို့ ရခိုင်ပြည်တွင် မုနိ (ဏိ) (၅) ဆူသွန်းဓါတ်တော် အစစ်ရှိသည်။ တဆက်တည်းမှာ ရခိုင်ပြည် ထီးနန်းစိုးစံနေခဲ့သော လူမျိုးဖြစ်သည်။ ဗုဒ္ဒဘာသာအယူရှိသည်။
သာယာဝပြောသော တိုင်းပြည်တစ်ပြည် ဖြစ်သည်။
(သိလိုက်ကတ်ပါ) စပါး၊ ရွှေ၊ ငွေ ရတနာများ ကိုစုပုံပြီး ဓါတ်ရွှေဂူ တည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် (၂၀၀၀) ကျော်လောက်ဆိုပါက ကမ္ဘာ့သုတေသီ တို့က သာယာဝပြောသော တိုင်းပြည် တစ်ပြည် ဖြစ်မည်ဟု ခန့်မှန်းကြသည်။ (ရခိုင်သားရို သတိထားကပ်ပါ။ အခြားလူတို့က သွေးထိုးသော နည်းဗျူဟာကို နားမလည်ပဲ ရခိုင်၊ ရခိုင်ချင်းသတ်ကြ၊ နှိပ်ကွက်ကြ၊ အမျိုးဘာသာဖျက်ဆီး၊ နမိတ်၊ ဘုရားကို ယတြာလုပ်လျှင်လည်း ရခိုင်သားဘုရားဖောက်၊ သမိုင်း စာ ဖျက် လည်း ရခိုင်သား၊ ရခိုင်သားရို သတိထားကပ်ပါ။
အခုပြောကတ်တေ လူမျိုးက သွေးခွဲမရအောင် ဖြစ်နီပါရေ။) ခေတ်အဆက်ဆက်ပြောင်း လဲလာ ခဲ့သည့် ဓညဝတီခေတ်၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၃၀၀၀) ကျော်ခန့်က ရခိုင်ပြည်မြောက်ပိုင်း ဒေသသ၌ မာရယုမင်း တည်ထောင်ခဲ့သည်။ ဓညဝတီမြို့တော်သည် ယခုခေတ် ပလဝအနီး တောင်ကုန်းဒေသ၌ ဖြစ်ခဲ့သည်ဟု အဆိုရှိခဲ့သည်။ (ယင်းအတွက်နဲ့ မာရာယုမင်း ဆက်ကစပြီး သိကပ်ပါ။ မာရာယုမင်းကို မြိုအမျိုးသား မွေးစားခဲ့သည် ရခိုင်အစစ် ချင်းက ပြောကပ်ပါရေ။ စကားကိုသတိနှင့် ပြောကတ်ပါမယ်။
မာရယုနှင့် မဘီရို့က ရရေသား ရခိုင်ပြည်မင်း ဆက်ခံဖြစ်ပါရေလို့ မှတ်ထားလိုက်ကတ်ပါ။ ဓညဝတီတွင် ရှေ့အကျဆုံးလူမျိုးဖြစ်ကြသည်ကို သမိုင်းကျောက်စာတွင်ပါရှိ၏။ ရခိုင်သားရို့ မြိုနှင့်ခွဲထွက်ဖိုး မကြိုးစားပါနှင့်။ ဤလူမျိုးကိုမောင်းထုတ်ကေ ရခိုင်သားဒုက္ခ ရောက်လိမ့်မည်။ သတိထားကတ်ပါ။ ခရစ်မပေါ်မှီ နှစ်ပေါင်း (၅၀၀၀) ကျော်ခန့်က အနောက်တိုင်းက ဆင်းသက်လာပြီး ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်၊ မီးချောင်း၊ ပီချောင်း နှင့် ရမ်းချောင်းတို့တွင် နေထိုင်ကြသည်ကို နေရာအထောက်အထား လုံလောက်စွာရှိနီရေ။) ဓညဝတီ၊ ဝေသာလီခေတ်၊ ရခိုင်ပြည်မြောက်ဦး