Tuesday, March 12, 2013

မြိုခမိ လူမျိုးတို၏ သမိုင်း (၁)



  • မြိုခမိ လူမျိုးတို့၏ ဆင်းသက်လာပုံ
ရခိုင်ရာဇ၀င်ကျမ်းများ၏ ဖော်ပြချက်အရ မြိုလူမျိုးများသည် ရှေ့ကျသောလူမျိုး တစ်မျိုးဖြစ်ပါသည် ရခိုင်ပြည်တယ် မြောက်ပိုင်းဒေသ အနံအပြား နှင့် ချင်းပြည်နယ် ပလ၀မြို့နယ် မတူပီ မြို့နယ် ဒေသများတွင်ပြန့်ကြဲ နေထိုင်လျက် ရှိကြပါသည် မြိုလူမျိုးများသည် သီးခြားဘာသာ စကား ယှဉ်ကျေးမူ ထုံးတမ်းစဉ်လာဖြင့်တိုင်းရင်းသားလူမျိုးစုတစုအဖြစ်ရေကြည်ရာမြက်နုရာဒေသများသို့  ယနေ့တိုင်ရပ်တည်နေထိုင် လျက်ရှိပါသည်
                                                                                                                                                                                                     
        (မြို)ဟူသောဝေါဟာရကိုပေမူတင်၍အစောဆုံးတွေ့နိုင်သောကျမ်းမှာခရစ်နှစ်၁၄၅၈ ခုနှစ်တွင်   ရခိုင်ပညာရှိအဒူမင်းညိုရေးသားသော(ဘစောဖြူသမီးဧချင်း)တွင်ဖြစ်ပါသည် မြန်မာကျေက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂-ခုနှစ် နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင်လည်းကောင်းတွေ့ရပါသည်                                                                                                                                                      

 ထိုရခိုင်ရာဇာဝင်ကျမ်းများဖြစ်ကြသည့်
 ရခိုင်မဟာရာဇာဝင်တော်ကြီးဓညဝတီရာဇာဝင်သစ်မာရာယုနှင့်ဗေဒါရှင်းတမ်းစသောကျမ်းဂန်းများ၌လည်းကောင်း
အချို့သောစာအုပ်စာပေများတွင်၎င်း မြိုလူမျိုးများအကြောင်းကို မြိုဟူသောဝေါဟာရအပြင်
မြုံဟူ၍၄င်းမြုန်ဟူ၍၄င်းမြုပ်ဟူ၍၄င်းမြူဟူ၍၄င်းမြိုဟူ၍၄င်းမူကွဲစာလုံးပေါင်းဟန်များဖြင့်လည်းရေးသားထားပါသည်

                            မြုံ မြုန် မြုမ် မြူ ဟူသည့်စာလုံးပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွန်းရေးသားထားခြင်း ဖြစ်မည်ဟုယူဆရပါသည် ထိုကြေင့် မရို မြို ဟူသောအသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသောတိုင်းရင်းသား( ရခိုင်) တို့ကခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည် မြိုမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွန်းခေါ်ဝေါ် လိုသောအခါ (ခမိ ) ဟူသောအမည်ကို သုံးစွဲကြပါသည် မြို (မရို )တို့သည် သူတို့ကိုသူတို့ ခမိ ဟုခေါ်သည်ူ ဟုအဓိပ္ပယ်ရပါသည် မီးချောင်းနှင့် သမိန်ချောင်းဖျား တ၀ိုက်တွင် နေထိုင်သူများကို တောင်မြို ဟုခေါ်၍ မီးချောင်း နှင့် သမိန်ချောင်းဝ တ၀ိုက်တွင်နေထိုင် သူများကို အ၀မြို ဟုခေါ်သည်

