ကလေးနဲ့ အယူအဆ အမှားများ
ကလေးခေါင်းတုံးရိတ်ခြင်း
ကလေးငယ်ရဲ့ ဦးရေပြားဟာ နုနယ်ပါတယ် ထိမိရှမိရင်တောင် ပိုးဝင်လွယ်ပါတယ် ပိုးဝင်ရင် ဘာဖြစ်တတ်လဲဆိုတော့....
သေတတ်ပါတယ်
မိမိရင်သွေးကို မသတ်မိပါစေနဲ့ ...
ခေါင်းတုံးရိတ်ခြင်းကြောင့် ဆံပင်ပိုသန်မလာပါ ဆံသားနုလေးများကြမ်းသွားတာပဲရှိပါတယ် ကလေးငယ်ဟာ မိဘ မျိုးရိုးပေါ်မူတည်ပြီးဆံပင်ပါးတတ်ကြပါတယ် ကြီးလာတာနဲ့အမျှ ဆံသားကြမ်းလာပြီးသန်လာမှာပါ မွေးဆံပင်မထားကောင်းဆိုတဲ့အယူကြောင့်ရိတ်ချင်ရင်လဲ ကလေး ၆လမှရိတ်သင့်ပါတယ် ပူတဲ့ရာသီဆိုရင် ၄ လမှာရိတ်ပါ ဆံပင်ထူတဲ့ကလေးတွေက ခေါင်းချွေးထွက်ပြီး အအေးမိလွယ်ကြပါတယ် ဆံပင်ရိတ်စက်လေးနဲ့ ပါးပါးလေးဖြစ်အောင်ညှပ်ပေးနိုင်ပါတယ် ကလေးမကြာခဏ နှာပိတ်နေရင်တော့ ၆ လလောက်မှာ ကတုံးရိတ်ပြီး ခေါင်းစွပ် လေးစွပ်ပေးထားရင်သက်သာပါလိမ့်မယ် ငယ်ထိပ်ကိုဆီတမျိုးမျိုး အမြဲလိမ်းပေးသင့်ပါတယ် ခေါင်းထဲမိတ်ထွက်နေရင်တော့ မိတ်ပျောက်မှ ကတုံးရိတ်ပါ မိတ်ဖုလေးတွေပြတ်ရှရင် ပိုးဝင်တတ်ပါတယ်
သနပ်ခါးနဲ့ကလေး
မြန်မာ့သနပ်ခါးဟာ နာမည်ကျော်ပါတယ် လိမ်းထားရင်မွှေးတယ် အေးတယ် အသားလှတယ်
သို့သော် ကလေးတို့အတွက်ကတော့ တစ်နှစ်လောက်မှစလိမ်းသင့်ပါတယ် ကလေးရဲ့အရေပြားပေါ်က မွှေးညှင်းလေးတွေ ပျက်စီးတတ်လို့ပါ မျက်စိထဲဝင်မှာလဲစိုးရပါတယ် ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုလဲ သန့်ရှင်းစွာထားသင့်ပါတယ် အမေနို့ပဲစို့ဖို့သေချာမှာတတ်တဲ့ ၆ လအောက်ကလေးတွေကို သနပ်ခါးလုံးဝ မခွံ့ပါနဲ့
လေဆေးနဲ့ကလေး
ကလေးနဲ့လေဆေးဟာ ခွဲမရအောင်တွဲနေတတ်ပါတယ် မေမေတို့သိထားသင့်တာက လေဆေးဟာ ရေရှည်စွဲမတိုက်သင့်ပါဘူး ကလေးအစာမကြေဘူးထင်တဲ့အခါမှသာတိုက်သင့်ပါတယ် တချို့က ၂နှစ်လောက်ထိနေ့တိုင်းတိုက်နေလို့ပြောတာပါ ထိုင်တတ်တဲ့အရွယ်က စပြီး အမြဲတိုက်ဖို့မလိုတော့ပါဘူး သားသားကို ၇လလောက်ထိပဲတိုက်ခဲ့ပါတယ် နောက်ပိုင်းမတိုက်တော့ပါဘူး အစာမကြေဘူး ထင်မှတိုက်ပါတယ် ၇လထိတောင် ပုံမှန်မတိုက်ပါဘူး
ကလေးနဲ့အားဆေး
