ယခုအချိန်ကာလနှင့်နောက်ဆုံးသောကာလအကြောင်း၊လေ့လာခြင်း - Murann
ပထမဆုံး၃ကျမ်း (မဿဲ၊ မာကု၊ လုကာ)တွင် ရှင်မာကုသည် ဦးစာရေးသားခဲ့သော်လည်း ဓမ္မသစ်တွင် ဒုတိယနေရာသို့ စီစဉ်နေရာချထားပြီး၊ ဂျူးလူမျိုးများအတွက် ရည်ရွယ်ရေးထားသော ရှင်မဿဲကို ပထမနေရာတွင် နေရာချထားခံရသည်။ တပါးအမျိုးသားများ (ဂရိလူမျိုးများ)အတွက် ရည်ရွယ်ရေးထားသော ရှင်လုကာကို တတိယနေရာတွင် နေရာချထားသည်။ ၃ကျမ်းစလုံးအနှစ်ချုပ်အဖြစ် ရှင်ယောဟန်ကို စတ္တုထ နောက်ဆုံးခရစ်ဝင်ကျမ်းအဖြစ် နေရာချထားပါသည်။
ခရစ်ဝင်ကျမ်းစာ၎ခုစလုံးသည် နှုတ်ကပတ်တော်များဖြစ်သောကြောင့် အားလုံးသည်၊ သူ့နည်းသူဟန်ဖြင့် ဝိညာဉ်ရေးရာပြည့်ဝစေပါသည်။
ပထမဆုံးကျမ်း၃ကျမ်းတွင် ပါဝင်ရေးသားချက်များ ဆက်သွယ်မှုကို ကျမ်းပညာရှင်များက အောက်ပါအတိုင်း Synoptic Gospels အဖြစ်ဖေါ်ပြထားခြင်းကို ဗဟုသုတအဖြစ် လေ့လာနိုင်ပါသည်။

သေခြင်းနှင့်ချီဆောင်ခြင်း ခံယူချက်၂ခု
ချီဆောင်ခြင်း Rapture ကို ကျမ်းစာတွင် ၁သက်၎း၁၃-၁၇ အသင်းတော်ချီဆောင်ခြင်းအဖြစ် တွေ့နိုင်သည်။ ချီဆောင်ခြင်းကို ၁၈ရာစုတွင် စတင်နိုးကြား၊အလေးထားလာခဲ့ပြီး၊ ၁၉ရာစု အစ္စရေး (ဂျူး) နိုင်ငံပြန်လည်ပေါ်ထွန်းလာပြီးနောက် ချီဆောင်ခြင်းခံရပြီး၊ ကောင်းကင်ဘုံရောက်မည်ဟု ယုံကြည်ချက်ဖြင့် အသက်ရှင်သော ခရစ်ယာန်များစွာ ပေါ်ပေါက်လာသည်။ သမရိုးကျ သေခြင်းတံခါးကိုဖြတ်ကျော်ပြီးမှ ကောင်းကင်နိုင်ငံတော်ရောက်မည် ခံယူသူများသည် မူလခရစ်ယာန်များဖြစ်သည်။ ထို၂အုပ်စု ကွဲပြားနေသော်လည်း ကောင်းကင်ရောက်မည်ဟု ယုံကြည်ခြင်းမှာ အတူတူဖြစ်သဖြင့် ယုံကြည်သူအချင်းချင်းငြင်းခုန်မနေသင့်ပါ။ အများစုသော (လူဦးရေအများဆုံး) ခရစ်ယန်များမှာ ချီဆောင်ခြင်း၊ သေခြင်း တို့ကို ရှင်းလင်းစွာနားလည်ရန်လည်းမကြိုးစား၊ လေ့လာချိန်လည်းမရှိသော ရိုးရိုးလေးယုံကြည်သူ ခရစ်ယန်များဖြစ်သည်။ အကောင်းဆုံးမှာ ရိုးရိုးလေးယုံကြည်ခြင်းဖြစ်ပါသည်။ ဆန်းဆန်းပြားပြား ဥာဏ်ကွန်မြူးပြီး တွေးခေါ်ယုံကြည်သူများသည် ကျမ်းပြုစုသူများ၊ တရားဟောဆရာများ ဖြစ်လာလေ့ရှိပါသည်။