 ကိုးကားချက်    အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ရန်ကုန် ဟံသာဝတီ ပုံနိုပ်တိုက် ၁၉၆၅ ခု စာ ၇ နောင်ကိုးကားလျင် အဒူမင်းညို ဧချင်းစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ ၂၀-၂၃-၈၀၄ ခရစ်နှစ် ၁၄၄၂ ခု တွေ့စုံမေးမြန်းသူ ဉီးအင်္ဂါအောင် တရက်တပင်ကျေးရွာ ကျောက်တော်မြို့နယ် ၁၂ မတ်လ ၂၀၀၅ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ရခိုင်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော်မတီဌာနချိုပ် ရန်ကုန် ဇွန်န၀ါရီ ၁၉၇၆ စာ၃၁-၃၂ (နောင်ကိုးကားလျင် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ (ရခိုင်)ဟုဖော်ပြပါမည်
                                                      
မြို ဟုခေါ်တွင်ရခြင်း၏အကြောင်းရင်း
 မြိုဆိုသည်မှာရခိုင်လူမျိုးများကပေးထားသောနာမည်ဖြစ်ည်မြိုလူမျိုးတို့၏အကြေင်းကိုရေးသားမည်ဆိုလျင်မြို(၃)မျိုးရှိသည်
၎င်း(၃)မျိုးတို့သည်တစ်မျိုးနှင့်တစ်မျိုးသဘောသဘာဝအားဖြင့်၎င်းရိုးရာဓလေ့ထုံးစံယှဉ်ကျေးမူအားဖြင့်၎င်းဆက်နွယ်လျက်ရှိပါသည်

အနည်းအများတူညီမူရှိသောကြောင့်မြိုလူမျိုးတစ်မျိုးတည်း၏သမိုင်းကြေင်းကိုရေးသားလျင်မပီပြင်နားမလည်နိုင်မည်စိုး၍မြိုလူမျိုး(၃ ) မျိုးရှိကြေင်းတို့ကိုအောက်ပါအတိုင်းဖော်ထုတ်ရေးသားလိုက်ပါသည်

(၁)မြို(ခမိ)အ၀ခမိဟူ၍လည်းခေါ်သည်၎င်းတို့သည်ကျေက်တော်မြို့နယ်မြောက်ဉီးမြို့နယ်
ပုဏ္ဏားကျွန်းမြို့နယ်ပေါက်တောမြို့နယ်ဘူသီးတောင်မြို့နယ်များ၌နေထိုင်ကြသည်                

(၂)မရို(ခမိအရိုင်း(သို့)အဖျားခမိဟူ၍လည်းခေါ်သည်၎င်းတို့သည်ပလ၀မြို့နယ် မတူပီမြို့နယ်များတွင်နေထိုင်လျက်ရှိကြသည်                                                                       

(၃)တောင်မြို(ခမိ) မြို (ခမိ) နှင့် မရှူ (ခမိ)တို့ကို ဒါး ဟူ၍လည်းခေါ်သည် လွတ်လပ်ရေးမရ

                     မည်နှင့် ရပြီး  ဖ ဆ ပ လ ခေတ် မူလတန်းပညာရေး ပထ၀ီဝင်စာပေတို့၌လည်း တောင်မြိုဟု ရေးသားခေါ်ဝေါ်ထားသည် ၄င်းတို့သည် ပုဏ္ဏားကျွမ်းမြို့နယ်  ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည် ဤလူမျိုး (၃)မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့ကို ရခိုင်ပြည်နယ်ရှိ ရှေ့ကျသော လူမျိုး (၃)မျိုးတို့အား ပီပီပြင်ပြင်မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတိုကို မြို ဟူသောဝေါဟာရ တစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်း သာဖြစ်ပါသည်

