Pages
Friday, April 8, 2016
စိတ်ဓါတ်#####
စိတ်ဓာတ်
▬▬▬▬▬
၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား
လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို
မွေးဖွားခဲ့ပါတယ်…
▬▬▬▬▬
၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား
လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို
မွေးဖွားခဲ့ပါတယ်…
ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား
အရွယ်ကတည်းက လမ်းပေါ်မှာ
မြေပဲဆံလိုက်ရောင်းခဲ့ရတယ်…
အရွယ်ကတည်းက လမ်းပေါ်မှာ
မြေပဲဆံလိုက်ရောင်းခဲ့ရတယ်…
ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည်
လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး…
လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး…
ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့
ဖိနပ်လိုက်တိုက်ခဲ့ပါတယ်…
ဖိနပ်လိုက်တိုက်ခဲ့ပါတယ်…
အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင်
သူတို့အငတ်ခံနေကြရပါတယ်…
သူတို့အငတ်ခံနေကြရပါတယ်…
ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်တစ်ညမှာ
ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်…
ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ
ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်…
ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်…
ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ
ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်…
ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့
မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်…
မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်…
နောက်ဆုံးတော့သူဌေးကအကြွေစေ့၂ စေ့ကိုထုတ်ပြီး
“ဖိနပ်တိုက်ခ၂ ကျပ်ပေးမယ်…ဘယ်သူဖိနပ်တိုက်ပေးမလဲ”
ဆိုပြီးမေးပါတယ်…
“ဖိနပ်တိုက်ခ၂ ကျပ်ပေးမယ်…ဘယ်သူဖိနပ်တိုက်ပေးမလဲ”
ဆိုပြီးမေးပါတယ်…
ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက်
ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ
အရောင်တွေလင်းလက် သွားတော့တာပေါ့…
ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ
အရောင်တွေလင်းလက် သွားတော့တာပေါ့…
တစ်ယောက်က
“ကျနော်တိုက်ပါရစေ.. မနက်ကတည်းက
အစာမစားရသေးပါဘူး…
စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်…”
ဆိုပြီး ပြောလေရာ…
“ကျနော်တိုက်ပါရစေ.. မနက်ကတည်းက
အစာမစားရသေးပါဘူး…
စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်…”
ဆိုပြီး ပြောလေရာ…
နောက်တစ်ယောက်ကလည်း
“ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ…
အမေကလည်းနေမကောင်းဘူး…
အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ…
ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင်
ကျနော်အရိုက်ခံရတော့မယ်” ဆိုပြီးပြောရှာပါတယ်…
“ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ…
အမေကလည်းနေမကောင်းဘူး…
အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ…
ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင်
ကျနော်အရိုက်ခံရတော့မယ်” ဆိုပြီးပြောရှာပါတယ်…
ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက
သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်
.ပြီးတော့...
သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်
.ပြီးတော့...
“တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင်
သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ်
ပေးလိုက်ပါ့မယ်”
လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက်
အံ့အားသင့်သွားကြပါတယ်..
သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ်
ပေးလိုက်ပါ့မယ်”
လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက်
အံ့အားသင့်သွားကြပါတယ်..
“သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ…
သူတို့တကယ်ဆာနေကြတာပါ..ကျနော်
ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့အားရှိနေပါသေးတယ်…
သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ…
သူဌေးကျေနပ်စေရပါ့မယ်”
သူတို့တကယ်ဆာနေကြတာပါ..ကျနော်
ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့အားရှိနေပါသေးတယ်…
သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ…
သူဌေးကျေနပ်စေရပါ့မယ်”
ကောင်လေးရဲ့စကားကြောင့်သူဌေးခံစားသွားရတယ်…
ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကို
ပေးလိုက်တယ်… ကောင်လေးက ဘာမှမပြောဘဲ .
သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်…
ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကို
ပေးလိုက်တယ်… ကောင်လေးက ဘာမှမပြောဘဲ .
သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်…
ရက်အနည်းငယ်အကြာမှာတော့သူဌေးက
ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ
သူ့ပင်းမင်းဆိုင်မှာအလုပ်ဝင်စေပါတယ်…
ညစာထမင်းပါကျွေးခဲ့တယ်…လုပ်အားခနည်းပေမယ့်
ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်…
ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့
အခွင့်အရေးဆိုတာကောင်လေးသိတယ်…
ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ
သူ့ပင်းမင်းဆိုင်မှာအလုပ်ဝင်စေပါတယ်…
ညစာထမင်းပါကျွေးခဲ့တယ်…လုပ်အားခနည်းပေမယ့်
ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်…
ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့
အခွင့်အရေးဆိုတာကောင်လေးသိတယ်…
ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို
သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်…
နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး
အလုပ်ရုံမှာအလုပ်သမားဝင်လုပ်ခဲ့ပါတယ်…
သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်…
နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး
အလုပ်ရုံမှာအလုပ်သမားဝင်လုပ်ခဲ့ပါတယ်…
အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့
သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ
အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…
သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ
အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…
အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို
သူတည်ထောင်ခဲ့တယ်…
သူတည်ထောင်ခဲ့တယ်…
၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ
“ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ်
မှန်မှန်စားစေရမယ်…”
ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်…
ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး
အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်…
အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ
သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…
မှန်မှန်စားစေရမယ်…”
ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်…
ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး
အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်…
အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ
သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…
၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်
ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ
သူပြောခဲ့တဲ့အတိုင်း လက်တွေ့
အကောင်အထည်ဖော်ခဲ့တယ်…
ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ
သူပြောခဲ့တဲ့အတိုင်း လက်တွေ့
အကောင်အထည်ဖော်ခဲ့တယ်…
တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့
၈၃% အရွယ်ရောက်ပြီးသူတွေကို
တစ်နေ့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ
၈၃% အရွယ်ရောက်ပြီးသူတွေကို
တစ်နေ့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ
“မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ
အမေရိကတိုက်ရဲ့ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်…
အမေရိကတိုက်ရဲ့ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်…
သူကတော့ တခြားလူမဟုတ်ပါဘူး…
၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့
ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း
Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်…
၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့
ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း
Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်…
ဒါကြောင့်ဘယ်လိုဘ၀ဘယ်လိုအခြေအနေမျိုးမှာပဲ
ဖြစ်နေပါစေ…ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့…
လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာရှိနေပြီးသားပါ…
အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ
မိမိတာဝန်ဖြစ်ပါတယ်…
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဖြစ်နေပါစေ…ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့…
လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာရှိနေပြီးသားပါ…
အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ
မိမိတာဝန်ဖြစ်ပါတယ်…
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန် ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆❆❆
ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆❆❆
·
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆❆❆
·
အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောကျာ်းလေးတစ်ယောက်အတွက် အောင်မြင်မူရခါစ (သို့) ဘ၀တက်လမ်း တက်ခါစပဲ ရှိနေတတ်ပါသေးတယ်။ သဘာဝတရားအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ယောက်ျားများဟာ လုပ်ငန်းစတင် အဆင်ပြေလာပြီး ဘ၀အတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါအချက်များကိုလေ့လာသင့်ပါတယ်။
၁။ ကိုယ့်ယောက်ျားကိုအရေးပေးတတ်ရမယ်။
ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့သူလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာ ဆော့ကစားတတ်ရင် ကိုယ့်ယောကျာ်းကို ကြိုက်သလိုအနိုင်ယူလို့ရတယ်လို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။ ကိုယ့်ယောက်ျးကို အထူးသဖြင့် လူရှေ့သူရှေ့မှာမျက်နာအပြည့်အ၀ပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမယ့်ကိစ္စ ဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ ယောက်ျားမှန်ရင် အဲဒီအရေးပေးခံရတဲ့ ကိစ္စကိုအလွန်နှစ်သက်တတ်ပါတယ်။
၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရမယ်။
ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့။ ဇနီးဖြစ်သူနားလည်ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူ့မိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ။့ တဖျစ်တောက်တောက်ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီကဆိုပါတယ်။
၃။ ထမင်းဟင်းချက်တတ်အောင်သင်ထားရမယ်။
ကိုယ့်ယောက်ျားရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသား ဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။ ဘယ်မှာပဲထမင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်း ၊ အိမ်ထမင်း ကိုသတိရအောင်ဖန်တီးပေးတတ်ရပါမယ်။
၎။ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်။
ဝင်ငွေကောင်းကောင်းမကောင်းကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။ မိသားစုအတွင်းမှာ “မှီခို”ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းလာမယ်။ စဉ်းစား ၊တွေးခေါ် မှု မှာအားနည်းမယ်။ ပတ်ဝန်းကျင်နဲ့လည်းတဖြည်းဖြည်း ကင်း ဝေး လာ စေပါတယ်။ ခန္ဓာကိုယ်တဖြည်းဖြည်းဝလာမယ်။ ကျန်းမာရေးချူခြာလာမယ်။ မှတ်ဥာဏ်ယိုယွင်းလာမယ်။ ထိုင်း မှိုင်း လာမယ် စဉ်းစားကြည့်ပါ။ ကိုယ့်ခင်ပွန်းအပေါ်ဆွဲဆောင်မူဟာလည်း တဖြည်ဖြည်း လျှော့ကျလာမယ်ဆိုတာ သေချာပါတယ်။
၅။ အလှကိုတန်ဖိုးထားရပါမယ်။
ယောက်ျားရပြီးပြီပဲ သိပ်ပြင်ဆင်စရာမလိုတော့ဘူးလို့ ယူဆရင် သင်မှားသွားပါလိမ်မည်။ ဖယိုဖရဲ နေထိုင်ခြင်းကို လုံးဝရှောင်ကျဉ်ပါ။ သပ်သပ်ရပ်ရပ် ဖြစ်အောင်အမြဲကြိုးစားပါ။ ဖယိုဖရဲနေထိုင်ခြင်းဟာ ကိုယ့်ယောက်ျားကိုအဝေးဆုံးရောက်အောင် ပို့လွှတ်နေသလိုဖြစ်နေတတ်ပါတယ်။
၆။ ပြုံးပြုံးရွှင်ရွှင်အမြဲ နေတတ်ရပါမယ်။