ဗျာဒိတ်ကျမ်း (နောက်ဆုံးပိတ်ကျမ်းစာ)
နောက်ဆုံးသောကာလအကြောင်း နမိတ်လက္ခဏာ၊ ဗျာဒိတ်တော်များကို ဗျာဒိတ်ကျမ်းတွင် လေ့လာနိုင်ပါသည်။ ဓမ္မဟောင်းတွင် ဒံယေလကျမ်း၊ ဓမ္မသစ်တွင် ဗျာဒိတ်ကျမ်း ထို၂ကျမ်းတို့သည် နိမိတ်လက္ခဏာ၊ အံ့ကြဖွယ်များပါရှိသဖြင့် သာမန်လေ့လာသူများအတွက် နားလည်နိုင်ရန် ခက်ခဲပါသည်။ မုရန်တွင်လည်း အောက်ပါဆောင်းပါးနှင့်ကျမ်းစာလေ့လာခြင်းများကို ဖေါ်ပြခဲ့ပါသည်။ (Click to read)PANORAMA ရုပ်ပြ - ကျမ်းစာလေ့လာခြင်း ဦးစံမြင့်ထံမှရရှိသည်။
ချီဆောင်ခြင်း/Rapture - နာဂကျော်နိုင်ပြည်ပရောက်သင်းအုပ်ဆရာ (၉) - မြင်းလေးစီးနဲ့ဘေးဒဏ်ကြီးကာလ Rev. Latt Yishey
သင်ခန်းစာ အမှတ် (၃၂) နောက်ဆုံးသောကာလ (Bible Study)နောက်ဆုံးသောကာလနှင့် ယေရုဆလင်ဗိမာန်တော်
သင်ခန်းစာ (၃၄) အသင်းတော်အားချီဆောင်ခြင်း THE RAPTURE OF THE CHURCH (Bible Study - ဆရာအောင်နိုင်)ဘုရားသခင်၏ စီမံခန့်ခွဲတော်မူချက်များ မန်းဆည်းဆုံ (KL, Malaysia)
East Bible School မှ ဆရာစောစံအောင် (Rev) ကလည်း ခေတ်ကာလများနှင့်နောက်ဆုံးသောကလ ရုပ်ပုံချပ်ကားတစ်ခုဖြင့် ကျမ်းစာသင်တန်းပို့ချခဲ့သည်။ ဆန်ဟိုစေးအသင်းတော်မှ ဗျာဒိတ်ကျမ်းစပယ်ရှယ်ပို့ချမှုများလည်း ကျမ်းစာလေ့လာခဲ့ဖူးပါသည်။ မလေးရှားမှ ဆရာမန်းစည်းဆုံ နောက်ဆုံးကာလ ကားချပ်ကြီးကိုလည်း မုရန်တွင်ဖေါ်ပြခဲ့သည်။ ဗျာဒိတ်ကျမ်းဆရာမ ဒေါ်မြင့်မြင့်ဟန် (ကွယ်လွန်)မှ၊ ဆက်လက်လေ့လာပို့ချပေးသူ ဗျာဒိတ်ဆရာကျော်နိုင် ပို့ချချက်၊ ယခုအခါ နောက်ဆုံးကာလနီးလာပြီး အီးယူဟုခေါ်သော ဥရောပဘုံဈေးအဖွဲ့သည် ရှေးခေတ်ဘေဘီလုံးအဆောက်အဦးပုံစံအတိုင်း ဆောက်လုပ်ထားသည်ကိုတွေ့ကြောင်း ပို့ချချက်ကိုနားထောင်ခဲဖူးသည်။ ယခုတဖန် ဆရာကွယ်ဝါး၏ ကားချပ်ကို လေ့လာရပြန်သည်။