                   မြိုခမိလူမျိုးတို့၏ ဝေါဟာရမည်သို့ ဆက်စပ်မူရှိသည်ကို ဆက်လက်လေ့လာတင်ပြပါမည် လူမျိုးတစ်မျိုးပင်ဖြစ်စေ လူပုဂ္ဂုလ်တစ်ဉီးဉီးပင်ဖြစ်စေ နေရာဒေသတစ်ခုခုတွင် အခြေချ နေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း ပြောင်းရွေ့သွားလာသည့် အခါတို့၌လည်းကောင်း ခရီးပြန်ထွက်သည့်အခါ ၌လည်းကောင်း ထိုနေရာဒေသတွင်မြို့ ကျေးရွာသော်လည်းကောင်း အိမ်ရာမြေသော်လည်းကောင်း သမိုင်းအစနသော်လည်းကောင်း သွေးစပ် သားစပ် ဆွေမျိုးသော်လည်းကောင်း ကျန်ရစ်စမြဲပင် ဖြစ်ပေသည် ဤသည် တို့ကားလူမျိုးတိုင်းတို့၏ နောက်ခံသမိုင်းကို ရှာဖွေလွယ်ကူစေရန် အချက်ပင်ဖြစ်ပေသည်

ဖန်ဆင်းခြင်း၏ အစအဉီး ကာလ

                မြို(ခမိ) လူမျိုးတို့တွင် ကမ္ဘာဉီးသမိုင် (ခေါ်မု ၀ထ္ထု ) ဟူ၍ရှိလေသည် ထို ခေါ်မု ၀ထ္ထုတွင် ကော်မရီ အမည်ရှိသော မိန်းမ နှင့် ကော်မရင် အမည်ရှိုသော ယောက်ျားတို့က မြို တို့၏ဘာသာ စကားဖြင့် ခေါ်မု ကမ္ဘာဉီး နေ လ မထွက်သေးသော အမှောင်လောက (သို့) ကျောက်ဂူအမှောင် တွင်နေကြရသော (ခေါ်မု အမှောင်)ပြည်သား လူ ဟူ၍ အမည်နာမအါဓိပ္ပာယ်ကို ရရှိလေသည် ထို ကော်မရီ ကော်မရင် တို့နှစ်ဉီး ပေါင်းသင်းဆက်ဆံ ကြရာမှ သားသမီး မြေး မြစ် စသော လူအပေါင်းတို့ကို မွေးထုတ်(မြို-ပြုပြင်) ဖန်တီးပေးသော ကြေင့် မြို ဟူသောအမျိုးအမည် နာမအါဓိပ္ပာယ်ကို ရရှိကြပြန်လေသည်
                                                             
                     ထိုနောက်တွင် နေ လ ထွက်ပြီးအလင်းရောင်ရကာ  (သို့) ဂူနေမှ အိမ်နေလူ ဖြစ်လာကာ ကာလကြလေသော် ခေါ်မုမှ ခမိ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမိ)ဟူသောအမျိုးအမည် နာမ် အခေါ်အဝေါ် ဖြစ်လာကြတော့သည်ဟု မြိုလူမျိုးတို့၏ ရိုးရာသီချင်းများတွင် လေ့လာသိရှိရပေသည်
        ကိုးကားချက် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေးဗဟို ကော်မတီဌာနချိုပ် ရန်ကု ဖေဖောါ်ဝရီလ ၁၉၆၈ စာ-၆၂(နောက်ကိုးကားလျင် တိုင်ရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)ဟုဖေါ်ပြပါမည်
              U Ba Myaning The N orthern Hill of Ponnagyun Township Journal of Burma Research sorcery vol.xxiv,yangon ,1933 p,125 U Ba Thein ,Sensus of India 1931 ,vol xi part -1 Burma Report ,P 254
                   အထက်ပါ(ခေါ်မု ၀ထ္ထု)အတိုင်းသက်လူမျိုး ဒိုင်းနက်လူမျိုး ရာဇ၀င်တို့တွင်လည်း မြို ခမိ လူမျိုးတို့၏ ရိုးရာသီချင်းကို မှတ်းတင်ရေးသားထားသော ရှေးဟောင်းပေမူ ဂီ-ချပ် ရေကိုလည်း လေ့လာနိုင်ပေသည် မြို ဟူသော ဝေါ်ဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရှိနိုင်ပါသည်  