အိမ်ဆိုတာ ယောက်ျားအတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာဋ္ဌာနေ တစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင် ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျား အိမ်ပြန်ချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ မျက်နာအမြဲဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲဖေါ်ပြနေမယ်ဆိုရင် ယောက်ျားကအိမ်မကပ်ချင်တော့ပါဘူး။
ဒါလေးတွေကိုရှောင်ကြပါစို့
သူသွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနှင့်။ ယောက်ျားလေးဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ် ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။ သူ့ကို လွတ်လပ်ခွင့် အထိုက်အလျောက်ပေးထားသင့်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်နောက်ကျတိုင်း သာကြောင်းမာကြောင်း လေးတော့ ဖုန်းဆက်ဖို့ မမေ့အောင် မှာထားပါ။
ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနှင့်
ကိုယ်တိုင်ပိုက်ဆံရှာတတ်တဲ့ယော့က်ျင်္ာံးအဖို့ ကိုယ်တိုင်ပိုက်ဆံသုံးပိုင်ခွင့်လည်း ပေးထားသင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာပိုက်ဆံအလုံအလောက်ရှိမှ ယော့ကျာ်းလေးတွေမျက်နာရှိတတ်ပါတယ်။
ယောက်ျားကိုမျက်နာပေးတတ်အောင် လေ့လာထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယောက်ျားကို သိပ်မချုပ်ချယ်တာ ကောင်းပါတယ်။
ယောက်ျားကိုမျက်နာပေးတတ်အောင် လေ့လာထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယောက်ျားကို သိပ်မချုပ်ချယ်တာ ကောင်းပါတယ်။
အရမ်းမစစ်ဆေးပါနှင့်
လက်ကိုင်ဖုန်းထဲကအကြောင်းအရာတွေကို မစုံစမ်း မချုပ်ချယ်ပါနှင့်။
ယောက်ျားဖုန်းနံပါတ်ကိုစစ်ဆေးတာမျိုး၊ massage ကိုစစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။တော်တော်များများ ပြသနာတွေဟာ သံသယစိတ်ကနေ စတင်ဖြစ်ပေါ်လာတာပါ။ တာဝန်ယူစိတ်ရှိတဲ့ယောက်ျား တစ်ယောက်ဟာ သင်လိုပါပဲ။ မိသားစုကို ရှေ့တန်းတင်ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယော့က်ျားတွရဲ့သဘာဝလို့ ဆိုပါတယ်။အတတ်နိုင်ဆုံးနားလည်ပေးလိုက်ပါ။
-
ယောက်ျားဖုန်းနံပါတ်ကိုစစ်ဆေးတာမျိုး၊ massage ကိုစစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။တော်တော်များများ ပြသနာတွေဟာ သံသယစိတ်ကနေ စတင်ဖြစ်ပေါ်လာတာပါ။ တာဝန်ယူစိတ်ရှိတဲ့ယောက်ျား တစ်ယောက်ဟာ သင်လိုပါပဲ။ မိသားစုကို ရှေ့တန်းတင်ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယော့က်ျားတွရဲ့သဘာဝလို့ ဆိုပါတယ်။အတတ်နိုင်ဆုံးနားလည်ပေးလိုက်ပါ။
-
မြိုတိုင်းရင်းသား

မြိုတိုင်းရင်းသားတွေဟာ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ပျံ့နှံ့တည်ရှိပြီး လူဦးရေအားဖြင့် မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ချင်းမျိုးအနွယ်ဝင်လို့ သတ်မှတ်ကြပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှာ နေထိုင်ပါတယ်။ မှတ်တမ်းတချို့မှာ သူတို့ကို Mro, Mru, Murung, Mrung စသဖြင့် အမျိုးမျိုး ရေးသားထားတာ တွေ့ရပါတယ်။ မြန်မာလို မှတ်တမ်းတွေမှာလည်း မြို၊ မယို စသည်ဖြင့် ရေးသားထားတာ တွေ့ရပါတယ်။
သူတို့ကို မြို ခမီလို့လည်း တွဲခေါ်တယ်ဆိုပေမယ့် တချို့မှတ်တမ်းတွေမှာတော့ ခမီတွေနဲ့ ရောနှော နေထိုင်တာသာ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ အဲဒီလိုဖြစ်ရတာကတော့ မြိုလူမျိုးတွေဟာ မျိုးကွဲများစွာရှိပြီး ရခိုင်၊ ခမီများနဲ့ အများဆုံး ရောနှောနေထိုင်မှုရှိကာ စကားပြောရာမှာ အာသံ၊ လျှာသံတွေလည်း ကွဲပြားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သမိုင်းပညာရှင် ဒေါက်တာ ကျော်သိန်းကတော့ ” ‘မြို’ ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံး တွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညို ရေးသားသော “ဘစောဖြူသမီး ဧချင်း” တွ င်ဖြစ်ပါသည်။ မြန်မာကျောက်စာ များတွင်လည်း ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ၊ စာကြောင်းရေ (၂၀) တွင်လည်း တွေ့ရပါသည်။ ထို့နောက်တွင် ရခိုင်ရာဇဝင်ကျမ်းများ ဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ်၊ မာရယုနှင့် ဗေဒါရှင်းတမ်း စသောကျမ်းဂန်များ၌ လည်းကောင်း၊ အချို့သော စာအုပ်စာပေများတွင် လည်းကောင်း၊ မြိုလူမျိုးများအကြောင်းကို ရေးသားကြရာ၌ “မြို” ဟူသော ဝေါဟာရအပြင် “မြုံ” ဟူ၍လည်းကောင်း၊ “မြုန်” ဟူ၍လည်းကောင်း၊ “မြုမ်” ဟူ၍လည်းကောင်း၊ “မြူ” ဟူ၍လည်းကောင်း၊ “မြို့” ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်းဟန်များဖြင့် လည်းကောင်း ရေးသားထားပါသည်။ မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ ဟူသော အရေးအသားများသည် “မြို” လူမျိုးများကို ရေးသားထားကြောင်း မှတ်ယူနိုင်သည်” လို့ ရေးသားထားပါတယ်။
ပျံ့နှံ့နေထိုင်မှု – မြန်မာပြည်မှာဆိုရင် မြိုလူမျိုးတွေဟာ ဘူးသီးတောင်၊ ချင်းတောင်တဝိုက်မှာ ချောင်းသား၊ ခမီ၊ ဒိုင်းနက်တွေနဲ့ အတူ ပျံ့နှံ့နေထိုင်ကြပါတယ်။ မြို ခမီ သို့မဟုတ် အဝခမီ တွေကတော့ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်တို့မှာ နေထိုင်ကြပါတယ်။ မရူ ခမီ သို့မဟုတ် အရိုင်း ခမီ သို့မဟုတ် အဖျားခမီ ကတော့ ပလက်ဝ၊ မတူပီတို့မှာ နေထိုင်ကြပါတယ်။ တောင်မြို သို့မဟုတ် မြိုခမီ သို့မဟုတ် မရူ ခမီ တို့ကတော့ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်းတော၊ ဘင်္ဂလားဒေ့ရှ်တို့မှာ နေထိုင်ကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်မှာဆိုရင်တော့ စစ်တကောင်း တောင်ကြောမှာ နေကြပါတယ်။ အိန္ဒိယနိုင်ငံ ဘက်မှာတော့ အနောက်ဘင်္ဂေါခရိုင်ထဲမှာ နေထိုင်ကြပါတယ်။
လူဦးရေ – ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်မှာ မြိုလူမျိုး ၃၃၉၀ ရှိတယ်လို့ မှတ်တမ်းတင်ထားပေမယ့် တကယ့်လက်တွေ့မှာတော့ မြို ၁ သောင်း ၄ ထောင်လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယနေ့ခေတ်မှာတော့ မြိုလူဦးရေဟာ မြန်မာပြည်မှာ ၄ သောင်းခန့်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ၂ သောင်းခွဲခန့်၊ အိန္ဒိယဘက်မှာ ၂ သောင်းခန့် ရှိတယ်လို့ သိရပါတယ်။
ဘာသာစကား – မြိုလူမျိုးတွေ ပြောဆိုတဲ့စကားကို တိဘက်တို-ဘာမန် အမျိုးအစားအဖြစ် သတ်မှတ်ပါတယ်။ မြိုဘာသာစကားဟာ ပျောက်ကွယ်တော့မယ့် အန္တရာယ်ကြုံနေတဲ့ ဘာသာစကားတခုအဖြစ် ယူနက်စကို (UNESCO) က ၂၀၁၀ ဇွန်လမှာ သတ်မှတ်ခဲ့ပါတယ်။
စာပေ၊ ယဉ်ကျေးမှု – အရေးအဖတ်အတွက် လက်တင်စကားလုံး အသုံးပြု တီထွင်ထားတာ ရှိပါတယ်။
ကိုးကွယ်သည့် ဘာသာ – မြိုလူမျိုးတွေဟာ ပျံ့နှံ့တဲ့ ဒေသနဲ့ ကွဲပြားတဲ့ လူမျိုးစုအလိုက် နတ်ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ ခရစ်ယာန် ဘာသာ ကိုးကွယ်သူအဖြစ် အမျိုးမျိုး ရှိပါတယ်။
စီးပွားရေး – မြိုအများစုဟာ တောင်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကြပါတယ်။ တောင်စောင်းတွေမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း အပင်တွေကို ခုတ်လှဲပါတယ်။ မတ်လမှာတော့ ခုတ်လှဲထားတာတွေ မီရှို့ပြီးတော့ ဧပြီလလောက်မှာ တောင်ယာလုပ်ငန်းခွင် စတင်ပါတယ်။
ကိုးကား
-Races of Burma – Major C. M. Enriquez (မြန်မာပြန်)
-joshuaproject.net
-တိုင်းရင်းသား လူမျိုးများ အဘိဓာန် – မောင်ပုဆိုးကြမ်း
-မြို (ခေါ်) ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း – ဒေါက်တာ ကျော်သိန်း (မြောက်ဦး)
-Races of Burma – Major C. M. Enriquez (မြန်မာပြန်)
-joshuaproject.net
-တိုင်းရင်းသား လူမျိုးများ အဘိဓာန် – မောင်ပုဆိုးကြမ်း
-မြို (ခေါ်) ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း – ဒေါက်တာ ကျော်သိန်း (မြောက်ဦး)
Subscribe to:
Posts (Atom)