ဒီနိုင်ငံက ကလေးတွေကတော့ အားဆေးတိုက်ဖို့ လိုအပ်တယ်ထင်ပါတယ် အမေကလဲ အစားရှောင် ကလေးကလဲ အာဟာရမပြည့်ဆိုရင် ပိုဆိုးသွားမှာစိုးလို့ပါ အာဟာရပြည့်ဝစုံလင်စွာ စားနေရင် အားဆေးမလိုအပ်ပါဘူး အစာမစားမှတိုက်ပါ အစာစားချင်စိတ်ဖြစ်စေတဲ့ cyproတွေနဲ့စတဲ့ အားဆေးမှန်သမျှကတော့ ကလေးကို မတိုက်သင့်ပါ အစာစားချင်စိတ်ဖြစ်လာအောင် ဦးနှောက်ကို လှူံ့ဆော်နေလို့ ပါ မေမေတို့ သိကြတဲ့ လိုင်စင်းဟာလဲ တိကျတဲ့ရလဒ်အဖြေမရှိပါ ကလေးကို အားဆေးတိုက်ချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ ကလေး တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်မတူကြပါဘူး မေမေအချင်းချင်းမေးပြီး ဆေးမတိုက်ကြပါနဲ့ အိမ်နားက အဒေါ်ကြီးလဲ မမေးကြပါနဲ့ အားဆေးတိုက်မယ်ဆိုရင် ကလေးဆရာဝန်ကသာ အသိဆုံးပါ
ကလေးနဲ့လိမ်းဆေးများ
ဒါကိုတော့ မေမေတိုင်းနီးပါးလိမ်းကြပါလိမ့်မယ် ရင်လူးဆေးအမျိုးမျိုးပေါ့ တခုသတိထားစရာက ကလေးရဲ့ အရေပြားက သိပ်နုပါတယ် ဆေးများသွားရင် အရေပြားလောင်တတ်ပါတယ် သားသားဆို မုန်ညင်းဆီတောင် လိမ်းမရပါဘူး ထက်လင်းနဲ့ဆရာခိုဆို တခါမှ မလိမ်းပါဘူး အရေပြားနုလို့ပါ ဒါ့အပြင် allergyရှိတဲ့ မေမေရဲ့ကလေးဆို ပိုသတိထားရပါတယ် ဒီဆေးတွေမကောင်းဘူးလို့မပြောပါဘူး အများကြီးမလိမ်းသင့်ကြောင်းနဲ့ မတည့်သောကလေးများရှိကြောင်း သိစေချင်ပါတယ် မိမိကလေးနဲ့တည့်ရင်တောင် တခြားကလေးတည့်ချင်မှတည့်ပါလိမ့်မယ်
ကလေးနဲ့ဖြည့်စွက်စာ
ကလေး၆လထိ မိခင်နို့တမျိုးတည်းသာ တိုက်သင့်ကြောင်း ကမ္ဘ္ဘာအရပ်ရပ်မှာ ခုနောက်ဆုံးလက်ခံထားကြပါတယ် မိခင်နို့ကလွဲပြီး ဘာမှ မကျွေးရ မတိုက်ရ
ဘာဆေးမှုန့်မှ မခွံ့ရပါ သူငယ်နာအမည်တပ်ပြီး ဆေးခွံ့ချင်သော လူကြီးများကို ကလေးတို့ဖွံ့ဖြိုးမှုလေးတွေဖြစ်ကြောင်း နားလည်အောင်ပြောပြပါ စိတ်ပူရင် ဆေးပညာနားလည်သူများ (တိုင်းရင်းဆေး အင်္ဂလိပ်ဆေး) နဲ့တိုင်ပင်ပါ ရမ်းမကုပါနဲ့ ကလေးဆိုတာ အစမ်းသပ်ခံမဟုတ်ပါ