                        မောင်တောမြို့နယ် ဘူးတီးတောင်မြို့နယ် ပုဏ္ဏားကျွမ်းမြို့ရှိ မြို လူမျိုးတို့သည် မိမိတို့လူမျိုးကို မြိုစာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိရပါသည် မြိစာ ၏ အဓိပ္ပာယ်နှင့် ယင်း၏နီးစပ်သည့် အဓပ္ပာယ်များကိုမူ မသိရပါ

မြိုခမိဘုရင် မင်းဆက်   ရခိုင်ပြည် ဓညဝတီခေတ် မြိုခမိ ဘုရင်ဘင်ဘာ နှင့် မိဘုရားအာခုံ

             မဇ္စိုမဒေသ ကုသ၀တီပြည်ရှင် တုဓမ္မတူ၏ သားတော်မင်းသားခေါ် စာပတီသည် နောက်လိုက်အင်းအား တစ်သောင်းခန့်ကို ဉီးဆောင်၍ အိမ်ထောင်နယ်ဘက်တွင် တိမ်းရှောင်ပြီး အာသံဘုရင်၏ ခွင့်ပြုချက် အရအချိန်အတန်ကြာ အခြေစိုက် နေထိုင်ခဲကြသည် ထိုသို့ နေထိုင်စဉ် တစ်ခြားသော မျိုးနွယ်စုများ၏ ဘေးရန်နှင့်သဘာဝ ဘေးအန္တရာယ် တောတောင် သားရဲတို့၏ ရန်စွယ်များကို ကာကွယ်ရန်အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြသည် 
                                                                                                        သာသဲနယ်ဘက်မှနေ၍ ကစ္ဆပနဒီ မြစ်ညာဒေသများသို့ ရေကြည်ရာ မြက်နုရာ ရွေးလျားလာပြီး နောက်တွင် ဗလိုင်ခေါ်သည့်အရပ်၌ အခြေချခဲ့ကြသည် ခေါ်စာပေတီသည် မင်းသမီး ဟုတ်လော်ကို    လက်ဆက်၍ မင်းအဖြစ်ခံယူလေသည် နောက်လိုက် နောက်ပါများလည်း ခြံစည်းရိုးအတွင်းမှ ထွက်ခွာ၍ ဝန်းကျင်အနီးအနားများတွင် အခြေချ၍ အိမ်မြေနေရာသစ်ကို ထူထောင်ခဲ့ ကြသည်        ထိုသို့မြေယာသစ်တွင် အခြေချနေထိုင်သော်လည်း မိမိတို့အလေ့အကျင့် ရှိနေပြီဖြစ်သောကြောင့် ခြံစည်းရိုးခေတ် နေထိုင်းခြင်း အလေ့ကိုဆက်ခံ ထိမ်းသိမ်းထားကြလေသည် 

                          ဤကဲ့သို့ မြိုလူမျိုးတို့သည် ကုဿဝတီပြည်ကြီး ပျက်စီးပြီးနောက် အာသံနယ်ဘက်မှတဆင့်ကစ္ဆပနဒီ မြစ်ညာဒေသများသို့ အခြေချနေထိုင်လာခဲ့သည့် ကာလအပိုင်းအခြားမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမည် ကာလအထိ မြိ့ရွာတည်ဆောက်သည့် အခါတိုင်း ခိုင်မာသောခြံစည်း ရိုးခတ်၍ နေထိုင်ခဲ့ကြလေသည်   
                             