ထီးနန်းစိုက်သည်အထိ သမိုင်းကျောက်စာ တွင်ပါရှိသည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ဓညဝတီတွင် မြိုအမျိုးသားများသည် ကတိတည်၏။ သစ္စာကြီး၏။ မဟုတ်မမှန်မလုပ်။ ဗုဒ္ဓဘာသာ အယူခံရှိ၏။ အင်္ဂလိပ်အစိုးရက မြိုအမျိုးသားများအား စုဝေးပြီး ပြည်နယ်ပေးရန်လာသောအခါ မြိုအမျိုးသားတို့၏ သင်္ကြန်ဝါခေါင်လဖြစ်နေ၍ ပြည်နယ်ပေး၍မရ။ နောက်တကြိမ်လာသောအခါ မြိုအမျိုးသားတို့၏ ကြီးကျယ်သော တန်းလျာပွဲတော်ကြီး ကျင်းပသည်နှင့် ကြုံပြန်သဖြင့် ပြည်နယ်ပေးရန်မဖြစ်ခဲ့ပေ။
နောက်ဆုံးတတိယအကြိမ် လာပြန်၏။ အာဏာကြီးမားသော တောင်ပိုင်းမင်းသားနှင့် ချောင်းပိုင်မင်း၏ သမီးလက်ထပ်မင်္ဂလာ ပွဲတော်က ကျင်းပနေ၍ ပြည်နယ်မပေးဖြစ်။ ထိုအခါ တောင်ပိုင်းမင်းက အစေခံ ရခိုင်သားတစ်ယောက်ကို အင်္ဂလိပ်ထံမှ ပြည်နယ်ယူရန် စေလွတ်လိုက်သည်။ တောင်ပိုင်းမင်းက စေလွတ်လိုက်သည့် အစေခံရခိုင်သားကို အင်္ဂလိပ်တို့က မေးမြန်းလေရာ တောင်ပိုင်းမင်းက မိမိအစေခံအား စေလွတ်လိုက်ကြောင်း သူသည်ရေကြိုင်သား ဖြစ်ကြောင်း ပြော၏။
ယင်းအတွက်ကြောင့် ယခုရခိုင်ပြည် ဖြစ်ရသည်။ (မြိုအမျိုးသားတိုသည် အစားအသောက်ကြူးတတ်သော လူမျိုးဖြစ်၍ ပေးသောအခွင့်အရေးများ ဆုံးရှုံးလိုက်ရရေ။ ယင်းအတွက်နဲ့ မြို၊ ရခိုင်မခွဲဘဲနေကြပါလို့ ကျွန်တော်ပြောလိုက်ပါရေ။ မြိုကို ရန်စ နှင်ထုတ်ကေ ချင်းကရန်စပြီး ရခိုင်အမျိုးသား ပြုန်းလိမ့်မည်။
ရခိုင်သားရို့ အေလူမျိုးတိ ထိပ်တက်ဖိုးရှိပါရေ။ အစားအသောက်မက်ရေ အေလူမျိုးကို အရက်သေစာ၊ ဖဲသွင်းပြီး ကိုယ့်ဖက်ပါအောင်စည်းရုံးမှသာ တပန်းသာမယ်။) ရခိုင်ပြည် စန္ဒရားမင်း ကိုဆက်ပါ။ မြိုမင်း၊ ပဲဖြူမင်းထိ၊ ပဲဖြူမင်းသည် ကောဇာသက္ကရာဇ် ၁၃၈(AD - ၇၇၆) ဖြစ်သည်။အမြရတူ၊ အမြရကူ၊ ပဲဖြူမင်းထိ ဖြစ်သည်။ (၁၃၄၈-ခု၊ ၁၃၄၉) ခုနှစ် ရခိုင်ပြည်မြောက်ပိုင်း ရခိုင်ပညာရှိ ပဏ္ဍိဦးသာထွန်းသည် သမိုင်းသုတေသီ တစ်ဦးအနေဖြင့် ဘုရင်ရာဇာ တည်ဆောက်ခဲ့၍ ရာဇာမုနိ (ဏိ) ဘုရားရင်ပြင်တော်ပြောကြားသည့် မိန်းခွန်းမှ) ရေးသားဖော်ပြခြင်းဖြစ်သည်။
No comments:
Post a Comment