အဆိုးဆုံးက ကလေးဝမ်းပျက်ရင်မှောက်ချင်လို့ လေးဘက်သွားချင်လို့ မတ်တပ်စမ်းချင်လို့ဆိုပြီး ပြောကြခြင်းပါပဲ လုံးဝ မဟုတ်ပါ ကျွန်မသားသားတခါမှ ဝမ်းမပျက်ခဲ့ပါဘူး ဝမ်းပျက်ရင် ဆေးခန်းပြပါ တကြံတကျပ်တို့ပြောသမျှ မယုံကြပါနဲ့
ကလေးနဲ့ ပေါင်ဒါ
ကလေးကိုပေါင်ဒါလိမ်းပေးချင်ရင် ငယ်တုန်းမသင့်တော်ပါဘူး ပေါင်ဒါမှုန့်တွေဟာ ကလေးရဲ့ ပါးစပ် မျက်လုံး နှာခေါင်းနဲ့ အောက်ပိုင်းအဂါ င်္ တွေကတဆင့် ကိုယ်တွင်းဝင်နိုင်ပါတယ် ကလေးရဲ့ အရေပြားဟာနုနယ်တော့ မတည့်တာများဖြစ်ခဲ့ရင် အနီပိန့်တွေထွက်ကာ ဆေးကုမှပျောက်တဲ့အထိ ဆိုးဝါးတတ်ပါတယ် ဒါ့အပြင် ကလေးပေါင်ဒါမှာတောင် မမြင်နိုင်တဲ့ပိုးမွှားလေးတွေ ကပ်တွယ်ခိုအောင်းနေတတ်ပါတယ် ဒါကြောင့် လိမ်းချင်ရင် ကလေးအသက် ၆ လလောက်မှလိမ်းသင့်ပါတယ် သားသားကိုတော့ လုံးဝမလိမ်းပေးတာ ခုထိပါ
ကလေးကျောပူခေါင်းပူ
ကလေးငယ်လေးတွေဟာ အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်းအားနည်းနေပါသေးတယ် ဒါကြောင့် ခေါင်းပူတာ ကျောပူတာဖြစ်တတ်ပါတယ် ဒါဟာ ဘာမှစိတ်ပူစရာမလိုပါဘူး ကလေးကို အပူအအေးမျှတအောင်ထားပေးရင် အဆင်ပြေပါတယ် အသက် ၆လနောက်ပိုင်းမှ တဖြေးဖြေး သက်သာလာမှာပါ လူကြီးတယာက်က ပူအိုက်တယ်လို့ခံစားရရင် ကလေးငယ်ဟာ ပိုပြီးပူအိုက်နေတတ်ကြောင်းသတိထား
သင့်ပါတယ်
တချို့သောမေမေများ ကလေးကိုလှစေချင်လို့ ဝတ်ပေးတဲ့ အဝတ်အစားကလဲ ကလေးသက်တောင့်သက်သာမရှိပဲ စိတ်အိုက်နေတတ်ပါတယ် ကလေးလေးကို ပွပွချောင်ချောင်အထည်လေးတွေပေးဝတ်တာ ပိုကောင်းပါတယ် ခေါင်းကချွေးထွက်ရင်သုတ်ပေးပါ အအေးမိတတ်ပါတယ် သိပ်ဆံပင်ထူရင် ညှပ်ပေးသင့်ပါတယ် ဗမာဆေးအမှုန့်တွေ ခွံ့ခြင်းကိုတော့ အားမပေးချင်ပါဘူး မေမေစိတ်ပူရင် ကွမ်းရွက်တစ်ရွက်ကို သေချာရေဆေး ရေနွေးမှာ ထည့်ချေကာ အရေလေးကို ချိုးရေ ထဲထည့်ချိုးပေးနိုင်ပါတယ် အဓိက ကတော့ ကလေးကို အပူအအေးမျှတအောင်သာ ဂရုစိုက်ပါ
ကလေးလေးဝမ်းသွားခြင်း