သမ္မာကျမ်းစာဖေါ်ပြသောအနာဂါတ်၏အဖြစ်အပျက်များ..ဟုခေါင်းစဉ်တပ်ထားသည်။
မြင်းဖြူ (ငြိမ်းချမ်းရေးကာလ) ဗျာ၆း၁-၂
မြင်းနီ-စစ်ပွဲ ဗျာ၆း၃-၎
မြင်းနက်-ငတ်မွတ်ခြင်း ဗျာ၆း၅-၆
မြင်းမွဲ-သေခြင်း ဗျာ၆း၇-၈
မာတုရဝိညာဉ် ဗျာ၆း၉-၁၀
မြေငလျှင်ကြီး ဗျာ၆း၁၂-၁၄
ကြားကလ ၁၄၄၀၀၀ ဗျာ၇း၎-၈
တိတ်ဆိတ်ခြင်း ဗျာ၈း၁-၅
မိုးသီးမီးသွေး ဗျာ၈း၆-၇
မီးလောင်သားကောင် ဗျာ၈း၈-၉
ဒေါနရွက် ဗျာ၈း၁၀-၁၁
နေလကြယ်ကြတ် ဗျာ၈း၁၂-၁၃
ကျိုင်းကောင် ဗျာ၉း၁၁-၁၂
မြင်းစီးသူရဲကောင်း ဗျာ၉း၁၃-၂၀
ကြားကာလသက်သေခံ(၂)ပါး ဗျာ၁၁း၃-၁၄
မီးသီးကျခြင်း ဗျာ၁၀း၁၅-၁၉
ဒုတိယကြွလာခြင်း ၂သက်၁း၇-၁၀
သံလွင်တောင်၊ သိုး/ဆိတ် ဇခရိ၁၄း၎
အနှစ်၁၀၀၀ ကာလ ဟေရှာ၁၁း၁-၁၀
ကောင်းကင်ဘှုံမှမီးကျ ဗျာ၂၀း၇-၁၀
ပလ္လင်ဖြူတရားစီရင်ခြင်း ဗျာ၂၀း၁၁-၁၅
ကောင်းကင်သစ်မြေကြီးသစ် ဗျာ၂၁၊၂၂၊ ဟေ၆၅း၁၇ အကြောင်းများကို ကားချပ်တစ်ခုတည်းတွင်ဖေါ်ပြထားပါသည်။
Download ကြည့်ရှုနိုင်ပါသည် (Click Here)
နောက်ဆုံးသောကာလကို လေ့လာခြင်း၊ ရိုးရိုးလေ့လာခြင်း၊ ဆန်းပြားစွာလေ့လာခြင်း စသဖြင့် ချီဆောင်ခြင်း၊ အနှစ်တစ်ထောင်ကာလ၊ သေလွန်ပြီးကောင်းကပ်ဘုံ ..စသဖြင့် ကျမ်းစာလေ့လာ၊ပို့ချနေပါသည်။ ရိုးရိုးယုံကြည်သူတစ်ဦး ကိုဝါးဝါးက ဆရာတွေ ပို့ချပေးချိန်တော့ နားထောင်၊ခံယူလိုက်ပါတယ်။ လက်တွေ့ဘဝမှာတော့ အခု ကိုယ်တော်နဲ့အတူ သွားလာနေရတယ်လို့ပဲ ခံစားတယ်။ ကိုးစားတယ်။ အားကိုးတယ်။ ကိုယ်တော်..ကိုယ်တော်...လို့ တမ်းတတယ်။ လက်ရှိအချိန်ကိုပဲ ဘုရားနဲ့အတူသွားလာမယ်ဗျာ...ဒီလိုအချိန်တိုင်းမှာ ဘုရားနဲ့အတူရှိတယ်စဉ်းစားမိတိုင်း၊ သိပ်ဝမ်းမြောက်ပါတယ်၊ ဘုရားမကြိုက်တာတွေလုပ်ရင် ဘုရားကြည့်နေတယ်သတိရတဲ့အခါ သိပ်ကြောက်သွားပြီး၊ မဟုတ်တာတွေမလုပ်ဖြစ်တော့ဘူးပေါ့...လို့ပြောပါတယ်။

No comments:
Post a Comment