                         ခြံစည်းရိုး(ရ)ထပ်ကာရံပြီး အခိုင်အမာ နေထိုင်ခြင်းကို မြိုဘာသာစကားဖြင့် မရုနယ် အအယ်ဒီ ဟူ၍ ခေါ်ဆိုလေသည် ခြံစည်းရိုးပြုလုပ်သည်ကို မရူးရောက်ဒီ ဆရီ အအယ်ဒီ ဟူ၍လည်းခေါ်ဝေါ်လေသည် မရူ ပြုလပ်၍ နေထိုင်သောလူမျိုး တစ်နည်း ခြံစည်းရိုးဖြင့်နေထိုင်သူများ ဟူသည့်အနက်ကို ရည်ညွန်း၍ မရူ မှ မရို သို့ လည်းကောင်း မရိုဆာမှ မြိဆာ မှ မြိုစာ သို့လည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ကာလ ကြာမြင့်သောအခါ မြိုဟူ၍ပြောင်းလဲရွေ့လျားလာဟန်ရှိပါသည် 

                                                 ကိုးကားချက် ဉီးအောင်ခင် ပြွန်တိုကျေးရွာ ပေါက်တောမြို့နယ် မြို ခမိ ရိုးရာသီချင်းမှ တေးဆိုပြောပြချက် (၂၀-၆-မတ်လ၂၀၀၂ ဓညဝတီအောင်ဇေယျ (မြောက်ဉီး)ရက္ခပူရ ကြေးမူကျမ်း ရန်ကုန် သန်းထိုက် ရာတနာပုံနှိပ်တိုက် ၂၀၀၃-စာ-၅၄ ဤကား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီ နယ်သား ဒိုင်းနက်အမျိုးသားဖြစ်သူ (ဉီးအဉ်ဒရာ ကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား စက္ကမ သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီးကူးယူခဲ့သည် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်း နှင့် ယှဉ်ကျေးမှု ဖော်ထုပ်ရေးအဖွဲ့ ရခိုင်ပြည်နယ် အဖွဲ့ခွဲ အမှတ်(၁)၏လေ့လာတွေ့ရှိချက် စာတမ်း ရခိုင်တိုင်းရင်းသားလူမျိုးများ အကြောင်းနှင့် တိုင်းခွဲအကြို ဆွေးနွေးပွဲမှတ်တမ်း

                                                    မြိုလူမျိုးတို့သည် အာသံနယ်ဘက်မှတဆင့် ကုလားတန်မြစ်ဖျား ရေကြည်ရာ မြက်နုရာဒေသများသို့ တရွေ့ရွေ့ပြောင်းရွေ့ ရောက်ရှိလာသူများ ဖြစ်ကြသည်အလျောက် မိမိတို့အဆင့်ဆင့် ဝင်ရောက်လာရသည့်လမ်းသည် ယစ်မာ (ခေါ်) မြစ်ရိုးအတိုင်း စုန်ဆင်းလာရခြင်းဖြစ်သည် ယင်းမာမြစ်ရိုးမှတဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများသို့ ပျံ့နှံ့ရောက်ရှိလာကြရသည် 

             ထိုသို့လာလမ်းကို အစွဲပြု၍ မြစ်မရိုးမှလာသူများ ဟူသည့်အဓိပ္ပာယ်ကို ညွန်းလို၍ တစ်ခြာသော တိုင်းရင်းသား (ရခိုင်)တို့က မြစ်မရိုး (သို့)မြစ်ကိုချေ၍ မရို ဟူ၍ လည်းကောင်း တစ်နည်း မြစ်ရိုးမှ အစ် သဒ္ဒါကိုချေ၍ မြစ်ရိုး ၄င်းမှ မြိုး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြရာမှ ကာလကြာမြင့်လာသောအခါ မရို မှ မရို ၄င်းမှ မြိုး မြို့ မှ မြို ဟူ၍တဖြည်းဖြည်း ရွေ့လျောပြောင်းလဲလာဟန်ရှိသည်