မိခင်နို့တိုက်တဲ့ ကလေးငယ်ဟာ ပုံမှန်ဝမ်းသွားလေ့မရှိပါဘူး တနေ့ထဲ ၆ခါလောက်သွားတတ်သလို တပတ်လောက်ထိလဲ မသွားပဲ နေတတ်ပါတယ် စိတ်ပူစရာမရှိပါ အမေက ရေများများသောက် အသီးအရွက်များများစားပေးပါ ကလေးလန်းနေရင် ဘာမှ လုပ်ပေးစရာမလိုပါဘူး ကွမ်းရိုးတွေ ရင်လူးဆေးတွေလဲ မလိုပါဘူး သိပ်စိတ်ပူရင် ဆရာဝန်သာပြပါ လိုအပ်တဲ့ ဆေးပေးပါလိမ့်မယ် နို့ဘူးကလေးများကတော့ ဝမ်းမာတတ်ပါတယ် ဝမ်းချုပ်တာဟာ နို့မှုန့်နဲ့ရေ အချိုးမမှန်တာ ကြောင့်လဲဖြစ်တတ်ပါတယ် ကလေးကို ရေတိုက်ပေးပါ မေမေနို့စို့တဲ့ကလေးကတော့ ဘာမှမလိုပါဘူး ၆ လအထက်ကလေးဆိုရင်တော့ လိမ္မော်သီးလေးအရည်ညှစ်ပြီး ဆားနည်းနည်းထည့်တိုက်ပေးပါ ဖြည့်စွက်စာ စတင်တာနဲ့ ဝမ်းသွားပုံပြောင်းလာမှာပါ ဖြည့်စွက်စာ စကျွေးပြီဆိုတာနဲ့ ရေများများတိုက်ဖို့ အသီးအရွက်ကျွေးဖို့ ဂရုစိုက်ပါ နဂါးမောက်သီး မုန်လာဥနီ သဘောင်္သီး သရက်သီး ကန်စွန်းရွက်တွေဟာ ဝမ်းပျော့စေပါတယ်
ကလေးနဲ့နို့မှုန့်
လိုရင်းကိုသာ ပြောပါရစေ
မိခင်နို့သာအကောင်းဆုံးပါ ဘာနို့မှုန့်မှ မတိုက်လေ ကောင်းလေပါ မိခင်နို့ မစို့ရရှာသောကလေးများကိုသာ နို့မှုန့်တိုက်ပါ
မိခင်နို့ဟာ ကလေးတို့အတွက်အကောင်းဆုံးပါ
ကလေးလေးရဲ့ နို့နို့
ကလေးလေးတွေရဲ့ နို့သီးခေါင်းလေးမှာ အဖြူစက်လေးရှိနေတတ်ပါတယ် ဒါဟာ ဘာမှ အန္တရာယ်မရှိပါဘူး တချို့က ဒါကို မညှစ်ရင် ကလေးမှာ ရင်သားကင်ဆာဖြစ်လာတတ်တယ်ဆိုတာမျိုး သားသားလေးဆိုလဲ ညှစ်မပေးရင် ရင်သားကြီးနေတတ်တယ်ဆိုတာမျိုး ပြောတတ်ကြပါတယ် ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ် ခပ်ဝဝကလေးလေးရဲ့ နို့သီးခေါင်းလေးတွေဆူနေတာကလဲ ကလေးသဘာဝသာဖြစ်ပြီး ဘာမှလုပ်ပေးစရာမလိုပါ
ဘေးက ရွှေဥာဏ်ရှင်တွေက ဝိုင်းညှစ်ခိုင်းလို့ မေမေတို့က ညှစ်ထုတ်လိုက်ရင်တော့ ပြသနာစပါပြီ ကလေးရဲ့အသားနုနုလေးဟာ ညှစ်ကြတဲ့ လက်ကပိုးတွေကြောင့် ယောင်လာတတ်ပါတယ် ယောင်နေတဲ့အခါမှာ ဆေးတိုက်ဖို့ငယ်သေးတဲ့ကလေးကို ဆေးထိုးဖို့လိုလာပါပြီ ဆေးထိုးရုံနဲ့သက်သာလာရင် အတော်ကံကောင်းတာလို့ပြောနိုင်ပေမယ့် တချို့သော ကလေးများမှာတော့ ပြည်တည်တာမျိုးထိ ဖြစ်လာတတ်ပါတယ် ပြည်တည်လာပြီဆိုရင်တော့ မေ့ဆေးပေးကာ ခွဲထုတ်ရမှာပါ သူ့နဂိုက ဒီတိုင်းလေးထားလိုက်ရင် ဘာပြသနာမှမပေးပဲ အလိုလို ပျောက်သွားမယ့် ကိစ္စလေးတခုကို ဘေးစကားနားယောင်တာနဲ့ အပ်နဲ့ထွင်းရမယ့်အစား ပုဆိန်နဲ့ပေါက်ရတာတွေဖြစ်လာတတ်ပါတယ် ဒီတော့  ကလေးရဲ့ နို့နို့ကို ဘာဆိုဘာမှ သွားမထိကြဖို့ပြောပါရစေ ကလေးတခုခုဖြစ်လာခဲ့ရင် ဝိုင်းမြှောက်ပေးကြတဲ့ ဘေးက ဂျီးဒေါ်တွေ ကလေး ၅ယောက်အမေအဒေါ်ကြီးတွေ ဘာမှ မခံစားရပဲ ကလေးနဲ့ ကလေးမိဘသာခံစားကြရမှာဖြစ်ပါတယ်
မိဘရဲ့ ကျန်းမာရေးအသိကြောင့် ကလေးမှာ အဆိုးရော အကောင်းပါဖြစ်လာတတ်တာမို့ မိဘအားလုံး စာများများဖတ်ကြဖို့သာ တိုက်တွန်းချင်မိပါတယ် ငါတို့လဲ ညှစ်ထုတ်လာတာဘာမှမဖြစ်ပေါင်ဆိုတဲ့ အဒေါ်ကြီးများကို ပိုးဝင်လို့ ဆေးရုံပေါ်မှာ ဆေးသွင်းနေရတဲ့ကလေးလေးကိုပြချင်မိပါတယ်
ကလေးနဲ့ သန်ချဆေး
ကလေးသန်ချဖို့ဆိုတာ မေမေတွေသိချင်ကြတဲ့ ကိစ္စတခုပါပဲ ကလေးမှာ သန်ရှိနေရင် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သန်ချလို့ရပါတယ် ဆရာဝန်က စမ်းသပ်ကာ သန်အနေအထားကြည့်ပြီး လိုအပ်ရင် ဝမ်းစစ်ကာ သန်ချဆေးတိုက်ပါလိမ့်မယ် အသက် ၂နှစ်ထိ သန်မချရသေးရင်တော့ ၂နှစ်အရွယ်ကစလို့ ၆လ တခါ သန်ချရပါလိမ့်မယ် သန်ချချိန်မှာ မိသားစုအားလုံး တအိမ်လုံး တရက်တည်း သန်ချဆေးသောက်ရင်ပိုကောင်းပါတယ် သန်ချဆေးကို ညအိပ်ကာနီး အစာနဲ့ တနာရီလောက်ခြားကာ သောက်သင့်ပါတယ် မနက်မှာတော့့အိပ်ယာခင်း စောင် ခြင်ထောင်တွေကို ရေနွေးဆူဆူနဲ့ပြုတ်ကာလျှော်သင့်ပါတယ် ကလေးကိုတော့ ဆရာဝန်က သင့်တော်တဲ့အကြိမ်အရေအတွက်နဲ့ ဆေးတိုက်ပါလိမ့်မယ် လူကြီးရော ကလေးပါ ပုံမှန် ၆လတခါ သန်ချသင့်ပါတယ် သန်ချဆေးဟာ ကလေးရဲ့ အူကစုပ်ယူတာမဟုတ်ပဲ သန်ဆီကိုသာတန်းရောက်တာမို့ ပူတဲ့အချိန်မှာသန်ချလို့လဲရပါတယ်
ကိုယ်ဝန်ဆောင်မိခင်လောင်းကတော့ သန်ချဆေးမသောက်သင့်ပါဘူး
*ကလေးတို့ အယူအဆအမှားတွေမှ ကင်းဝေးကြပါစေ*
credit-မေမေ
်
Pages
Monday, May 15, 2017
Wednesday, April 26, 2017