                              အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်သောလျင် မြို ဟူသောဝေါ်ဟာရ၏ ရင်းမြစ်သည် မရု (ခြံစည်းရိုး) ဟူသောစကား မြစ်မရိုး (သို့) မြစ်ရိုးဟူသော ဝေါ်ဟာရများမှာ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည် သို့ရာတွင် မြုံ မြုန် မြုမ် ဟူသောဝေါ်ဟာရအတွက်မူ အံဝင်ဆီလျှော်မူမရှိတောပါ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်ရှိ ကုလားများကမြိုလူမျိုးများကို မြိုဂျာ ဟုခေါ်ဝေါ်ကြောင်း အထက်တစ်နေရာ၌ ဆိုခဲ့ပါသည် ထိုအခေါ်မှမြိုဟူ၍ ပြောင်းလဲလာခြင်းလော့ ဟူ၍လည်းတွေးထင်ဖွယ်ဖြစ်ပါသည်                                                         

                         မြို ဘာသာစကား၌ မရို မြို ဟူသောဝေါဟာရများကိုလည်းကောင်း မြုံ မြုန် မြုမ် ဟူသောဝေါဟာရကို လည်းကောင်း မတွေ့ရပါ ထို ဝေါဟာရနှင့် နီစပ်သော အသံထွက်နှင့် စာလုံးပေါင်းဟန်များကိုလည်း မတွေ့ရပါ စာတမ်း၏အထက်တနေရာတွင် ခမိ ဆိုသည်မှာ လူ ဟူသောဝေါဟာရကို ဆက်လက်လေ့လာကြည့်သောအခါ ရှေးအခါက ခမိ တို့ကိုတောင်မင်းများက အုပ်ချိုပ်ရာက တောင်မင်းပိုင်နက်ကို ခူ ဟုခေါ်သည် ပုပုရွရွသတ္တာဝါကို မီ ဟုခေါ်သည် ထိုကြောင့် ခူ အတွင်း၌ နေထိုင်ကြသည့် မီ များကို ခူမီ (သို့) ခမိ ဟုခေါ်ကြတောသည် ပလဝ နှင့် မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်မှ အောက်သို့ဆင်းသွားသူများကို အဝခမိ ဟုခေါ်ကြသော်လည်း ရခိုင် အမျိုးသားတို့က မြို မရို ဟုအမည်ပေးထားလေသည်

                     ကိုးကားချက် ပလဝမြို့နယ် ဉီးမောင်မောင်တူ၏ မြိုလူမျိုးများ အကြောင်း စာတမ်း လက်ရေမူ နောက်ကိုးကားလျင် မောင်မောင်တူ မြိုလူမျိုးစုဟု ဖော်ပြပါမည်(ရခိုင်တိုင်းရင်းသားများ အကြောင်းနှင့် တိုင်းခွဲ အကြိုဆွေးနွဲပွဲ မှတ်တမ်း မောင်မောင်တူ မြိုလူမျိုးစု ဟုဖော်ပြထားပြသည်

                                                          ရှေးအခါက ခမိ တို့ကိုတောင်မင်းများက အုပ်ချိုပ်သည် တောင်၏ပိုင်နက် ခူ အတွင်းရှိ ပုပုရွရွ လှုပ်ရှားသွားလာနေထိုင်ကြသော သတ္တာဝါများကို မိ ဟုခေါ်ရာမှ ခုမိ ခူမီ မှ ခမိ ဖြစ်လာသည် တစ်နည်းဆိုသော် လှုပ်ရှားသွားလာနေထိုင်သော သတ္တာဝါ (သို့) လူ ဟူ၍အဓပ္ပာယ်ရပါသည် အထက်ပါယူဆချက်များသည် ချင်းပြည်နယ် ပလဝမြို့နယ် အတွင်းရှိ ခူမီး မျိုးနွယ်စုတို့၏ သွင်ပြင်လက္ခဏာကို ဖော်ဆောင်နိုင်ရန် ဖွင့်ဆိုသောအနက်ဖြစ်ပါသည် စင်စစ် ခမိ ဟူသောအသံထွက်သည် ခူမီး မျိုးနွယ်စုများ၏ ၄င်းတို့ကိုရည်းညွန်းခေါ်ဝေးသော အနီးစပ်ဆုံး အစံထွက်ဖြစ်ပါသည် မြို လူမျိုးတို့က မိမိတို့ကို ရည်းညွန်းခေါ်ဝေါ်သည်

                 အနီးစပ်ဆုံး အသံထွက်မှာ ခမီ ဖြစ်ပါသည် ခမီ နှင့် ခမိ အက္ခရာရေးသားမူ အမြင်အရ ကွဲပြားမူမရှိပါ  ယေဘုယအားဖြင့် မျိုးတူစုများဖြစ်သည်ဟု ဆဆိုနိုင်ပါသည် သို့ရာတွင် ခမိဘာသာစကား (၁၀) လုံးတွင် မြိုဘာသာစကားနှင့် တူသော စကားလုံး (၂)လုံးပါဝင်သည် ဟူသော ဖော်ပြချက်အရ ခမိ ဟူသောဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်များသည် ခမိ ဟူသောဝေါဟာရအတွက် ဆီလျှော်အံဝင်နိုင်ရန် ခပ်ပါသည် ထို့ကြေင့် ခမိ ဟူသောဝေါဟရကို စစ်ဆေးကြည့်ပါမည် ထို့နောက် ခမိ ဟူသောဝေါဟာရ၏ ယင်းမြစ်ကို ဖော်ထုပ်ကြည့်ပါမည် ထိုနောက်ဝေါဟာရ(၂)လုံး၏ ဆိုလိုရင်းအနက်ကို တိုက်ဆိုင်စစ်ဆေး ကြည့်ရန်လိုအပ်ပေသည် ခမိ ဟူသောဝေါဟာရ၌ ဝါကျများအတွင်း စကားအဆက်အစပ် အပေါ်မူတာ်၍ အနက်ပွားများလျှက် ရှိပါသည် ရှိနိုင်သောအနက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(၁) သတ္တဝါလောကအတိုင်းအဝိုင်းမှတိရစ္ဆာန်သတ္တဝါစသည်တို့နှင့်ခွဲခြားလိုသောအခါအသိညဏ်                                        အရှိဖြစ်သောလူသားဟူသည့်အနက်ကို ရည်ညွှန်းခြင်း
                                                              
(၂)   မည်သည့်အချင်းအရာ အကြောင်ကစ္စများ၌မဆို မိမိနှင့် ဆက်စက်နီးနွယ်မှု မရှိကြောင်း ဖော်ပြလိုက်သည့် အခါ၌ သူတစ်ပါးတို့ဟူသော အနက်ကို ရည်ညွှန်းခြင်း

(၃)    အခြားသောတိုင်းရင်းသား လူမျိုးများနှင့် ခွဲခြားပြောဆိုဆသာအခါ  မြိုလူမျိုးတစ်မျိုးတည်း အတွက် မိမိတို့လူမျိုး ငါတို့လူမျိုး ဟူသည့်အနက်ကို ရည်ညွန်းခြင်းစသည်တို့ဖြစ်သည်