facebook သုံးရင်းနဲ့စခဲ့တဲ့ဇာတ်လမ်းလေးပါ ကျောက်မဲမြို့နဲ့မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေးအမေတစ်ယောက်က facebook သုံးပါတယ် သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာမကြာသေးပါဘူး သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် တစ်ယောက်ကိုတစ်ယောက်မမြင်ဘူးကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ကောင်လေးကအထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့်နိုင်ငံခြားကလာတဲ့လက်ဆောင်တွေအမြဲပို့ပေးပါတယ် ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူးဆိုတဲ့အကြောင်းလောက်သာကောင်မလေးကသိထားတာပါ တစ်ခြားဘာအကြောင်းမှ ဂဃနဏသိထားတာမဟုတ်ပါဘူး အမှန်တကယ်ကကောင်လေးကမိန်းမနှစ်ယောက်တောင်ယူထားတာလို့နောက်ပိုင်းမှသိရပါတယ် ဒီလိုနဲ့တစ်နေ့တော့ကောင်လေးကကောင်မလေးဆီကို စင်္ကာပူကသူလုပ်တဲ့ကုမ္မဏီကခွင့် ၁၀ ရက်ရလို့မြန်မာပြည်ပြန်လာတုန်းကောင်မလေးနဲ့တွေ့ဘူးချင်လို့ မန္တလေးမှာဆုံကြဖို့ချိန်းလိုက်ပါတယ် အဲဒီမှာကောင်မလေးလည်းတွေ့ဖို့မန္တလေးကိုဆင်းသွားပါတယ် အစီအစဉ်ကတော့မန္တလေးမှာတွေ့ပြီးနေ့ခြင်းပြန်ဖို့စီစဉ်ပြီးသွားခဲ့တာပါ မန္တလေးရောက်တဲ့ကောင်လေးကညအိပ်ပြီးမှပြန်ဖို့ သူမြန်မာပြည်ကိုခဏလေးဘဲပြန်လာရတုန်းတွေ့ချင်တဲ့အကြောင်းတွေပြောပြီးတားတယ် နောက်သူတို့နှစ်ယောက်စားသောက်စကားပြောနေကြတုန်း ကောင်လေးကအကြံအစည်နဲ့ကောင်မလေးသောက်တဲ့အထဲမှာဆေးခတ်လိုက်ပါတယ် နောက်တော့ကောင်မလေးလည်းမပြန်နိုင်တော့ဘူးဆိုမှကြိုတင်ငှားထားတဲ့ဟိုတယ်ကိုခေါ်သွားပါတော့တယ် ဒီလိုနဲ့ဟိုတယ်မှကောင်လေးနဲ့ကောင်မလေးတို့နှစ်ညအတူတည်းပြီးမှကောင်မလေးက မန္တလေးကပြန်လာပါတယ် မန္တလေးမှာနေစဉ်ကောင်လေးကခရီးထွက်နေရလို့လမ်းစရိတ်ပြတ်သွားတဲ့အကြောင်း စင်္ကာပူကပါလာတဲ့ငွေတွေကလည်းသူ့အဒေါ်ဆီမှာထားခဲ့တဲ့အကြောင်းပြောပြပြီး တည်းခိုခန်းခရှင်းတာကအစကောင်မလေးကစိုက်ရှင်းပေးခိုက်ရတဲ့အပြင် လမ်းစရိတ်အတွက်ပါငွေချေးပေးလိုက်ရပါတယ် ကောင်လေးကရန်ကုန်ပြန်ရောက်တာနဲ့ယူသွားတဲ့ငွေတွေကို သူ့အဒေါ်ဆီကတောင်းပြီးပြန်လွဲပေးလိုက်မဲ့အကြောင်းပြောသွားခဲ့တယ် ဒီလိုနဲ့ကောင်မလေးကျောက်မဲပြန်ရောက်ပြီ ၂ လကျော်ကြာတော့မှလက်ဆောင်ပစ္စည်းဆိုပို့လာပြီး လက်ဆောင်နဲ့အတူ video ခွေတစ်ခွေထည့်ပေးလာပါတယ် အဲဒီ video ခွေကတော့တစ်ခြားခွေမဟုတ်ပါဘူး ကောင်လေးနဲ့ကောင်မလေးဟိုတယ်မှာအတူအိပ်ခဲ့စဉ်က spy camera နဲ့ခိုးရိုက်ထားတဲ့ခွေပါ ကောင်လေးကအဲဒီခွေကို အင်တာနက်ပေါ်တင်မဲ့အကြောင်း မတင်စေချင်ရင်တော့သူ့ဆီကိုငွေ ၂၅ သိန်းပို့ပေးရမယ်လို့ဆိုလာပါတယ် အဲဒီမှာကောင်မလေးလည်းမကြံတတ်အောင်ဖြစ်သွားပါတယ် အကယ်၍များကောင်လေးပြောသလိုတင်လိုက်ရင် သူ့မိဘမောင်ဘွားညီအကိုနဲ့ဆွေမျိုးသားချင်းတွေ သိက္ခာကျတော့မှာဆိုပြီး ကောင်လေးတောင်းတဲ့ငွေ ၂၅ သိန်းကိုပို့ပေးလိုက်ရပါတော့တယ် ကောင်မလေးဘက်ကလည်း ပို့ပေးနိုင်တဲ့အခြေအနေဆိုပေမဲ့ ဒီငွေကိုစုပြီးမှပို့ပေးခဲ့ရတာပါ အခုတော့အဲဒီကောင်မလေးလည်း အင်တာနက်ဆိုတာသုံးရမှာကိုကြောက်သွားခဲ့ပြီး သုံးကိုမသုံးရဲတော့ပါဘူး ဒီတော့မိန်းခလေးတွေအနေနဲ့ facebook ဖြစ်ဖြစ် အခြားအင်တာနက်နဲ့ဆိုင်တာတစ်ခုခုကိုသုံးတော့မယ်ဆိုရင် လိုင်းပေါ်မှာတွေ့တဲ့သူတိုင်းကို အလွယ်တကူမယုံလိုက်ကြပါနဲ့ ဘယ်နေရာမှာတွေ့ချင်တယ်ဆိုတိုင်းအဖေါ်မပါဘဲမသွားကြပါနဲ့ ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလည်း လိုင်းပေါ်မှာအများကြီးရှိပါတယ် သတိထားကြပါ ဒီ post လေးကို ပညာပေးရင်းရေးသားပေးလိုက်တာပါ ဒီဇာတ်လမ်းလေးကို ကောင်မလေးနဲ့ရင်းနှီးတဲ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပြန်ပြောပြပြီး ကျွန်တော့်ကိုရေးပြီး facebook မှာတင်ပေးဖို့ပြောလာတာကြောင့် အားလုံးလည်းသတိထားနိုင်အောင်ရေးသားပေးလိုက်တာပါ အရာရာကိုသတိထားကြပါလို့ပြောချင်ပါတယ်
စေတနာမေတ္တာမွန်ဖြင့်
#မူရင်းရေးသားသူအား creditပေးပါသည်
စေတနာမေတ္တာမွန်ဖြင့်
#မူရင်းရေးသားသူအား creditပေးပါသည်
Subscribe to:
Posts (Atom)