                                အထက်ပါအနက်(၃)ရပ်အနက်နံပတ်(၃)အနက်အရ ခမိ လူမျိုးဟူ၍ ရည်ညွှန်းခံ လူမျိုးတစ်မျိုး ရလာပါသည် မည့်သည့်အနက်ကို သရုပ်ခွဲကြည့်သောအခါ ခ သဒ္ဒါတို့ပေါင်းစပ်ကြောင်း တွေ့ရပါသည် ခမိ ဟူသောပုဒ်၌ ခ သဒ္ဒါသည် စေးကပ်ခြင်း ခက်ခဲ့ခြင်း အနက်ကိုဆောင်ပါသည်  မိ သဒ္ဒါသည် မျက်စိ အဆန် ဟူသောအနက်ကို ဆောင်ပါသည် သဒ္ဒါနှစ်ခုတို့၏ ပေါင်းစပ်ခြင်းအနက် စေးကပ်ခြင်း သဘောရှိသော မျက်စိ (ဝေါ) အဆန်ဟူ၍ဖြစ်လာသည် ဤအနက်များသည် လူသား ဟူသည့်အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ သူတစ်ပါးတို့ဟူသည့် အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ ခမိ ဟူသည့်အညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကိုလည်း ရည်ညွှန်းနိုင်ခြင်းမရှိပါ သို့ဖြစ်လျင် ခမိဟူသောဝေါဟာရ၏ ပင်ကိုသဘော၌ လူမျိုးတစ်မျိုး၏ အသွင်အပြင်နှင့် လက္ခဏာရပ်များကိုဖော်ဆောင်နိုင်သည့် အဓိပ္ပာယ်မရှိကြောင်း ထင်ရှားပါသည်

                                ကိုးကားချက် ဉီးတင်မောင် အလင်းဆောင်သူများ အတွေ့အကြုံ ရန်ကုန် စာပေဗီမာန် ပုံနိပ်တိုက် ၁၉၇၇ စာ၁၆ တိုင်းရင်းသား ဓလေ့ထုံးစဉ်များ (ချင်း)စာ ၆၂ မောင်စာခေါင် မြိုဘာသာစကား၏ စကားသံများကိုအသုံးချက် သဒ္ဒါဗေဒအမြင်ဖြင့် လေ့လာချက်မဟာဝိဇ္ဇာကျမ်း ရန်ကုန်တက္ကသိုလ် မြန်မစာဌာန ၁၉၉၀ စာ ၁၄ နောက်ကိုးကားလျင် မောင်စာခေါင် မြိုဘာသာစကားဟု ဖော်ပြပါသည်
                                      ထိုကြေင့် ခမိ ဟူသော ဝေါဟာရ၏ ရင်းမြစ်ကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည် မြိုဝေါဟာရအတွင်း ၌ ရှာဖွေကြည့်သောအခါ ခူ ဟူသောဝေါဟာရ မိုး မိုးကောင် ကျေးရွာ ပိုင်နက် တိုင်းပြည် ဟူသောအနက်များကို ဆောင်ပါသည် အမိန် ဟူသောဝေါဟာရသည် ပိုးပွား အသက်ရှိခြင်း သေးကွေးခြင်း ရွရွစိစိဖြစ်ခြင်း များပြားရှုပ်ထွေးခြင်း စသည့်အနက်များကို ဆောင်ပါသည် ၄င်းဝေါဟာရနှစ်လုံးကို ပေါင်းစပ်ကြည့် သောအခါ ခုအမိန်ဖြစ်လာသည် ခုအမိန် အဓိပ္ပယ်မှာ

 (၁ ) မိုးကောင်းကင်အောက်၌သေးသေး  ကွေးကွေးနှင့် များပြားရှုပ်ထွေးစွာရှင်သန်      လှုပ်ရှားနေကြသော သက်ရှိများ


(၂)  တိုင်းပြည်နက် နယ်ပယ်အတွင်း၌ သေးသေးကွေးကွေး နှင့် များပြားရှပ်ထွေးစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးများဟူ၍ဖြစ်ပါသည် ထိုအနက်များသည် အထက်၌ ဆိုခဲ့သော အနက်သဘောကိုအကျုံဝင် ခြံငုံမိစေနိုင်ကြောင်း တွေ့ရပါသည် ထိုကြေင့် ခမိ ဟူသောဝေါဟာရသည် ခုအမိန် ဟူသောဝေါဟာရမှ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည် ပြောင်းလဲပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်

No comments:

Post a Comment